COVID-19 ဖြစ်ပွားမှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ အိန္ဒိယ

၆ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

အိန္ဒိယနိုင်ငံမှာ ရောဂါပိုးရှိသူ စုစုပေါင်း ၇သိန်းနီးပါးရှိလာပြီး COVID-19 ဖြစ်ပွားမှု ကမ္ဘာ့တတိယအများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကျန်းမာရေးဆိုင်ရာနောက်ဆုံးအချက်အလက်တွေက ဖော်ပြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံတွင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ လျော့ကျသွားမယ့် လက္ခဏာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၄နာရီအတွင်း ရောဂါပိုးတွေ့ရှိသူအသစ် ၂သောင်း ၃ထောင် ကျော် ထပ်တိုးလာပြီး တနင်္ဂနွေနေ့ကလည်း တစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိသူအသစ် ၂သောင်းခွဲနီးပါး စံချိန်တင်
မြင့်တက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၆ရက်နေ့မှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ပထမဆုံးလူနာစတင်တွေ့ရှိတဲ့ ဇန်နဝါရီလကတည်းက လူပေါင်း (၂၀,၀၀၀) နီးပါး သေဆုံးခဲ့ပါတယ်။ လက်ရှိမှာအိန္ဒိယဟာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကမ္ဘာပေါ်မှာ COVID-19 ရောဂါအဖြစ်အများဆုံး တတိယမြောက်နိုင်ငံ ဖြစ်လာပါပြီ။

အိန္ဒိယရဲ့ လက်ရှိရောဂါဖြစ်ပွားမှုပမာဏဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံထက် ၈ဆပိုများနေပါတာ တွေ့ရပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19ရောဂါပိုးရှိသူ စုစုပေါင်း ၁၁သန်းကျော်ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၅သိန်း ၃သောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

Ref : indiatoday
Photo Credit : sentinelassam