၃၁ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။
နိုင်ငံတော်ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ မြောင်းမြမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အရေးယူဖို့ ပြင်ဆင်နေပါပြီ။
ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အိမ်ထောင်စု ၂၇၃ စုအတွက် အစိုးရထောက်ပံ့ငွေ ၅၄ သိန်းကျော်ကို ထုတ်ယူပြီး တိမ်းရှောင်နေတာကြောင့် မြောင်းမြမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က မြောင်းမြမြို့နယ်ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။
အဲဒီလို တိုင်ကြားအပြီး ဇူလိုင်လ ၃၀ ရက်နေ့ မနေ့ကပဲ ဦးတင်မောင်ဝင်းကို ဖမ်းဆီးမိခဲ့ပြီလို့ မြောင်းမြရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူ့ကို စစ်ဆေးတဲ့အခါမှာ နိုင်ငံတော်က ထောက်ပံ့ငွေ ၃ သိန်းပဲ ကျန်တော့တယ် ကျန်တာတွေကို ဓါတ်မြေသြဇာကြွေးဆပ်လိုက်တယ်”လို့ ဝန်ခံထားပါတယ်လို့ မြောင်းမြရဲစခန်းက တာဝန်ရှိ ရဲအရာရှိက ပြောပါတယ်။
လက်ရှိမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှုးဦးတင်မောင်၀င်းကို မြောင်းမြမြို့မရဲစခန်းကနေ(ပ)၆၁၇/၂၀၂၀ရာဇသတ်ကြီး ပုဒ်မ (၄၀၉)နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။