စက်တင်ဘာလ ၊ ၁၁
တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများ သမဂ္ဂ(Korean Health and Medical worker’s Union)က လူ သားချင်းစာနာမှုကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ကိုရီးယားဝမ် ၇၄ သိန်း ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။
မြန်မာကျပ်ငွေ ကျပ်သိန်း၂၈၀ ဝန်းကျင်လောက်ရှိတဲ့ အဲ့ဒီလှူဒါန်းငွေပေးအပ်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ဒီက နေ့ကျင်းပခဲ့ပြီး NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းလက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအလှူငွေတွေကို ဒီကနေ့မှာပဲ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနဆီပေးပို့လိုက်ပြီလို့လည်း NUG ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများ သမဂ္ဂ(Korean Health and Medical worker’s Union)ဟာ နိုင်ငံတကာက စစ်ဘေးရှောင်တွေ၊ဒုက္ခသည်တွေကို အကူအညီတွေပေးတာ၊လူသားချင်းစာနာမှုဆိုင်ရာ ထောက် ပံ့မှုပေးတာတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့သိရပါတယ်။
သမဂ္ဂအဖွဲ့ဝင်တွေဆီက ကောက်ခံစုဆောင်းထားတဲ့လူမှုရေးရန်ပုံငွေထဲကနေ မြန်မာနိုင်ငံက လူသားချင်းစာနာမှု ဆိုင်ရာအကူအညီလိုအပ်နေသူတွေအတွက် NUG အစိုးရအဖွဲ့ကတဆင့် လှူဒါန်းတာဖြစ်တယ်လို့ NUG ရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အသိပေးထားပါတယ်။
ကိုရီးယားနိုင်ငံက NUG ကိုယ်စားလှယ်ရုံးနဲ့ ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး ဝန်ကြီးဌာနတို့ပူးပေါင်းပြီး လူသားချင်းစာနာမှုထောက်ပံ့ရေးစင်္ကြန်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အခုလှူဒါန်းမှုဟာ အဲ့ဒီအစီအစဉ်အရ ကူညီမှုဖြစ်တယ်လို့ သိရပါတယ်။
အခုနှစ် ဧပြီလမှာစတင်ခဲ့တဲ့ဒီအစီအစဉ်အရ ကိုရီးယားနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းအသီးသီးကနေ မြန်မာနိုင်ငံက စစ်ရှောင်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ စုစုပေါင်းကိုရီးယားဝမ်သိန်း ၅၀၀ကျော် (ကျပ်သိန်းနှစ်ထောင်ဝန်းကျင်)လောက် NUG အစိုးရအဖွဲ့ဆီပေးပို့လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ NUG ရဲ့ ကိုရီးယား နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းကDNAကို ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်ရှိမှာ နိုင်ငံအနှံ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုတွေကို လုပ်နေကာ လူ မျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေကိုကျူူးလွန်နေတာကြောင့် မြန်မာပြည်သူ အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သုံးသန်းလောက် နေစရာ၊စားစရာမလုံလောက်ဘဲ ဒုက္ခပင်လယ်ဝေနေကြတယ်လို့ ဒီကနေ့အလှူငွေပေးအပ်ပွဲမှာ ဦးရန်နိုင်ထွန်းကပြောပါတယ်။
“အခုလို ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့အစည်းကဲ့သို့သော စေတနာရှင်များရဲ့ကူညီ ထောက်ပံ့မှုများဟာ စစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူများ အတွက်ကြီးမားတဲ့ခွန်အားကို ကျိန်းသေ ဖြစ်စေပါတယ်”လို့ သူကဆိုပါတယ်။