အွန်လိုင်းကနေ စာသင်ဖို့ မတက်နိုင်တဲ့ အိန္ဒိယကျောင်းသူတစ်ဦး ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်

၄ ၊ ဇွန်လ ၊ ၂၀၂၀။

အိန္ဒိယနိုင်ငံမှာ အွန်လိုင်းကနေ စာသင်ဖို့ စမတ်ဖုန်း မဝယ်နိုင်တဲ့ ဆယ်ကျော်သက်ကျောင်းသူလေး တစ်ဦး ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဇွန်လ ၂ရက်နေ့က ကျောင်းသားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျောင်းသူလေးဟာ အွန်လိုင်းကနေ စာသင်ကြားဖို့ စမတ်ဖုန်း (သို့မဟုတ်) တီဗီ မရှိတာကြောင့် အခုလို သတ်သေခဲ့တယ်လို့ သိရပါတယ်။

လူဦးရေ ၁ ဒဿမ ၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ COVID-19 ကပ်ရောဂါပျံ့ပွားမှုကြောင့် မတ်လ ၂၅ရက်နေ့ကတည်းက လော့ဒေါင်းချ အသွားအလာကန့်သတ်ခဲ့ပြီး နိုင်ငံတစ်လွှားက စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် သန်းချီတဲ့ ကျောင်းသားကလေးငယ်တွေရဲ့ မိသားစုတွေဟာ ကလေးတွေ အွန်လိုင်းကနေ စာသင်ဖို့ စျေးကြီးတဲ့ စက်ပစ္စည်းတွေ ဝယ်မပေးနိုင်ကြပါဘူး။

အဲဒီထဲမှာ နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က နေ့စားအလုပ်သမားတစ်ယောက်ရဲ့ သမီးဖြစ်သူ ဒီဗီကာ ဘာလာခရီရှနာလည်း ပါပါတယ်။ အသက် ၁၄နှစ်အရွယ် ဒီဗီကာကို ဇွန်လ ၁ရက်နေ့က သူ့ရဲ့နေအိမ်အနီးမှာ သေဆုံးလျက် တွေ့ခဲ့ရပြီး ကိုယ်ကိုယ်ကိုယ့် အဆုံးစီရင်ခဲ့ဖွယ်ရှိရတယ်လို့ သိရပါတယ်။

ဒီဗီကာသေဆုံးမှုနဲ့ ပတ်သတ်လို့ ကီရာလာပြည်နယ်က ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ကျေးလက်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေဟာ အွန်လိုင်းကနေ စာလေ့လာဖို့ အလှမ်းဝေးတာကြောင့် ဒီဗီကာရဲ့ သေဆုံးမှုက လော့ဒေါင်းကန့်သတ်ချက်တွေရဲ့ မညီမျှမှုကို မီးမောင်းထိုးပြနေပါတယ်။

အစိုးရရဲ့ လုပ်ဆောင်မှုက ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် စိတ်ဖိစီးမှုနဲ့ ဖိအားတွေဖြစ်ခဲ့တယ်လို့ ကီရာလာကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ “အနာဂတ်မှာ ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ဖို့ဆိုရင် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေလည်း ကွန်ပြူတာသုံးနိုင်ဖို့ အတိုးမဲ့ချေးငွေထုတ်ပေးသင့်တယ်။”လို့ သူက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 ဆိုင်ရာ ကန့်သတ်မှုတွေ စတင်ဖြေလျော့ပေးနေပေမယ့် စာသင်ကျောင်းတွေကတော့ ပြန်မဖွင့်သေးပါဘူး။ ဒါပေမယ့် ကီရာလာပြည်နယ်မှာ ဇွန်လ ၁ရက်နေ့က စာသင်နှစ်စတင်တာကြောင့် ကျောင်းသားဦးရေ လေးသန်းအတွက် အွန်လိုင်းစာသင်ခန်းတွေနဲ့ တီဗီရုပ်သံလိုင်းကတဆင့် သင်ခန်းစာတွေ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် အိန္ဒိယနိုင်ငံမှာ ချမ်းသာတဲ့ကျောင်းသားတွေနဲ့ ဆင်းရဲတဲ့ကျောင်းသားတွေအကြောင်း ကွာဟမှု ပိုကြီးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

ကီရာလာပြည်နယ်ရဲ့ ပညာရေးဝန်ကြီးက ကျောင်းသူလေး ဒီဗီကာသေဆုံးမှုအတွက် ဝမ်းနည်းကြောင်းနဲ့ သေဆုံးမှုကို စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကီရာလာပြည်နယ်ဟာ အိန္ဒိယရဲ့ ချမ်းသာကြွယ်ဝတဲ့ ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ်အတွင်း နေထိုင်သူ ထက်ဝက်ခန့်ဟာလည်း အင်တာနက်သုံးစွဲကြတယ်လို့ The Internet And Mobile Association of India က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာက ဖော်ပြပါတယ်။

(Zawgyi)

အြန္လိုင္းကေန စာသင္ဖို႔ မတက္ႏိုင္တဲ့ အိႏၵိယေက်ာင္းသူတစ္ဦး ကိုယ့္ကိုယ့္ကိုယ္ အဆုံးစီရင္

၃ ၊ ဇြန္လ ၊ ၂၀၂၀။

အိႏၵိယႏိုင္ငံမွာ အြန္လိုင္းကေန စာသင္ဖို႔ စမတ္ဖုန္း မဝယ္ႏိုင္တဲ့ ဆယ္ေက်ာ္သက္ေက်ာင္းသူေလး တစ္ဦး ကိုယ့္ကိုယ့္ကိုယ္ အဆုံးစီရင္ခဲ့ၿပီးေနာက္ အိႏၵိယႏိုင္ငံေတာင္ပိုင္းမွာ ဇြန္လ ၂ရက္ေန႔က ေက်ာင္းသားေတြ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ေက်ာင္းသူေလးဟာ အြန္လိုင္းကေန စာသင္ၾကားဖို႔ စမတ္ဖုန္း (သို႔မဟုတ္) တီဗီ မရွိတာေၾကာင့္ အခုလို သတ္ေသခဲ့တယ္လို႔ သိရပါတယ္။

လူဦးေရ ၁ ဒႆမ ၃ ဘီလီယံေနထိုင္တဲ့ အိႏၵိယႏိုင္ငံမွာ COVID-19 ကပ္ေရာဂါပ်ံ႕ပြားမႈေၾကာင့္ မတ္လ ၂၅ရက္ေန႔ကတည္းက ေလာ့ေဒါင္းခ် အသြားအလာကန္႔သတ္ခဲ့ၿပီး ႏိုင္ငံတစ္လႊားက စာသင္ေက်ာင္းေတြလည္း ပိတ္ထားခဲ့ပါတယ္။ ဒါေပမယ့္ သန္းခ်ီတဲ့ ေက်ာင္းသားကေလးငယ္ေတြရဲ႕ မိသားစုေတြဟာ ကေလးေတြ အြန္လိုင္းကေန စာသင္ဖို႔ ေစ်းႀကီးတဲ့ စက္ပစၥည္းေတြ ဝယ္မေပးႏိုင္ၾကပါဘူး။

အဲဒီထဲမွာ ႏိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္က ေန႔စားအလုပ္သမားတစ္ေယာက္ရဲ႕ သမီးျဖစ္သူ ဒီဗီကာ ဘာလာခရီရွနာလည္း ပါပါတယ္။ အသက္ ၁၄ႏွစ္အ႐ြယ္ ဒီဗီကာကို ဇြန္လ ၁ရက္ေန႔က သူ႔ရဲ႕ေနအိမ္အနီးမွာ ေသဆုံးလ်က္ ေတြ႕ခဲ့ရၿပီး ကိုယ္ကိုယ္ကိုယ့္ အဆုံးစီရင္ခဲ့ဖြယ္ရွိရတယ္လို႔ သိရပါတယ္။

ဒီဗီကာေသဆုံးမႈနဲ႔ ပတ္သတ္လို႔ ကီရာလာျပည္နယ္က ေက်ာင္းသားတက္ႂကြလႈပ္ရွားသူေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

ေက်းလက္ေဒသက ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားေတြဟာ အြန္လိုင္းကေန စာေလ့လာဖို႔ အလွမ္းေဝးတာေၾကာင့္ ဒီဗီကာရဲ႕ ေသဆုံးမႈက ေလာ့ေဒါင္းကန္႔သတ္ခ်က္ေတြရဲ႕ မညီမွ်မႈကို မီးေမာင္းထိုးျပေနပါတယ္။

အစိုးရရဲ႕ လုပ္ေဆာင္မႈက ဆင္းရဲတဲ့ ေက်ာင္းသားေတြအတြက္ စိတ္ဖိစီးမႈနဲ႔ ဖိအားေတြျဖစ္ခဲ့တယ္လို႔ ကီရာလာေက်ာင္းသားသမဂၢေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။ “အနာဂတ္မွာ ဒီလိုျဖစ္ရပ္မ်ိဳးေတြ မျဖစ္ဖို႔ဆိုရင္ ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားေတြလည္း ကြန္ျပဴတာသုံးႏိုင္ဖို႔ အတိုးမဲ့ေခ်းေငြထုတ္ေပးသင့္တယ္။”လို႔ သူက ဆက္ေျပာပါတယ္။

အိႏၵိယႏိုင္ငံမွာ COVID-19 ဆိုင္ရာ ကန္႔သတ္မႈေတြ စတင္ေျဖေလ်ာ့ေပးေနေပမယ့္ စာသင္ေက်ာင္းေတြကေတာ့ ျပန္မဖြင့္ေသးပါဘူး။ ဒါေပမယ့္ ကီရာလာျပည္နယ္မွာ ဇြန္လ ၁ရက္ေန႔က စာသင္ႏွစ္စတင္တာေၾကာင့္ ေက်ာင္းသားဦးေရ ေလးသန္းအတြက္ အြန္လိုင္းစာသင္ခန္းေတြနဲ႔ တီဗီ႐ုပ္သံလိုင္းကတဆင့္ သင္ခန္းစာေတြ စတင္ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။

ကမာၻ႔ကပ္ေရာဂါအေျခအေနေၾကာင့္ အိႏၵိယႏိုင္ငံမွာ ခ်မ္းသာတဲ့ေက်ာင္းသားေတြနဲ႔ ဆင္းရဲတဲ့ေက်ာင္းသားေတြအေၾကာင္း ကြာဟမႈ ပိုႀကီးလာမွာကို စိုးရိမ္မႈေတြ ျမင့္တက္ေနၾကပါတယ္။

ကီရာလာျပည္နယ္ရဲ႕ ပညာေရးဝန္ႀကီးက ေက်ာင္းသူေလး ဒီဗီကာေသဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္းနဲ႔ ေသဆုံးမႈကို စုံစမ္းစစ္ေဆးမႈ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

ကီရာလာျပည္နယ္ဟာ အိႏၵိယရဲ႕ ခ်မ္းသာႂကြယ္ဝတဲ့ ျပည္နယ္တစ္ခု ျဖစ္ၿပီး ျပည္နယ္အတြင္း ေနထိုင္သူ ထက္ဝက္ခန္႔ဟာလည္း အင္တာနက္သုံးစြဲၾကတယ္လို႔ The Internet And Mobile Association of India က ထုတ္ျပန္တဲ့ ၂၀၁၈ ခုႏွစ္ အစီရင္ခံစာက ေဖာ္ျပပါတယ္။

Ref : THOMSON REUTERS FOUNDATION
Photo Credit : Eastern Eye

Topic – #အိန္ဒိယ#ပညာရေး#အွန်လိုင်း#COVID-19