ဆေးပညာဆိုင်ရာ နိုဘယ်ဆု အမေရိကန်ပညာရှင်နှစ်ဦး ချီးမြှင့်ခံရ

အောက်တိုဘာ ၊ ၈

အမေရိကန်ပညာရှင်တွေ ဖြစ်ကြတဲ့ Victor Ambros နဲ့ Gary Ruvku တို့ဟာ microRNA လို့ အမည်ရတဲ့ သက်ရှိမျိုးဇီဗနဲ့ ပတ်သတ်ပြီး ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သတ်လို့ ၂၀၂၄ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို ချီးမြင့်ခံရကြောင်း အောက်တိုဘာ ၇ရက်နေ့မှာ နိုင်ငံတကာမီဒီယာတွေက ဖော်ပြကြပါတယ်။

သူတို့နှစ်ဦးရဲ့ ရှာဖေတွေ့ရှိမှုက ဆဲလ်တွေဟာ ကြွက်သားနဲ့ အာရုံကြောဆဲလ်တွေကဲ့သို့ ကွဲပြားတဲ့ အမျိုးအစား အဖြစ် ပြောင်းလဲလာပုံကို ရှင်းပြရမှာ အထောက်အအကူဖြစ်ဲ့ခဲ့တယ်လို့ ဆိုပါတယ်။

မျိုးရိုးဗီဇဆိုင်ရာ ထိန်းညှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ သေးငယ်တဲ့ RNA မော်လီကျူး အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ambros  ဟာ မက်ဆာချူးဆက်ဆေးတက္ကသိုလ်က ပါမေက္ခတဦးတဖြစ်ပြီး Ruvkun ကတော့ ဟားဗက်ဆေးကျောင်းရဲ့ ပါမေက္ခတဦးအဖြစ် တာဝန်ထမ်းဆောင်သလို ဘော်စတွန်မြို့ရှိ မက်ဆာချူးဆက်အထွေထွေဆေးရုံကြီးမှာလည်း လုပ်ကိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ၂၀၂၃ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကိုတော့ ကိုဗစ် 19 ရောဂါ ကာကွယ်ကုသဆေး ထုတ်လုပ်နိုင်အောင် ဦးဆုံး စူးစမ်းရှာဖွေခဲ့သူတွေအဖြစ် အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ သုတေသီနှစ်ဦး ဖြစ်တဲ့ ဇီဝဓာတုပညာရှင် Katalin Karikó နဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုင်ရာ သုတေသီ Drew Weissman တို့ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref : asiaone