မျိုးဆက်သစ် iPhoneတွေကို Apple မိတ်ဆက်

စက်တင်ဘာ၊ ၁၀

စွမ်းဆောင်ရည်ပိုင်း ပိုမြင့်မားတဲ့၊ အရောင်အသွေး ပိုမိုစုံလင်တဲ့၊ နည်းပညာ ပေါင်းစပ်မှုတွေ ဖြည့်တင်းထားတဲ့ iPhone 16 မော်ဒယ်သစ် ၄ ခုကို Apple ကုမ္ပဏီက တရားဝင် မိတ်ဆက် ကြေညာသွားခဲ့ပါတယ်။

အဲဒီ မော်ဒယ်တွေကတော့ Phone 16၊ 16 Plus၊ 16 Proနဲ့ 16 Pro Maxတို့ ဖြစ်ပါတယ်။ အဲဒီ iPhone မော်ဒယ်တွေမှာ တပ်ဆင်ထားမယ့် သိုလှောင်မှု စွမ်းရည် ပမာဏတွေကလည်း ကွဲပြားကြပါတယ်။ iPhone အသစ်တွေရဲ့ မျိုးကွဲနဲ့ သိုလှောင်မှု ပမာဏတွေအပေါ် မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၈၀၀ ကနေ အမြင့်ဆုံး ဒေါ်လာ ၂၅၀၀ ထိ စျေးနှုန်းကျသင့်မှာ ဖြစ်ပါတယ်။

Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင် ရောင်းချမယ့် ဖုန်းမော်ဒယ်သစ်တွေမှာ စွမ်းဆောင်ရည် ပိုမြင့်ပြီး စွမ်းအင်သုံးစွဲမှုနှုန်း ပိုနည်းတဲ့ A18နဲ့ A18 အမျိုးအစား processing chip အသစ်တွေကို တပ်ဆင်ထားကြောင်း ပြောပါတယ်။

iPhone 16နဲ့ iPhone 16 Plusတို့ဟာ iPhone 12တွေနောက်ပိုင်းမှာ တွေ့ရတဲ့ ကင်မရာနှစ်လုံး အပေါ်အောက် ဆင့်တပ်ထားတဲ့ ပုံစံနဲ့ ပြန်လည် ပွဲထွက်လာပြီး iPhone 16 Proနဲ့ Pro Maxတို့ကတော့ ကင်မရာ ၃ လုံး တပ်ဆင်ထားတဲ့ အခြေအနေကို တွေ့ရပါတယ်။

Appleဟာ အရင်က Proမျိုးကွဲ iPhoneတွေမှာသာ သီးခြား အသုံးပြုခွင့် ပေးခဲ့တဲ့ ဉာဏ်ရည်တု နည်းပညာသစ် Apple Intellingenceကို iPhone 16 ၁၆ မျိုးစလုံးမှာ အောက်တိုဘာလကျရင် စတင် အသုံးပြုခွင့် ပေးသွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

iPhone အသစ်တွေရဲ့ အချက်အလက် သိုလှောင်မှု စွမ်းရည်ကတော့ အနိမ့်ဆုံး အမျိုးအစားမှာ 128GBMကနေ အမြင့်ဆုံး အဆင့်မှာ 1TBထိ ပါဝင်မှာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီဟာ စျေးကွက်ထဲမှာ အာရှကုမ္ပဏီတွေက ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေရဲ့ ပြင်းထန်တဲ့ စိန်ခေါ် အားပြိုင်မှုတွေနဲ့ ကြုံတွေ့လာတဲ့နောက် iPhoneတွေမှာ သုံးစွဲသူတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့လည်း မော်ဒယ်သစ် ထုတ်ကုန်တွေမှာ ဘက်ပေါင်းစုံ ထောင့်စေ့အောင် စဉ်းစား ချဉ်းကပ်ထားပါတယ်။

ပြီးတော့ iPhone အသစ်တွေမှာ အရောင်းရွေးချယ်ခွင့်တွေ ပိုမိုစုံလင်လာခြင်းကလည်း သုံးစွဲသူတွေဆီကနေ ကောင်းမွန်တဲ့ ကြိုဆိုထောက်ခံမှုတွေ ရနေတာကို တွေ့ရပါတယ်။ Appleဟာ iPhone အသစ်တွေအတွက် အမှာစာတွေကို အခုသီတင်းပတ်ကုန်မှာ စတင်လက်ခံသွားမယ်လို့လည်း သိရပါတယ်။

Ref: Reuters