ဧရာဝတီတိုင်းပြင်ပ ကားလိုင်းတွေ ဒီနေ့ကစ ပြေးဆွဲခွင့်ရပြီ

၁ ၊ ဇွန် ၊ ၂၀၂၀။

COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တခြားတိုင်းဒေသကြီးတွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ပိတ်ထားရာကနေ ဒီနေ့မှာပဲ ပြန်လည် ဖွင့်ခွင့်ပေးလိုက်ပြီလို့ တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

“ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ခရီးသွားရင်လိုက်နာရမယ် အချက်တွေ ၁၂ ချက်လောက် ရှိတယ် ၊ အဓိက ထိုင်ခုံ ၂ လုံးကို လူတစ်ယောက်နှုန်း လိုဟာမျိုးကအစ အပေါ်မှာ Mask မဖြစ်မနေတပ်ရမယ်ဆိုတာ မျိုးတွေ ပါပါတယ် ၊ ဂိတ်ကိုရောက်ပြီဆို ပိုးသတ်ဆေးဖြန်းရမှာတွေ စတာ အသေးစိပ်ပါတယ် ၊ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း ဒီနေ့က စပြီး ကျွန်တော်တို့ ခွင့်ပြုလိုက်ပါပြီ” လို့ ဦးဝင်းဌေးက ပြောပါတယ်။

အခုလို ပြန်လည်ပြေးဆွဲခွင့် ပြုရာမှာလည်း စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု ရှိမရှိဆိုတာကို ရှောင်တခင် စစ်ဆေးတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ် ။ အဲဒီလို စစ်ဆေးရာမှာ စည်းကမ်းနဲ့ မညီတာတွေ ရှိမယ်ဆိုရင် ယဉ်လိုင်းကို ပိတ်သိမ်းတဲ့ အထိ အရေးယူသွားမယ်လို့လဲ ဆိုပါတယ်။

COVID-19 ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးကနေ ပြေးဆွဲနေတဲ့ ခရီးသည်ယဉ်လိုင်းတွေကို ယာယီပိတ်သိမ်းခဲ့ပေမယ် ၊ ကုန်တင်ယဉ်တွေနဲ့ ပါတ်သက်ပြီး ကန့်သတ်ထားတာ မရှိခဲ့ပါဘူး။

ခရီးသည်ယဉ်လိုင်းကြီးတွေ ပိတ်သိမ်းခဲ့ပေမယ့် ၊ တက္ကစီ နဲ့သွားလာခွင့်တွေကို ခွင့်ပြုထားခဲ့ပါတယ် ။ ဒီလို သွားလာမှုတွေက ကျန်းမာရေးအရ လုံခြုံမှုအတွက် မေးခွန်းထုတ်ခံရတာတွေ ၊ ငွေကြေးပိုမိုကုန်ကျစားရိတ် များတာတွေ ကြောင့် ဝေဖန်မှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

(Zawgyi)

ဧရာဝတီတိုင္းျပင္ပ ကားလိုင္းေတြ ဒီေန႔ကစ ေျပးဆြဲခြင့္ရၿပီ
၁ ၊ ဇြန္ ၊ ၂၀၂၀။

COVID -19 ေရာဂါ ကူးစက္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တျခားတိုင္းေဒသႀကီးေတြနဲ႔ ေျပးဆြဲေနတဲ့ ယဥ္လိုင္းေတြကို ပိတ္ထားရာကေန ဒီေန႔မွာပဲ ျပန္လည္ ဖြင့္ခြင့္ေပးလိုက္ၿပီလို႔ တိုင္းေဒသႀကီးဝန္ႀကီး ဦးဝင္းေဌးက ေျပာပါတယ္။

“ေကာ္မတီအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ခရီးသြားရင္လိုက္နာရမယ္ အခ်က္ေတြ ၁၂ ခ်က္ေလာက္ ရွိတယ္ ၊ အဓိက ထိုင္ခုံ ၂ လုံးကို လူတစ္ေယာက္ႏႈန္း လိုဟာမ်ိဳးကအစ အေပၚမွာ Mask မျဖစ္မေနတပ္ရမယ္ဆိုတာ မ်ိဳးေတြ ပါပါတယ္ ၊ ဂိတ္ကိုေရာက္ၿပီဆို ပိုးသတ္ေဆးျဖန္းရမွာေတြ စတာ အေသးစိပ္ပါတယ္ ၊က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္ေတြအတိုင္း ဒီေန႔က စၿပီး ကြၽန္ေတာ္တို႔ ခြင့္ျပဳလိုက္ပါၿပီ “လို႔ ဦးဝင္းေဌးက ေျပာပါတယ္။

အခုလို ျပန္လည္ ေျပးဆြဲခြင့္ ျပဳရာမွာလည္း စည္းမ်ဥ္းစည္းကမ္းေတြ လိုက္နာမႈ ရွိမရွိဆိုတာကို ေရွာင္တခင္ စစ္ေဆးတာေတြ လုပ္သြားမယ္လို႔ ဆိုပါတယ္ ။ အဲဒီလို စစ္ေဆးရာမွာ စည္းကမ္းနဲ႔ မညီတာေတြ ရွိမယ္ဆိုရင္ ယဥ္လိုင္းကို ပိတ္သိမ္းတဲ့ အထိ အေရးယူသြားမယ္လို႔လဲ ဆိုပါတယ္။

COVID-19 ကာလအတြင္း ဧရာဝတီတိုင္းေဒသႀကီးကေန ေျပးဆြဲေနတဲ့ ခရီးသည္ယဥ္လိုင္းေတြကို ယာယီပိတ္သိမ္းခဲ့ေပမယ္ ၊ ကုန္တင္ယဥ္ေတြနဲ႔ ပါတ္သက္ၿပီး ကန႔္သတ္ထားတာ မရွိခဲ့ပါဘူး။

ခရီးသည္ယဥ္လိုင္းႀကီးေတြ ပိတ္သိမ္းခဲ့ေပမယ့္ ၊ တကၠစီ နဲ႔သြားလာခြင့္ေတြကို ခြင့္ျပဳထားခဲ့ပါတယ္ ။ ဒီလို သြားလာမႈေတြက က်န္းမာေရးအရ လုံၿခဳံမႈအတြက္ ေမးခြန္းထုတ္ခံရတာေတြ ၊ ေငြေၾကးပိုမိုကုန္က်စားရိတ္ မ်ားတာေတြ ေၾကာင့္ ေဝဖန္မႈေတြလည္း ရွိေနခဲ့တာ ျဖစ္ပါတယ္။

Topic – #ဧရာဝတီတိုင်း#ယာဥ်လိုင်း#COVID-19