မြန်မာလုပ်သားတွေကို တောင်ကိုရီးယား ပြန်ခေါ်မယ်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာအပါအဝင် နိုင်ငံ (၁၆) နိုင်ငံကအလုပ်သမားတွေကို ပြန် လည်ခေါ်ယူနိုင်ရေးအတွက် ကိုရီးယား အစိုးရ အနေနဲ့ ပြည်ဝင်ခွင့်ကန့် သတ်ထားချက်တွေကို အနည်းငယ်လျှော့ပေါ့ပေးဖို့စီစဉ်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်နေ့မှာအဲဒီလို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရီးယားအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ EPS သဘောတူညီမှုအောက်က အလုပ် သမား စေလွှတ်တဲ့ နိုင်ငံ (၁၆) နိုင်ငံက အလုပ်သမားတွေအားလုံးကို ပြန်လည်လက်ခံမယ်လို့ဆိုပါတယ်။

ဒါပေမဲ့၊ ကိုဗစ် ရောဂါဖြစ် ပွားမှုများပြားနေသေးတဲ့ မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဥဘက်ကစ္စ တန်နဲ့ ကာဂျစ်စတန်နိုင်ငံက အလုပ်သမားတွေအနေနဲ့ ကိုရီးယားနိုင်ငံကို လာရောက်မယ်ဆိုရင် ကိုဗစ် ရောဂါကာကွယ်ဆေး (၂) ကြိမ် အပြည့်ထိုးထားပြီး (၂) ပတ်ကြာတဲ့အခါမှ ဗီဇာလျှောက်ထားရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုရီးယား နိုင်ငံကို ေလယာဉ်နဲ့ စတင်မထွက်ခွာမီ (၇၂) နာရီအလိုမှာ သက်ဆိုင်ရာ နိုင်ငံရှိ သတ်မှတ်ထားတဲ့ဆေးရုံမှာ PCR Test နဲ့ ကိုဗစ် ရောဂါမရှိ ကြောင်း စစ်ဆေးပြီး အထောက်အထား လက် မှတ်ပါရှိရမယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း (၁၆) နိုင်ငံကအလုပ်သမားတွေအနေနဲ့ ကာကွယ် ဆေးထိုး ပြီးပြီး၊မပြီးပြီး ကိုရီးယားအစိုးရက သတ် မှတ် ထားတဲ့ Quarantine Center မှာ ကိုယ့်စရိတ်နဲ့ကိုယ် (၁၀) ရက် Quarantine မဖြစ်မနေ နေထိုင်ရမယ်လို့ လည်းဆိုပါတယ်။