ပုသိမ်မြို့ဆေးရုံကြီးမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူ

၁၉ ၊ ဇွန်လ ၊ ၂၀၂၀ ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် စိန်ရတု မွေး‌နေ့အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုသိမ်ပြည်သူ့ဆေးရုံကြီး မှာရှိတဲ့ လူနာစောင့်(၃၀၀)ကျော်ကို အဟာရဒါနပြုခဲ့ကြတယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(ဧရာဝတီတိုင်းဒေသကြီး)ကလည်း နွားနို့ဗူး(၉၀၀)၊ ကြက်ဥအလုံး(၉၀၀)လုံးတို့ကိုလည်း လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ(၁၉)ရက်‌နေ့ ဒီနေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာ သံဃာတော်တွေပင့်ဆောင်ပြီး အာရုံဆွမ်းဆပ်ကပ်လှူဒါန်း ခဲ့ပြီး မွေးနေ့ကိတ်ခွဲခဲ့‌​ ကြပါတယ်။