တောင်ကိုရီးယားမှာ စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ပြီ

၃၀၊မေလ၊ ၂၀၂၀။

တောင်ကိုရီးယားနိုင်ငံမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း တစ်ကျော့ပြန်မြင့်တက်လာလို့ စာသင်ကျောင်း ၂၀၀ကျော်ကို ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာကန့်သတ်မှုတွေ စတင်ဖြေလျော့နေပြီး မေလ ၂၇ရက်နေ့မှာ ထောင်ချီတဲ့ ကျောင်းသားတွေဟာ စာသင်ခန်းတွေဆီ ပြန်ရောက်လာခဲ့ကြပါတယ်။

ဒါပေမယ့် နောက်တစ်ရက်မှာပဲ နိုင်ငံတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၇၉)ဦး စံချိန်တင်ထပ်တိုးလာခဲ့ပြီး အဲဒီအရေအတွက်ဟာ နှစ်လအတွင်း နေ့အလိုက်ရောဂါပိုးတွေ့ရှိသူအများဆုံးဖြစ်ပါတယ်။

ထပ်တိုးလူနာအများစုဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့အပြင်ဘက်က ဖြန့်ချီရေးစင်တာတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

ဘူချွန်မြို့က Coupang ကုမ္ပဏီရဲ့ ပစ္စည်းသိုလှောင်တဲ့ရုံးဟာ ကျန်းမာရေးဆိုင်ရာ စည်းမျဥ်းတွေ တိတိကျကျ သတ်မှတ်ထားတာ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Coupang ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေက စစ်ဆေးလိုက်တဲ့အခါ အဲဒီရုံးက ဝန်ထမ်းတွေရဲ့ အဝတ်အစားတွေနဲ့ ဖိနပ်တွေမှာပါ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့ ထောင်ချီတဲ့ ဝန်ထမ်းတွေကို စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ဒီဖြစ်ရပ်ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ သုံးသပ်နေကြပါတယ်။

ဒါ့အပြင် မေလ ၂၉ရက်နေ့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူအသစ် (၅၈)ဦး ထပ်တိုးလာခဲ့ပြီး လက်ရှိတစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ(၁၁,၄၄၁)ဦးထိ ရှိလာပါပြီ။

လက်ရှိမှာတော့ တောင်ကိုရီးယားအစိုးရက ဘူချွန်မြို့က စာသင်ကျောင်း (၂၅၁)ကျောင်းကို ပြန်ပိတ်လိုက်ပါတယ်။ ဒါ့အပြင် ဆိုးလ်မြို့က နောက်ထပ်စာသင်ကျောင်း (၁၁၇)ကျောင်းကိုလည်း ကျောင်းပြန်ဖွင့်ရေး ဆိုင်းငံ့ထားဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ Korea Times သတင်းဌာနက ဖော်ပြထားပါတယ်။

(Zawgyi)

ေတာင္ကိုရီးယားမွာ စာသင္ေက်ာင္းေတြ ျပန္ပိတ္လိုက္ၿပီ

၃၀၊ေမလ၊ ၂၀၂၀။

ေတာင္ကိုရီးယားႏိုင္ငံမွာ စာသင္ေက်ာင္းေတြ ျပန္ဖြင့္လိုက္ၿပီး ရက္ပိုင္းအၾကာမွာပဲ ကိုဗစ္ေရာဂါျဖစ္ပြားမႈႏႈန္း တစ္ေက်ာ့ျပန္ျမင့္တက္လာလို႔ စာသင္ေက်ာင္း ၂၀၀ေက်ာ္ကို ျပန္ပိတ္လိုက္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာကန္႔သတ္မႈေတြ စတင္ေျဖေလ်ာ့ေနၿပီး ေမလ ၂၇ရက္ေန႔မွာ ေထာင္ခ်ီတဲ့ ေက်ာင္းသားေတြဟာ စာသင္ခန္းေတြဆီ ျပန္ေရာက္လာခဲ့ၾကပါတယ္။

ဒါေပမယ့္ ေနာက္တစ္ရက္မွာပဲ ႏိုင္ငံတြင္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူ (၇၉)ဦး စံခ်ိန္တင္ထပ္တိုးလာခဲ့ၿပီး အဲဒီအေရအတြက္ဟာ ႏွစ္လအတြင္း ေန႔အလိုက္ေရာဂါပိုးေတြ႕ရွိသူအမ်ားဆုံးျဖစ္ပါတယ္။

ထပ္တိုးလူနာအမ်ားစုဟာ ေတာင္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္ၿမိဳ႕အျပင္ဘက္က ျဖန္႔ခ်ီေရးစင္တာတစ္ခုနဲ႔ ဆက္စပ္ေနတယ္လို႔ သိရပါတယ္။

ဘူခြၽန္ၿမိဳ႕က Coupang ကုမၸဏီရဲ႕ ပစၥည္းသိုေလွာင္တဲ့႐ုံးဟာ က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းေတြ တိတိက်က် သတ္မွတ္ထားတာ မရွိဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။
Coupang ကုမၸဏီဟာ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အႀကီးဆုံး အီလက္ထေရာနစ္စနစ္ ကူးသန္းေရာင္းဝယ္ေရး ကုမၸဏီလည္း ျဖစ္ပါတယ္။

က်န္းမာေရးတာဝန္ရွိသူေတြက စစ္ေဆးလိုက္တဲ့အခါ အဲဒီ႐ုံးက ဝန္ထမ္းေတြရဲ႕ အဝတ္အစားေတြနဲ႔ ဖိနပ္ေတြမွာပါ Covid-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိရတယ္လို႔ သိရပါတယ္။
လက္ရွိမွာေတာ့ အဲဒီ႐ုံးမွာ အလုပ္လုပ္ကိုင္ေနတဲ့ ေထာင္ခ်ီတဲ့ ဝန္ထမ္းေတြကို စစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္ေနၿပီး ဒီျဖစ္ရပ္ေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္ေရာဂါ ျဖစ္ပြားမႈႏႈန္း ဆက္လက္ျမင့္တက္ႏိုင္ေသးတယ္လို႔ သုံးသပ္ေနၾကပါတယ္။

ဒါ့အျပင္ ေမလ ၂၉ရက္ေန႔မွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူအသစ္ (၅၈)ဦး ထပ္တိုးလာခဲ့ၿပီး လက္ရွိတစ္ႏိုင္ငံလုံးမွာ ကိုဗစ္အတည္ျပဳလူနာ(၁၁,၄၄၁)ဦးထိ ရွိလာပါၿပီ။

လက္ရွိမွာေတာ့ ေတာင္ကိုရီးယားအစိုးရက ဘူခြၽန္ၿမိဳ႕က စာသင္ေက်ာင္း (၂၅၁)ေက်ာင္းကို ျပန္ပိတ္လိုက္ပါတယ္။ ဒါ့အျပင္ ဆိုးလ္ၿမိဳ႕က ေနာက္ထပ္စာသင္ေက်ာင္း (၁၁၇)ေက်ာင္းကိုလည္း ေက်ာင္းျပန္ဖြင့္ေရး ဆိုင္းငံ့ထားဖို႔ ပညာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားတယ္လို႔ Korea Times သတင္းဌာနက ေဖာ္ျပထားပါတယ္။

Ref : koreatimes
Photo Credit – cnn

Topic – #တောင်ကိုရီးယား#စာသင်ကျောင်း#ကိုဗစ်