အမေရိကန်နိုင်ငံတစ်ဝှန်း ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၃၀၀ကျော် ဖမ်းဆီးခံရ

၃၁၊ မေလ၊ ၂၀၂၀။

အမေရိကန်နိုင်ငံ မင်နီယာပိုလိစ့်မြို့မှာ မေလ ၂၅ရက်နေ့က လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦး ရဲဖမ်းခံရရင်း သေဆုံးခဲ့ဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝှန်းမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပွဲကြမ်းနေပါတယ်။
ကြာသာပတေးနေ့က စပြီး မြို့ပေါင်း ၁၆မြို့မှာ ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၃၀၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
အသက် ၄၆နှစ်အရွယ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဂျော့ဖလွိုက် သေဆုံးမှုကို မကျေနပ်ကြလို့ နယူးယောက်၊ ချီကာဂိုနဲ့ လော့စ်အန်ဂျလိစ့်အပါအဝင် တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေကလည်း ပြင်းထန်နေပါတယ်။

ဆန္ဒပြသူတွေဟာ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ပြီး ရဲကားတွေကိုမီးရှို့ကြခဲ့တဲ့အပြင် မင်နီယာပိုလိစ့်မြို့က ရဲစခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရဲတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားကြပါတယ်။

နယူးယောက်မြို့မှာ ကင်းလှည့်ရဲကားနှစ်စီးက ဆန္ဒပြလူအုပ်ထဲကို ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အပြင် အမေရိကန်ရဲဝန်ထမ်းတွေက ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် ဖြေရှင်းပုံတွေဟာလည်း မှတ်တမ်းရုပ်သံဖိုင်နဲ့တကွ လူမှုမီဒီယာ စာမျက်နှာပေါ်မှာ ပျံ့နှံခဲ့ပါတယ်။

ဒါ့အပြင် အိမ်ဖြူတော်အဆောက်အအုံရှေ့မှာ နှစ်ရက်ဆက်တိုက် တက်ကြွလှုပ်ရှားသူ စုရုံးနေလို့ လုံခြုံရေး တင်းကြပ်ထားပါသေးတယ်။
မေလ ၂၅ရက်နေ့က ဂျော့ဖလွိုက်ဟာ ငွေစက္ကူအတုသုံးတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် လမ်းပေါ်မှာ ဖမ်းခံရချိန်မှာပဲ လမ်းသွားလမ်းလာတစ်ဦးက အဲဒီအခင်းအကျင်းကို ဗီဒီယိုမှတ်တမ်းရယူခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ရဲဝန်ထမ်းတစ်ဦးက ဂျော့ဖလွိုက်ရဲ့ ဇက်ကို သူ့ရဲ့ဒူးနဲ့ ဖိထားပြီး ဂျော့ဖလွိုက်က အသက်ရှုလို့မရဘူးလို့ ထပ်တလဲလဲအော်နေခဲ့ပါတယ်။

ဒူးနဲ့ထောက်ထားတဲ့အချိန် ၈မိနစ်ကျော်ကြာပြီးနောက် ဂျော့ဖလွိုက်ဟာ မလှုပ်မယှက်ဖြစ်သွားပြီး ဆေးရုံရောက်တဲ့အခါမှာတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဂျော့ဖလွိုက်ကို ဒူးနဲ့ဖိထားတဲ့ ရဲဝန်ထမ်းအပြင် နောက်ထပ် ရဲဝန်ထမ်း သုံးယောက်လည်း ရှိနေပြီး လက်ရှိမှာတော့ သူတို့ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ဂျော့ဖလွိုက်ရဲ့ မိသားစုကတော့ ဂျော့ဖလွိုက်သေဆုံးမှုအတွက် တရားမျှတမှုတောင်းဆိုပေးကြတဲ့ ဆန္ဒပြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ တိုက်တွန်းထားပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုက အမေရိကန်နိုင်ငံမှာ ရဲတွေလက်ချက်ကြောင့် လူမည်းတွေသေဆုံးတဲ့ သမိုင်းဖြစ်စဥ်ကို တစ်ကျော့ပြန်ထိုးဆွလိုက်ပြီး အမေရိကန်ရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်နေပြီလို့ အကဲဖြတ်သူတွေက သုံးသပ်ကြပါတယ်။

(Zawgyi)

အေမရိကန္ႏိုင္ငံတစ္ဝွန္း ဆႏၵျပပြဲအတြင္း လူေပါင္း ၁၃၀၀ေက်ာ္ ဖမ္းဆီးခံရ

၃၁၊ ေမလ၊ ၂၀၂၀။

အေမရိကန္ႏိုင္ငံ မင္နီယာပိုလိစ့္ၿမိဳ႕မွာ ေမလ ၂၅ရက္ေန႔က လက္နက္မဲ့ လူမည္းအမ်ိဳးသားတစ္ဦး ရဲဖမ္းခံရရင္း ေသဆုံးခဲ့ျဖစ္ရပ္ေၾကာင့္ ႏိုင္ငံတစ္ဝွန္းၿမိဳ႕ႀကီးေတြမွာ ဆႏၵျပပြဲေတြ ပြဲၾကမ္းေနပါတယ္။
ၾကာသာပေတးေန႔က စၿပီး ၿမိဳ႕ေပါင္း ၁၆ၿမိဳ႕မွာ ႐ုန္းရင္းဆန္ခတ္ ဆႏၵျပပြဲေတြအတြင္း လူေပါင္း ၁၃၀၀ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။
အသက္ ၄၆ႏွစ္အ႐ြယ္ အာဖရိကႏြယ္ဖြား အေမရိကန္ႏိုင္ငံသားေဂ်ာ့ဖလြိဳက္ ေသဆုံးမႈကို မေက်နပ္ၾကလို႔ နယူးေယာက္၊ ခ်ီကာဂိုနဲ႔ ေလာ့စ္အန္ဂ်လိစ့္အပါအဝင္ တျခားၿမိဳ႕ႀကီးေတြမွာ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြအၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြကလည္း ျပင္းထန္ေနပါတယ္။

ဆႏၵျပသူေတြဟာ ရဲေတြကို ခဲေတြနဲ႔ ပစ္ေပါက္ၿပီး ရဲကားေတြကိုမီးရႈိ႕ၾကခဲ့တဲ့အျပင္ မင္နီယာပိုလိစ့္ၿမိဳ႕က ရဲစခန္းတစ္ခုကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့ပါတယ္။ ရဲေတြကလည္း မ်က္ရည္ယိုဓာတ္ေငြ႕ေတြသုံးၿပီး ဆႏၵျပသူေတြကို လူစုခြဲဖို႔ ႀကိဳးစားၾကပါတယ္။

နယူးေယာက္ၿမိဳ႕မွာ ကင္းလွည့္ရဲကားႏွစ္စီးက ဆႏၵျပလူအုပ္ထဲကို ဝင္တိုက္ခဲ့တဲ့ ျဖစ္ရပ္အျပင္ အေမရိကန္ရဲဝန္ထမ္းေတြက ဆႏၵျပသူေတြကို ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္ ေျဖရွင္းပုံေတြဟာလည္း မွတ္တမ္း႐ုပ္သံဖိုင္နဲ႔တကြ လူမႈမီဒီယာ စာမ်က္ႏွာေပၚမွာ ပ်ံ႕ႏွံခဲ့ပါတယ္။

ဒါ့အျပင္ အိမ္ျဖဴေတာ္အေဆာက္အအုံေရွ႕မွာ ႏွစ္ရက္ဆက္တိုက္ တက္ႂကြလႈပ္ရွားသူ စု႐ုံးေနလို႔ လုံၿခဳံေရး တင္းၾကပ္ထားပါေသးတယ္။
ေမလ ၂၅ရက္ေန႔က ေဂ်ာ့ဖလြိဳက္ဟာ ေငြစကၠဴအတုသုံးတယ္ဆိုတဲ့ တိုင္ၾကားခ်က္ေၾကာင့္ လမ္းေပၚမွာ ဖမ္းခံရခ်ိန္မွာပဲ လမ္းသြားလမ္းလာတစ္ဦးက အဲဒီအခင္းအက်င္းကို ဗီဒီယိုမွတ္တမ္းရယူခဲ့ပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာမွာ ျပန္႔ႏွံခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာေတာ့ ရဲဝန္ထမ္းတစ္ဦးက ေဂ်ာ့ဖလြိဳက္ရဲ႕ ဇက္ကို သူ႔ရဲ႕ဒူးနဲ႔ ဖိထားၿပီး ေဂ်ာ့ဖလြိဳက္က အသက္ရႈလို႔မရဘူးလို႔ ထပ္တလဲလဲေအာ္ေနခဲ့ပါတယ္။

ဒူးနဲ႔ေထာက္ထားတဲ့အခ်ိန္ ၈မိနစ္ေက်ာ္ၾကာၿပီးေနာက္ ေဂ်ာ့ဖလြိဳက္ဟာ မလႈပ္မယွက္ျဖစ္သြားၿပီး ေဆး႐ုံေရာက္တဲ့အခါမွာေတာ့ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။
အခင္းျဖစ္တဲ့ေနရာမွာ ေဂ်ာ့ဖလြိဳက္ကို ဒူးနဲ႔ဖိထားတဲ့ ရဲဝန္ထမ္းအျပင္ ေနာက္ထပ္ ရဲဝန္ထမ္း သုံးေယာက္လည္း ရွိေနၿပီး လက္ရွိမွာေတာ့ သူတို႔ကို ရာထူးက ထုတ္ပယ္လိုက္ပါတယ္။
ေဂ်ာ့ဖလြိဳက္ရဲ႕ မိသားစုကေတာ့ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈအတြက္ တရားမွ်တမႈေတာင္းဆိုေပးၾကတဲ့ ဆႏၵျပသူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိဖို႔ တိုက္တြန္းထားပါတယ္။

ေဂ်ာ့ဖလြိဳက္ေသဆုံးမႈက အေမရိကန္ႏိုင္ငံမွာ ရဲေတြလက္ခ်က္ေၾကာင့္ လူမည္းေတြေသဆုံးတဲ့ သမိုင္းျဖစ္စဥ္ကို တစ္ေက်ာ့ျပန္ထိုးဆြလိုက္ၿပီး အေမရိကန္ရဲ႕ လူ႔အခြင့္အေရးနဲ႔ ပတ္သတ္လို႔ ေမးခြန္းထုတ္စရာေတြ ျဖစ္ေနၿပီလို႔ အကဲျဖတ္သူေတြက သုံးသပ္ၾကပါတယ္။

Ref : lbc news / Reuters / BBC
Photo Credit – skynews/nbcnews/wbur

Topic – #အမေရိကန်#လူမည်း#ဆန္ဒပြပွဲ