ဆန္ဒပြသူတွေရှေ့မှာ ဒူးထောက်ခဲ့ကြတဲ့ အမေရိကန်ရဲတွေ

၁ ၊ ဇွန် ၊ ၂၀၂၀။

အမေရိကန်နိုင်ငံ မင်နီယာပိုလစ့်မြို့မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုကြောင့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြပွဲတွေ အုံကြွခဲ့ပြီး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

နေရာအနှံက ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အပြန်အလှန်ပစ်ခတ်တာတွေ၊ မီးရှို့တာတွေနဲ့ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်တဲ့ ဖြစ်စဥ်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမယ့် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ-ဒိတ် ခရိုင်၊ ကိုရယ် ဂေဘယ်လ်မြို့မှာ ပြုလုပ်တဲ့ ဂျော့ဖလွိုက် သေဆုံးမှုအတွက် ဆန္ဒပြပွဲမှာတော့ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ခရိုင်ရဲတပ်ဖွဲ့ဝင် အကြီးအကဲတွေပါ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ဖြစ်စဥ်ကတော့ ထူးခြားခဲ့ပါတယ်။

မေလ ၃၁ရက်နေ့က ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်တွေကိုင်ပြီး ငြိမ်ငြိမ်သက်သက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဌာနအသီးသီးက ရဲတပ်ဖွဲ့ဝင်တွေဟာ ဒူးတစ်ဖက်ထောက်ကာ ဆန္ဒပြသူတွေနဲ့အတူ တစ်သားတည်းရှိကြောင်းနဲ့ ဆုတောင်းပြုကြောင်း ထုတ်ဖော်ပြသခဲ့တာပါ။

ဆန္ဒပြသူတွေရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ ဒူးထောက်နေတဲ့ သတင်းဓာတ်ပုံတွေဟာလည်း လူမှုမီဒီယာ စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မေလ ၂၅ရက်နေ့က မင်နီယာပိုလစ့်မြို့မှာ အသက် ၄၆နှစ်အရွယ် ဂျော့ဖလွိုက်ဟာ ငွေစက္ကူအတု ကိုင်ဆောင်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ရဲဖမ်းခံရချိန်မှာ ရဲက သူ့ရဲ့ ဒူးခေါင်းနဲ့ ဂျော့ဖလွိုက်ရဲ့ ဇက်ကို ၈မိနစ်ကြာ ဖိထားခဲ့တာကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဂျော့ဖလွိုက်သေဆုံးမှုအတွက် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ နယူးယောက်၊ ချီကာဂိုနဲ့ လော့စ်အန်ဂျလိစ့်အပါအဝင်တစ်နိုင်ငံလုံးမှာ အုံကြွလာခဲ့တာပါ။

လက်ရှိမှာတော့ အမေရိကန်အစိုးရက တစ်နိုင်ငံလုံးမှာ ည ၁၀နာရီကနေ မနက် ၆နာရီအထိ ညမထွက်အရ မိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

(Zawgyi)

ဆႏၵျပသူေတြေရွ႕မွာ ဒူးေထာက္ခဲ့ၾကတဲ့ အေမရိကန္ရဲေတြ

၁ ၊ ဇြန္ ၊ ၂၀၂၀။

အေမရိကန္ႏိုင္ငံ မင္နီယာပိုလစ့္ၿမိဳ႕မွာ လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ ေသဆုံးမႈေၾကာင့္ တစ္ႏိုင္ငံလုံးမွာ ဆႏၵျပပြဲေတြ အုံႂကြခဲ့ၿပီး အဓိက႐ုဏ္းေတြ ျဖစ္ပြားခဲ့ပါတယ္။

ေနရာအႏွံက ဆႏၵျပပြဲေတြမွာ ဆႏၵျပသူေတြနဲ႔ ရဲေတြအၾကား အျပန္အလွန္ပစ္ခတ္တာေတြ၊ မီးရႈိ႕တာေတြနဲ႔ လူအုပ္ထဲကို ကားနဲ႔ဝင္တိုက္တဲ့ ျဖစ္စဥ္ေတြလည္း ေပၚေပါက္ခဲ့ပါတယ္။

ဒါေပမယ့္ ဖေလာ္ရီဒါျပည္နယ္၊ မိုင္ယာမီ-ဒိတ္ ခ႐ိုင္၊ ကိုရယ္ ေဂဘယ္လ္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ေဂ်ာ့ဖလြိဳက္ ေသဆုံးမႈအတြက္ ဆႏၵျပပြဲမွာေတာ့ တက္ႂကြလႈပ္ရွားသူေတြနဲ႔အတူ ခ႐ိုင္ရဲတပ္ဖြဲ႕ဝင္ အႀကီးအကဲေတြပါ ပူးေပါင္းပါဝင္ခဲ့ၾကတဲ့ ျဖစ္စဥ္ကေတာ့ ထူးျခားခဲ့ပါတယ္။

ေမလ ၃၁ရက္ေန႔က ဆႏၵျပသူေတြဟာ ဆိုင္းဘုတ္ေတြကိုင္ၿပီး ၿငိမ္ၿငိမ္သက္သက္ ဆႏၵထုတ္ေဖာ္ခဲ့ၿပီး ဌာနအသီးသီးက ရဲတပ္ဖြဲ႕ဝင္ေတြဟာ ဒူးတစ္ဖက္ေထာက္ကာ ဆႏၵျပသူေတြနဲ႔အတူ တစ္သားတည္းရွိေၾကာင္းနဲ႔ ဆုေတာင္းျပဳေၾကာင္း ထုတ္ေဖာ္ျပသခဲ့တာပါ။

ဆႏၵျပသူေတြေရွ႕မွာ ရဲတပ္ဖြဲ႕ဝင္ေတြ ဒူးေထာက္ေနတဲ့ သတင္းဓာတ္ပုံေတြဟာလည္း လူမႈမီဒီယာ စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ေမလ ၂၅ရက္ေန႔က မင္နီယာပိုလစ့္ၿမိဳ႕မွာ အသက္ ၄၆ႏွစ္အ႐ြယ္ ေဂ်ာ့ဖလြိဳက္ဟာ ေငြစကၠဴအတု ကိုင္ေဆာင္တယ္ဆိုတဲ့ တိုင္ၾကားခ်က္ေၾကာင့္ ရဲဖမ္းခံရခ်ိန္မွာ ရဲက သူ႔ရဲ႕ ဒူးေခါင္းနဲ႔ ေဂ်ာ့ဖလြိဳက္ရဲ႕ ဇက္ကို ၈မိနစ္ၾကာ ဖိထားခဲ့တာေၾကာင့္ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈအတြက္ တရားမွ်တမႈေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြဟာ နယူးေယာက္၊ ခ်ီကာဂိုနဲ႔ ေလာ့စ္အန္ဂ်လိစ့္အပါအဝင္တစ္ႏိုင္ငံလုံးမွာ အုံႂကြလာခဲ့တာပါ။

လက္ရွိမွာေတာ့ အေမရိကန္အစိုးရက တစ္ႏိုင္ငံလုံးမွာ ည ၁၀နာရီကေန မနက္ ၆နာရီအထိ ညမထြက္အရ မိန္႔ထုတ္ထားတယ္လို႔ သိရပါတယ္။

Ref :cbs12
Photo Credit – Miami-Dade County Corrections

Topic – #အမေရိကန်#ဆန္ဒပြပွဲ#ရဲတပ်ဖွဲ့