ဖေဖော်ဝါရီ၊ ၄
မြစ်ဝကျွန်းပေါ်သားတွေ (ဧရာဝတီတိုင်း) ဇာတိရပ်ထံပြန်ဝင်နေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာ ကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဧရာဝတီတိုင်းဟာ တော်လှန်ရေးအရ ရေခံမြေခံကောင်းတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း တော်လှန်ရေးခေါင်းဆောင်ပိုင်းတွေဟာ မြစ်ဝကျွန်ပေါ်မှာ အခြေပြုခဲ့ဖူးတယ်လို့ သူကလူမူကွန်ရက်စာမျက်နှာကတဆင့်ပြောပါတယ်။
ဒါ့ပြင် နွေဦးတော်လှန်ရေးစတင်တဲ့အခါ ဧရာဝတီတိုင်းသားတွေဟာ အရှေ့ရိုးမ ၊ အနောက်ရိုးမနဲ့ အလယ်ရိုးမ အစရှိတဲ့ဒေသတွေမှာ တိုက်ပွဲဝင်ရောက်ခဲ့ကြတယ်လို့လည်း ဦးရည်မွန်ကပြောပါတယ်။
ဒါ့အပြင်ဧရာဝတီ PDF (အမှတ် ၂၉ ဗျူဟာ) ကလည်း မဟာမိတ်တွေနဲ့အတူ ဧရာဝတီတိုင်းထဲကို ထိုး ဖောက်ဝင်ရောက်နေပြီလို့ ဇန်နဝါရီလ ၂၉ ရက်က ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပတ်စဉ် (၆) အတွက် သင်တန်း သားအသစ်တွေကိုလည်း ခေါ်ယူနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD လွှတ်တော်အမတ်တချို့ကလည်း ဧရာဝတီဒေသခံ တော်လှန်ရေးရဲဘော်တွေဟာ ပြီးခဲ့တဲ့ ကာလတလျှောက်လုံး ဇာတိရပ်ရွာနဲ့ဝေးရာ ဒေသပေါင်းစုံက တော်လှန်ရေးတိုက် ပွဲတွေထဲ ပါဝင်နေခဲ့ကြတာလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဧရာဝတီတိုင်းသူ၊တိုင်းသားတွေဟာ နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး တော်လှန် ရေးကာလတလျှောက်လုံးမှာ နှုတျရေးမကွှယျ၊ခွသေံမကယြျဘဲ အသက်တွေဘဝတွေရင်းနှီးပြီး ကျရာတာဝန်ကို ထမ်းရွက်ခဲ့ကြတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧရာဝတီ PDF အတွက် ရန်ပုံငွေရှာဖွေတဲ့ အစီအစဉ်တခုမှာပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဧရာဝတီ ထိုးစစ်ကို အာရက္ခတပ်တော် AA က ဦးဆောင်နေတာပါ။ ရခိုင်တပြည်နယ်လုံးနီးပါး တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ရခိုင်နဲ့ထိစပ် ဧရာဝတီဒေသတွေအထိစစ်ကောင်စီကိုထိုးစစ်ဆင်နေပါတယ်။
မြေပြန့်ဒေသတွေမှာ ထိုးစစ်တွေပြင်းထန်လာဖို့ရှိနေတဲ့ အခုနှစ် ၂၀၂၅အတွင်း ဧရာဝတီတိုင်းဟာ အရေးကြီး စစ်မျက်နှာတခုဖြစ်လာမယ်လို့လည်း NUG ကဆိုပါတယ်။ စစ်ရေးဗျူဟာအရ အသေးစိတ်တွေတော့ကျွန်တော်အများကြီးမပြောလိုဘူး၊ဒါပေမယ့် ဧရာဝတီရဲ့ လွတ်မြောက်ရေးဟာ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက်အင်မတန်မှအရေးကြီးတယ်လို့လည်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုပါတယ်။