ဧရာဝတီတိုင်းက ဒီချုပ်ကိုယ်စားလှယ်စာရင်း အပြောင်းအလဲရှိနိုင်သည်

၃၀ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

မဲဆန္ဒနယ်အချို့ကို ပြန်လည်စိစစ်ဖို့ရှိနေတာကြောင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းဖို့ ပါတီ CEC က ညွှန်ကြားထားတယ်လို့ ဒီချုပ်ပါတီဝင်တချို့က Delta News Agency ကိုအတည်ပြု ဖြေကြားပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ဒီချုပ်ပါတီရဲ့ တနိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ်အချို့အတွက် ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ‌ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကျွန်တော်ကြားတာ‌တော့ ၂ မြို့နယ်လောက်ပါပဲ ။ တော်တော်များများကတော့ ရှင်းပါတယ် ၊ ဒါပေမယ် သီးသန့်ချန်ထားတဲ့အခါမှာ မကောင်းမှာစိုးတဲ့အတွက်ထင်ပါတယ် ၊ ကျန်တဲ့မြို့နယ်တွေကိုလည်း စာရင်းတင်ဖို့ ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားတာ ဖြစ်နိုင်တယ်လို့ လက်ရှိဒီချုပ်အမတ်တစ်ဦးဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အခုလို ဧရာဝတီတိုင်းအတွင်းက ‌သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှာ ကိုယ်စားလှယ်စာရင်း တင်သွင်းတာကို ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားတာနဲ့ပါတ်သက်ပြီး Delta News Agency က ဒီချုပ်ပါတီရဲ့ ဧရာဝတီတိုင်းပါတီဉက္ကဌ ‌ဒေါက်တာမျိုးညွန့်ထံကို ဖုန်းနဲ့ဆက်သွယ်ပြီး အတည်ပြုချက်ရယူဖို့ ကြိုးစားသော်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။