ပူးပါင်း တပ်သိမ်းပိုက်ထားတဲ့ ရဲစခန်းကို စစ်ကောင်စီ ဗုံးကြဲလို့ စစ်သုံ့ပန်းလေးဦးသေ၊ ဆယ်ဦးဒဏ်ရာရတယ်လို့ TNLAပြော

နိုဝင်ဘာ၊ ၂၀

တော်လှန်ရေး ပူးပေါင်းတပ်ကသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီက မနေ့ည ကိုးနာရီ ဝန်းကျင်မှာ ပေါင်ငါးရာဗုံးကြဲချခဲ့တာကြောင့် ရဲစခန်းထဲထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း လေးဦးသေဆုံးကာ ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ TNLA ကဒီကနေ့ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ကြဲချခဲ့တဲ့ ပေါင်ငါးရာဗုံးဟာ ဒိုပင်ရဲစခန်းအပေါ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သုံ့ ပန်းတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီရဲစခန်းကို TNLA နဲ့ MDY-PDF တို့က သိမ်းပိုက်ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့တဲ့ စစ်ကောင်စီ သတင်းပေးတွေနဲ့ စစ်သုံ့ပန်းတွေကို  ထိန်းသိမ်းထားတာလို့လည်းဖော်ပြထားပါတယ်။

ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူတွေထဲ စစ်သုံ့ပန်းနဲ့ စစ်ကောင်စီသတင်းပေး ဘယ်နှဦးစီပါတယ်ဆို တာကိုတော့ အသေးစိတ်ဖော်ပြမထားပါဘူး။

ဒိုင်းပင်ရွာရဲစခန်းဟာ နောင်ချိုမြို့ အနောက်မြောက်ဘက် ပြင်ဦးလွင်-မိုးကုတ်ကားလမ်းပေါ်မှာရှိတာ ဖြစ်ပါ တယ်။အခုဗုံးကြဲတိုက်ခိုက်မှုထုတ်ပြန်ချက်မတိုင်မီက အဲ့ဒီရဲစခန်းကို သိမ်းပိုက်ထားနိုင်ကြောင်း TNLA ကထုတ် ပြန်ထားတာမရှိတာကြောင့် ရဲစခန်းကိုသိမ်းပိုက်ထားတာ ဘယ်လောက်ကြာပြီဆိုတာတော့မသိရပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ DNA က TNLA သတင်းပြန်ကြားရေးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် အောက်တိုဘာ လကုန်ပိုင်းကစလို့ နောင်ချိုမြို့နယ်ထဲမှာ လည်း စစ်ကောင်စီတပ်တွေနဲ့ TNLA၊PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။

ပူးပေါင်းတပ်တွေဟာ မနေ့ကတော့ နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အကျဉ်းဦးစီး စခန်းလေးခုကို တိုက် ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊TNLA နဲ့ MDY-PDF တို့က ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့နယ်ထဲက လွင်ကြီးအကျဉ်းဦးစီးစခန်း၊ကျုအင်းအကျဉ်းဦးစီးစခန်း၊ခိုဟို အကျဉ်းဦးစီးစခန်း၊ကုန်းစံ အကျဉ်းဦးစီးစခန်းတို့ကို TNLA နဲ့ MDY-PDFပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်မျိုးစုံ တရာကျော်နဲ့ခဲယမ်းတွေလည်းရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်တွေအရ အဲ့ဒီအကျဉ်းဦးစီးစခန်းလေးခုကို သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲတွေကနေ MA-11 ရိုင်ဖယ် အလက် ၅၀၊MA-12 ရိုင်ဖယ်-၉ လက်၊MA-5 ပစ္စတို ၁၃လက်၊ Shot gun ပြောင်းချောသေနတ် ၃၂လက်နဲ့ ကျည်အများ အ ပြားအပါအဝင် ခဲယမ်းတွေလည်းရခဲ့တယ်လို့ဆိုပါတယ်။

သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ ကျည်တွေထဲမှာ ၅ဒသမ၅၆ ကျည် ၈၂၀,၀၀ ကျော်လည်း ပါဝင်တယ်လို့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

Photo- TNLA