COVID-19 ကာလကို ဗီယက်နမ်အစိုးရ ဘယ်လိုစီမံခန့်ခွဲခဲ့သလဲ

၄၊ မေ၊ ၂၀၂၀။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးစီမံချက်မှာ အောင်မြင်မှုရနေတယ်လို့ ဖော်ညွှန်းခံရတဲ့ ဗီယက်နမ်နိုင်ငံမှာ မေလ ၄ရက်နေ့အထိ (၁၈)ရက်ဆက်တိုက် ပြည်တွင်းရောဂါကူးစက်မှု ထပ်တိုးမလာဘူးလို့ ဗီယက်နမ်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဗီယက်နမ်နိုင်ငံမှာ မေလ ၄၇က်နေ့မှာတော့ ၃လကျော်ပိတ်ထားတဲ့ ကျောင်းတွေ ပြန်ဖွင့်လို့ သောင်းချီတဲ့ ကျောင်းသားတွေ စာသင်ခန်းထဲပြန်ရောက်လာပြီး ဟိုချီမင်းစီးတီးနဲ့ မြို့တော်ဟန္နိုင်းက လမ်းမတွေပေါ်မှာ အလုပ်သွားသူတွေ၊ မော်တော်ကားတွေနဲ့ ဆိုင်ကယ်တွေ စည်ကားနေခဲ့ပါတယ်။

သီတင်းပတ်နှစ်ပတ်ကျော်ကြာအထိ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးရှိသူ ကင်းစင်ပြီးတဲ့နောက် ဗီယက်နမ်အစိုးရက ကိုဗစ်ရောဂါဆိုင်ရာကျန်းမာရေးစည်းကမ်းတွေကို တစ်စိတ်တစ်ပိုင်း ဖြေလျာ့ပေးလိုက်တာပါ။

ဒါပေမယ့် ကိုယ်အပူချိန်တိုင်းတာ၊ မျက်နှာဖုံးတပ်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ စတဲ့သတ်မှတ်ချက်တွေကတော့ ရှိနေဆဲပါ။

လက်ရှိအချိန်ထိ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်ရောဂါပိုးရှိသူ (၂၇၁)ဦးရှိပြီး သေဆုံးသူတစ်ယောက်မှ မရှိသေးပါဘူး။ ရောဂါပိုးရှိသူထဲက (၂၁၉)ဦးဟာလည်း ပြန်သက်သာသွားပြီ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိတဲ့ ဇန်နဝါရီလနှောင်းပိုင်းကတည်းက နိုင်ငံတကာခရီးသွားလာမှု ကန့်သတ်ခဲ့ပြီး မဖြစ်မနေမျက်နှာဖုံးတပ်ဆင်ဖို့ စတဲ့သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရေး အောင်မြင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ရောဂါပိုး သံသယရှိသူ အများအပြားကို စစ်ဆေးတာ ကန့်သတ်စောင့်ကြည့်တာအပြင် ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှုရှိသူတွေကို ဖော်ထုတ်စုံစမ်းတာတွေ ထိထိရောက်ရောက် လုပ်နိုင်တာလည်း ပါဝင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဗီယက်နမ်ဟာ ကိုဗစ်ရောဂါနဲ့ ပတ်သတ်လို့ စောစောစီးစီးအရေးယူလုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို သတိပေးဖို့ နှောင့်နှေးမနေခဲ့တာကြောင့် ဗီယက်နမ်ရဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေး စီမံခန့်ခွဲမှုကို ကမ္ဘာ့မီဒီယာတွေမှာလည်း အကျယ်တဝင့် ဖော်ပြနေကြပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်ရေး အတွေ့အကြုံတွေကို ဗီယက်နမ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အစည်းအဝေးမှာ ပြန်လည်မျှဝေခဲ့ပါသေးတယ်။

အခုဆိုရင် ဗီယက်နမ်ဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကိုလည်း ကိုယ်တိုင်ထုတ်ဖော် စမ်းသပ်နေပါပြီ။ ဒါ့အပြင် အလွယ်တကူ စစ်ဆေးလို့ရတဲ့ Test Kits တွေကိုလည်း ကိုယ်ပိုင်ထုတ်လုပ်ပြီး အမေရိကန်နဲ့ ဥရောပကို တင်ပို့နေရပြီ ဖြစ်ပါတယ်။

(Zawgyi)

COVID-19 ကာလကို ဗီယက္နမ္အစိုးရ ဘယ္လိုစီမံခန္႔ခြဲခဲ့သလဲ
၄၊ ေမ၊ ၂၀၂၀။

ကိုဗစ္ကမာၻ႔ကပ္ေရာဂါတိုက္ဖ်က္ေရးစီမံခ်က္မွာ ေအာင္ျမင္မႈရေနတယ္လို႔ ေဖာ္ၫႊန္းခံရတဲ့ ဗီယက္နမ္ႏိုင္ငံမွာ ေမလ ၄ရက္ေန႔အထိ (၁၈)ရက္ဆက္တိုက္ ျပည္တြင္းေရာဂါကူးစက္မႈ ထပ္တိုးမလာဘူးလို႔ ဗီယက္နမ္မီဒီယာေတြက ေဖာ္ျပၾကပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာ ေမလ ၄ရက္ေန႔မွာေတာ့ ၃လေက်ာ္ပိတ္ထားတဲ့ ေက်ာင္းေတြ ျပန္ဖြင့္လို႔ ေသာင္းခ်ီတဲ့ ေက်ာင္းသားေတြ စာသင္ခန္းထဲျပန္ေရာက္လာၿပီး ဟိုခ်ီမင္းစီးတီးနဲ႔ ၿမိဳ႕ေတာ္ဟႏၷိဳင္းက လမ္းမေတြေပၚမွာ အလုပ္သြားသူေတြ၊ ေမာ္ေတာ္ကားေတြနဲ႔ ဆိုင္ကယ္ေတြ စည္ကားေနခဲ့ပါတယ္။

သီတင္းပတ္ႏွစ္ပတ္ေက်ာ္ၾကာအထိ ျပည္တြင္းမွာ ကိုဗစ္ေရာဂါပိုးရွိသူ ကင္းစင္ၿပီးတဲ့ေနာက္ ဗီယက္နမ္အစိုးရက ကိုဗစ္ေရာဂါဆိုင္ရာက်န္းမာေရးစည္းကမ္းေတြကို တစ္စိတ္တစ္ပိုင္း ေျဖလ်ာ့ေပးလိုက္တာပါ။

ဒါေပမယ့္ ကိုယ္အပူခ်ိန္တိုင္းတာ၊ မ်က္ႏွာဖုံးတပ္တာနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနဖို႔ စတဲ့သတ္မွတ္ခ်က္ေတြကေတာ့ ရွိေနဆဲပါ။

လက္ရွိအခ်ိန္ထိ ဗီယက္နမ္ႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးရွိသူ (၂၇၁)ဦးရွိၿပီး ေသဆုံးသူတစ္ေယာက္မွ မရွိေသးပါဘူး။ ေရာဂါပိုးရွိသူထဲက (၂၁၉)ဦးဟာလည္း ျပန္သက္သာသြားၿပီ ျဖစ္ပါတယ္။

ဗီယက္နမ္မွာ ကိုဗစ္ေရာဂါပိုး စတင္ေတြ႕ရွိတဲ့ ဇန္နဝါရီလေႏွာင္းပိုင္းကတည္းက ႏိုင္ငံတကာခရီးသြားလာမႈ ကန္႔သတ္ခဲ့ၿပီး မျဖစ္မေနမ်က္ႏွာဖုံးတပ္ဆင္ဖို႔ စတဲ့သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့တာပါ။

ႏိုင္ငံတြင္း ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး ေအာင္ျမင္ရတဲ့ အေၾကာင္းအရင္းေတြထဲမွာ ေရာဂါပိုး သံသယရွိသူ အမ်ားအျပားကို စစ္ေဆးတာ ကန္႔သတ္ေစာင့္ၾကည့္တာအျပင္ ေရာဂါပိုးရွိသူနဲ႔ ထိေတြ႕ဆက္ဆံမႈရွိသူေတြကို ေဖာ္ထုတ္စုံစမ္းတာေတြ ထိထိေရာက္ေရာက္ လုပ္ႏိုင္တာလည္း ပါဝင္တယ္လို႔ က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္သူေတြက သုံးသပ္ပါတယ္။

ဗီယက္နမ္ဟာ ကိုဗစ္ေရာဂါနဲ႔ ပတ္သတ္လို႔ ေစာေစာစီးစီးအေရးယူလုပ္ေဆာင္ခဲ့ၿပီး ျပည္သူေတြကို သတိေပးဖို႔ ေႏွာင့္ေႏွးမေနခဲ့တာေၾကာင့္ ဗီယက္နမ္ရဲ႕ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး စီမံခန္႔ခြဲမႈကို ကမာၻ႔မီဒီယာေတြမွာလည္း အက်ယ္တဝင့္ ေဖာ္ျပေနၾကပါတယ္။

ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး အေတြ႕အႀကဳံေတြကို ဗီယက္နမ္က ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)အစည္းအေဝးမွာ ျပန္လည္မွ်ေဝခဲ့ပါေသးတယ္။

အခုဆိုရင္ ဗီယက္နမ္ဟာ ကိုဗစ္ေရာဂါ ကာကြယ္ေဆးကိုလည္း ကိုယ္တိုင္ထုတ္ေဖာ္ စမ္းသပ္ေနပါၿပီ။ ဒါ့အျပင္ အလြယ္တကူ စစ္ေဆးလို႔ရတဲ့ Test Kits ေတြကိုလည္း ကိုယ္ပိုင္ထုတ္လုပ္ၿပီး အေမရိကန္နဲ႔ ဥေရာပကို တင္ပို႔ေနရၿပီ ျဖစ္ပါတယ္။

Ref : vietnaminsider/theguardian
Photo Credit – vietnaminsider

Topic – #ဗီယက်နမ်#ကမ္ဘာ့ကပ်ရောဂါ