တောင်ပိုင်းဒေသ တလအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၅၀နီးပါး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇ဦး သေဆုံးတယ်လို့ဆို

Photo – တောင်ပိုင်းစစ်ဒေသ

အောက်တိုဘာ၊ ၁၆

ပြီးခဲ့တဲ့ စက်တင်ဘာလ တလတာအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသနယ်မြေတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၅၀ နီးပါးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။

တလတာအတွင်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား စခန်းသိမ်းတိုက်ပွဲ သုံးကြိမ်အပါအဝင် ထိ တွေ့တိုက်ပွဲ ၆၆ကြိမ်၊ သတင်းပေးဒေါက်တိုင်တွေကို တိုက်ခိုက်မှုလေးကြိမ်၊ စစ်ကောင်စီစခန်း၊ စစ်ကြောင်းတွေ ကိုဒရုန်းနဲ့တိုက်ခိုက်မှု ၂၄ကြိမ်အပါအဝင် တခြား တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၁၄၇ဦးသေဆုံးကာ ၉၆ဦးဒဏ်ရာရခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းမိသူ ရှစ်ဦးရှိကာ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ၊ ခဲယမ်းတွေနဲ့ ရိက္ခာကားတစီး၊ ဆန်အိတ်လေးရာကျော်သိမ်းဆည်း ရခဲ့တာရှိသလို တော်လှန်ရေးတပ်တွေဘက်ကလည်း ပျက်စီးဆုံးရှုံးမှုတချို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကတော့ ၁၇ဦးကျဆုံးကာ ၄၈ဦးထိခိုက်ဒဏ်ရာတွေရခဲ့ကြတယ်လို့သိရပါတယ်။ တော် လှန်ရေးတပ်တွေဘက်က ဒရုန်း၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့သလို စစ်ကောင်စီကလည်း ဒရုန်း၊ လက်နက်ကြီး၊လေကြောင်းကတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ပြည်သူ ၁၂ဦးသေဆုံးကာ ၄၂ဦးဒဏ်ရာရပြီး လူဦးရေ သုံးရာနီးပါးဖမ်းဆီးခံရတယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိ တောင်ပိုင်းစစ်ဒေသနယ်မြေတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို အဘက် ဘက်ကထိုးနှက်နေပြီး တန်ပြန်တိုက်စစ်အနေနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မ တော် တောင်ပိုင်းစစ်ဒေသက ဖော်ပြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းစစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နယ်မြေတွေထဲ ပဲခူးတိုင်း ၊ဧရာဝ တီတိုင်း၊ရန်ကုန်၊တနင်္သာရီ၊ကယား(ကရင်နီ)နဲ့ မွန်ပြည်နယ်တို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း အဲ့ဒီဒေသတွေထဲ ရေကြီးနစ်မြှုပ်မှုတွေကြုံခဲ့ရပေမယ့် စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမှုတွေလည်းဆက်ရှိခဲ့သလို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်မှု တွေလည်း ရှိနေခဲ့တာပါ။

စက်တင်ဘာလအတွင်း တောင်ပိုင်းစစ်ဒေသနယ်မြေထဲမှာ တော်လှန်ရေးတပ်တွေက ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ခဲ့သလို ပဲခူးတိုင်းအတွင်းမြို့နယ်တချို့က တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်တွေအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုထားပါ တယ်။

တောင်ပိုင်းစစ်ဒေသထဲက တိုက်ပွဲတွေမှာ NUG ရဲ့မဟာမိတ်တွေဖြစ်တဲ့ KNU(KNLA၊KNDO) ပူးပေါင်းတပ်တွေ LDF၊ကျောင်းသားတပ်မတော် ABSDF၊ မွန်ပြည်သစ်(AD)နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ၊PDF တပ်ရင်းတပ်ဖွဲ့ တွေနဲ့ ပကဖအဖွဲ့တွေ ပါဝင်တိုက်ခိုက်နေကြပါတယ်။