ပုသိမ်မြို့အခြေစိုက်ပြီး ဖေ့ဘွတ်မှာ ငွေလိမ်နေသူတွေကို မိပြီ


၃၁၊ မေလ၊ ၂၀၂၀။

facebook လူမှု့ကွန်ရက်ကနေတဆင့် သိန်း(၁၅၀)ကျော်လိမ်လည်ခဲ့သူတွေကို ဧရာဝတီတိုင်း ပုသိမ်မြို့မ ရဲစခန်းက ဖမ်းဆီးလိုက်ပါပြီ။အမျိုးသား ၅ဦး နဲ့ အမျိုးသမီး ၂ဦးပါတဲ့ ဒီအဖွဲ့ဟာ ဒီအမှုအပါအဝင် အွန်လိုင်းပေါ်ကနေတဆင့် လိမ်လည်မှုပေါင်း ၁၂ ခု ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

facebook မှာ သြသုခအောင် ၊U Hla Twin ၊ Eant Hmue Kyaw စတဲ့အကောင့်တွေနဲ့ အကြောင်းအမျိုးမျိုးနဲ့ ငွေလိမ်နေကြပြီး ၊ ဒီငွေတွေကို wavemoney ကနေတဆင့် ပုသိမ်မြို့ရဲ့ နေရာသုံးနေရာကနေ ထုတ်ယူနေတာကို တွေ့ရတဲ့အတွက် ပုသိမ်မြို့မရဲစခန်းက အမှု့ကို စုံစမ်းစစ်ဆေးရာကနေ အခုလို ပေါ်ပေါက်ခဲ့တာပါ။

ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုပြီး ငွေကျပ် တစ်ရာငါးဆယ့်ရှစ်သိန်းခြောက်သောင်းနှစ်ထောင့်လေးရာ အလိမ်ခံထားရတဲ့ အမှုဖွင့်ထားတဲ့ ကျောက်ပန်းတောင်းမြို့က အလင်းပြဆရာတော် ဦးသောဘိတကို ရဲတပ်ဖွဲ့က အကူအညီတောင်းပြီး လိမ်လည်သူတွေကို ထပ်မံငွေလွှဲခိုင်းခဲ့ပြီး လာရောက်ထုတ်ယူချိန်မှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ငွေထုတ်တဲ့ဆိုင်(၃)ဆိုင်မှာအဖွဲ့တွေခွဲ စောင့်နေပြီး ငွေလွှဲတဲ့ password ကိုအမှားပေးလိုက်တာ အဲ့မှာပဲ စည်သူ စတိုးဆိုင်မှာလာထုတ်နေတဲ့အချိန် ဖမ်းဆီးလိုက်တာ”လို့ ပုသိမ်မြို့မစခန်းမှုး ဒုရဲမှုး မြင့်ခင်ကပြောပါတယ်။

ဖမ်းဆီးရမိသူမှာရေကြည်မြို့နယ်မှာနေထိုင်တဲ့ ညီညီထက်မြတ်အောင် ဖြစ်ပြီး သူတို့ သူငယ်ခြင်း (၇)ယောက်ဟာ အမှတ်၃ရပ်ကွက်က အိမ်တစ်အိမ်မှာ ဌားရမ်းနေထိုင်ပြီးငွေလိမ်မှုတွေ ကျူးလွန်ခဲ့တယ်လို့သိရပါတယ် ။

အမှတ်(၃)ရပ်ကွက်ကအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာမှာ ပြည်စုံ (မော်လမြိုင်ကျွန်းမြို့) ၊ထက်၀င်း(ရွှေနှင်းဆီ ၂လမ်းပုသိမ်) ၊ ပြည့်ဖြိုးကြွယ် (ပြည်တော်သာပုသိမ် ) ၊မြင့်မြတ်အောင်(သာပေါင်း) ၊ မကဗျာစိုး၀င်း(ငရုတ်ကောင်းမြို့) ၊ မဇွန်ပွင့်ဖြူ(ကိုးဆူရွာပုသိမ်မြို့) တို့ကို ကျူးလွန်ရာမှာအသုံးပြုတဲ့ သက်သေခံဖုန်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“အများဆုံးလိမ်လည်တာတော့ဆရာတော်တွေဆီကများပါတယ်။ စာကြည့်တိုက်ဆောက်ဖို့ ၊ ဆေးတက္ကသိုလ်တက်ဖို့တို့အကြောင်းပြချက်တွေနဲ့ အယုံလွယ်သူတွေကို အဓိကထားကျူးလွန်ကြတာ”လို့ပုသိမ်မြို့မစခန်းမှုး ဒုရဲမှုးမြင့်ခင်က ပြောပါတယ်။

လက်ရှိမှာတော့ တရားခံ(၇)ဦးလုံးကို ပုသိမ်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီးနောက်ထပ် အမူတွေ ရှိမရှိစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

(Zawgyi)

ပုသိမ္ၿမိဳ႕အေျခစိုက္ၿပီး ေဖ့ဘြတ္မွာ ေငြလိမ္ေနသူေတြကို မိၿပီ

၃၁၊ ေမလ၊ ၂၀၂၀။

facebook လူမႈ႕ကြန္ရက္ကေနတဆင့္ သိန္း(၁၅၀)ေက်ာ္လိမ္လည္ခဲ့သူေတြကို ဧရာဝတီတိုင္း ပုသိမ္ၿမိဳ႕မ ရဲစခန္းက ဖမ္းဆီးလိုက္ပါၿပီ။

အမ်ိဳးသား ၅ဦး နဲ႔ အမ်ိဳးသမီး ၂ဦးပါတဲ့ ဒီအဖြဲ႕ဟာ ဒီအမႈအပါအဝင္ အြန္လိုင္းေပၚကေနတဆင့္ လိမ္လည္မႈေပါင္း ၁၂ခု က်ဴးလြန္ခဲ့ၾကသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

facebook မွာ ၾသသုခေအာင္ ၊U Hla Twin ၊ Eant Hmue Kyaw စတဲ့အေကာင့္ေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေငြလိမ္ေနၾကၿပီး ၊ ဒီေငြေတြကို wavemoney ကေနတဆင့္ ပုသိမ္ၿမိဳ႕ရဲ႕ ေနရာသုံးေနရာကေန ထုတ္ယူေနတာကို ေတြ႕ရတဲ့အတြက္ ပုသိမ္ၿမိဳ႕မရဲစခန္းက အမႈ႕ကို စုံစမ္းစစ္ေဆးရာကေန အခုလို ေပၚေပါက္ခဲ့တာပါ။

ေဆးေက်ာင္းတက္ဖို႔ အခက္အခဲျဖစ္ေနတယ္ဆိုၿပီး ေငြက်ပ္ တစ္ရာငါးဆယ့္ရွစ္သိန္းေျခာက္ေသာင္းႏွစ္ေထာင့္ေလးရာ အလိမ္ခံထားရတဲ့ အမႈဖြင့္ထားတဲ့ ေက်ာက္ပန္းေတာင္းၿမိဳ႕က အလင္းျပဆရာေတာ္ ဦးေသာဘိတကို ရဲတပ္ဖြဲ႕က အကူအညီေတာင္းၿပီး လိမ္လည္သူေတြကို ထပ္မံေငြလႊဲခိုင္းခဲ့ၿပီး လာေရာက္ထုတ္ယူခ်ိန္မွာပဲ ဖမ္းဆီးခဲ့တာ ျဖစ္တယ္လို႔ ပုသိမ္ၿမိဳ႕မရဲစခန္း တာဝန္ရွိသူက ေျပာပါတယ္။

“သူတို႔ေငြထုတ္တဲ့ဆိုင္(၃)ဆိုင္မွာအဖြဲ႕ေတြခြဲ ေစာင့္ေနၿပီး ေငြလႊဲတဲ့ password ကိုအမွားေပးလိုက္တာ အဲ့မွာပဲ စည္သူ စတိုးဆိုင္မွာလာထုတ္ေနတဲ့အခ်ိန္ ဖမ္းဆီးလိုက္တာ”လို႔ ပုသိမ္ၿမိဳ႕မစခန္းမႈး ဒုရဲမႈး ျမင့္ခင္ကေျပာပါတယ္။

ဖမ္းဆီးရမိသူမွာေရၾကည္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ညီညီထက္ျမတ္ေအာင္ ျဖစ္ၿပီး သူတို႔ သူငယ္ျခင္း (၇)ေယာက္ဟာ အမွတ္၃ရပ္ကြက္က အိမ္တစ္အိမ္မွာ ဌားရမ္းေနထိုင္ၿပီးေငြလိမ္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔သိရပါတယ္ ။

အမွတ္(၃)ရပ္ကြက္ကအိမ္ကို ရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္းဆီးရာမွာ ျပည္စုံ (ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕) ၊ထက္၀င္း(ေ႐ႊႏွင္းဆီ ၂လမ္းပုသိမ္) ၊ ျပည့္ၿဖိဳးႂကြယ္ (ျပည္ေတာ္သာပုသိမ္ ) ၊ျမင့္ျမတ္ေအာင္(သာေပါင္း) ၊ မကဗ်ာစိုး၀င္း(င႐ုတ္ေကာင္းၿမိဳ႕) ၊ မဇြန္ပြင့္ျဖဴ(ကိုးဆူ႐ြာပုသိမ္ၿမိဳ႕) တို႔ကို က်ဴးလြန္ရာမွာအသုံးျပဳတဲ့ သက္ေသခံဖုန္းေတြနဲ႔အတူဖမ္းဆီးရမိခဲ့တာလို႔ သိရပါတယ္။

“အမ်ားဆုံးလိမ္လည္တာေတာ့ဆရာေတာ္ေတြဆီကမ်ားပါတယ္။ စာၾကည့္တိုက္ေဆာက္ဖို႔ ၊ ေဆးတကၠသိုလ္တက္ဖို႔တို႔အေၾကာင္းျပခ်က္ေတြနဲ႔ အယုံလြယ္သူေတြကို အဓိကထားက်ဴးလြန္ၾကတာ”လို႔ပုသိမ္ၿမိဳ႕မစခန္းမႈး ဒုရဲမႈးျမင့္ခင္က ေျပာပါတယ္။

လက္ရွိမွာေတာ့ တရားခံ(၇)ဦးလုံးကို ပုသိမ္ၿမိဳ႕မ ရဲစခန္းမွာ ထိန္းသိမ္းထားၿပီးေနာက္ထပ္ အမူေတြ ရွိမရွိစုံစမ္းစစ္ေဆးေနတယ္လို႔သိရပါတယ္။

Topic – #ပုသိမ်#ငွေလိမ်လည်မှု#ဖေ့ဘုတ်