အိန္ဒိယမှာ ကိုဗစ်ကာလအတွင်း အရက်ဝယ်သူတွေ တိုးကြိတ်နေလို့ အစိုးရက အရက်ခွန်တိုးကောက်

၅၊ မေ၊ ၂၀၂၀။

အိန္ဒိယနိုင်ငံမှာ သီတင်းပတ် ၆ပတ်ကြာ လော့ဒေါင်းကာလဖြေလျာ့ပေးလိုက်ပြီးနောက် မေလ ၅ရက်နေ့က မြို့တော်ဒေလီက စတိုးဆိုင်တွေမှာ အရက်ဝယ်သူတွေ စုပြုံတိုးကြိတ်နေကြပါတယ်။

ဒါ့ကြောင့် ကိုဗစ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်ပေါ်တာကို ဟန့်တားဖို့ အစိုးရက မြို့တော်ဒေလီမှာ အရက် လက်ကားဝယ်ယူမှုကို အကောက်ခွန် ၇၀ ရာခိုင်နှုန်းအထိ တိုးမြင့် သတ်မှတ်လိုက်ပါတယ်။

မေလ ၄ရက်နေ့က မြို့တော်ဒေလီမှာ ဆိုင်တွေပြန်ဖွင့်ကြတဲ့အခါ အရက်အရောင်းဆိုင်တွေမှာ လူရာချီတန်းဆီ ဝယ်နေကြလို့ ရဲတပ်ဖွဲ့က တုတ်တွေနဲ့ရိုက်ပြီး လူစုခွဲခဲ့ရပါသေးတယ်။

ဒါ့အပြင် တခြားပြည်နယ်တွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေထိုင်ရမယ့် စည်းမျဥ်းကို ချိုးဖောက်ပြီး အရက်ဝယ်သူတွေ ရာချီတန်းစီနေကြတယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြကြပါတယ်။

အိန္ဒိယနိုင်ငံမှာ မေလ ၅ရက်နေ့က ကိုဗစ်ရောဂါပိုးရှိသူအသစ် (၃,၉၀၀)ထပ်တိုးလာခဲ့ပြီး အဲဒီပမာဏာဟာ နေ့အလိုက်အများဆုံး တိုးမြင့်မှုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယမှာ ရောဂါပိုးရှိသူ စုစုပေါင်း (၄၆,၄၇၆)ဦးထိ ရှိလာပြီး (၁,၅၇၁)ဦး သေဆုံးခဲ့ပါတယ်။

(Zawgyi)

အိႏၵိယမွာ ကိုဗစ္ကာလအတြင္း အရက္ဝယ္သူေတြ တိုးႀကိတ္ေနလို႔ အစိုးရက အရက္ခြန္တိုးေကာက္

၅၊ ေမ၊ ၂၀၂၀။

အိႏၵိယႏိုင္ငံမွာ သီတင္းပတ္ ၆ပတ္ၾကာ ေလာ့ေဒါင္းကာလေျဖလ်ာ့ေပးလိုက္ၿပီးေနာက္ ေမလ ၅ရက္ေန႔က ၿမိဳ႕ေတာ္ေဒလီက စတိုးဆိုင္ေတြမွာ အရက္ဝယ္သူေတြ စုၿပဳံတိုးႀကိတ္ေနၾကပါတယ္။

ဒါ့ေၾကာင့္ ကိုဗစ္ေရာဂါကာလအတြင္း လူစုလူေဝးျဖစ္ေပၚတာကို ဟန္႔တားဖို႔ အစိုးရက ၿမိဳ႕ေတာ္ေဒလီမွာ အရက္ လက္ကားဝယ္ယူမႈကို အေကာက္ခြန္ ၇၀ ရာခိုင္ႏႈန္းအထိ တိုးျမင့္ သတ္မွတ္လိုက္ပါတယ္။

ေမလ ၄ရက္ေန႔က ၿမိဳ႕ေတာ္ေဒလီမွာ ဆိုင္ေတြျပန္ဖြင့္ၾကတဲ့အခါ အရက္အေရာင္းဆိုင္ေတြမွာ လူရာခ်ီတန္းဆီ ဝယ္ေနၾကလို႔ ရဲတပ္ဖြဲ႕က တုတ္ေတြနဲ႔႐ိုက္ၿပီး လူစုခြဲခဲ့ရပါေသးတယ္။

ဒါ့အျပင္ တျခားျပည္နယ္ေတြမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာ ေနထိုင္ရမယ့္ စည္းမ်ဥ္းကို ခ်ိဳးေဖာက္ၿပီး အရက္ဝယ္သူေတြ ရာခ်ီတန္းစီေနၾကတယ္လို႔ အိႏၵိယမီဒီယာာေတြက ေဖာ္ျပၾကပါတယ္။

အိႏၵိယႏိုင္ငံမွာ ေမလ ၅ရက္ေန႔က ကိုဗစ္ေရာဂါပိုးရွိသူအသစ္ (၃,၉၀၀)ထပ္တိုးလာခဲ့ၿပီး အဲဒီပမာဏာဟာ ေန႔အလိုက္အမ်ားဆုံး တိုးျမင့္မႈလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ အိႏၵိယမွာ ေရာဂါပိုးရွိသူ စုစုေပါင္း (၄၆,၄၇၆)ဦးထိ ရွိလာၿပီး (၁,၅၇၁)ဦး ေသဆုံးခဲ့ပါတယ္။

Ref : Reuters
Photo Credit – talkofnews

Topic – #အိန္ဒိယ#ဒေလီ#အရက်

Delta News

Read Previous

COVID-19 ကာလကို ဗီယက်နမ်အစိုးရ ဘယ်လိုစီမံခန့်ခွဲခဲ့သလဲ

Read Next

အင်ဒိုနီရှားမှာ ဒေသန္တရရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းမယ်

Most Popular