အင်ဒိုနီရှားမှာ ဒေသန္တရရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းမယ်

၆၊ မေ၊ ၂၀၂၀။

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့် စက်တင်ဘာလ ၂၃ရက်နေ့မှာ တစ်ပြိုင်နက်တည်း ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းသွားမယ်လို့ သိရပါတယ်။

အခုနှစ် ရွေးကောက်ပွဲတွေကို စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းသွားမယ့် (ဒါမှမဟုတ်) ကိုဗစ်ကပ်ရောဂါ အခြေအနေပေါ် မူတည်ပြီး ပိုကြာတဲ့ကာလအထိ ရွှေ့ဆိုင်းသွားမယ့် ဥပဒေတစ်ရပ်ကို အင်ဒိုနီးရှားက သမ္မတ ဂျိုကို ဝီဒိုဒိုက လက်မှတ်ရေးထိုးလိုက်ပြီလို့ အစိုးရတရားဝင် ဝက်ဆိုက်မှာ မေလ ၅ရက်နေ့နှောင်းပိုင်းက ကြေငြာခဲ့တာပါ။

စက်တင်ဘာလရွေးကောက်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံတစ်လွှား ဒေသန္တရ (၂၇၀)မှာ တစ်ပြိုင်နက်တည်း ကျင်းပမှာဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှုး (၉)ဦး၊ မြို့တော်ဝန် (၃၇)ဦးနဲ့ ခရိုင်အကြီးအကဲ (၂၂၄)ဦးကို ရွေးကောက်သွားဖို့ စီစဥ်ထားတာပါ။ မဲဆန္ဒရှင်အရေအတွက်ဟာလည်း ၁၀၅သန်း ရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ စီစဥ်သူတွေကိုယ်တိုင် ကိုဗစ်ရောဂါကူးစက်ခံနေရလို့ မတ်လကုန်ကတည်းက ဒေသန္တရရွေးကောက်ပွဲအကြို ပြင်ဆင်မှုတွေ ရပ်ဆိုင်းထားဖို့ အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပြီးနောက် အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

“အခုနှစ်ဒေသန္တရရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းရတာက ကျေးလက်ဒေသတွေမှာ ကိုဗစ်ရောဂါပြန့်ပွားမှုကို ရှောင်ရှားဖို့ အကောင်းဆုံးလုပ်ဆောင်မှုပဲ”လို့ ရွေးကောက်ပွဲ အာဏာပိုင်တွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း (၂၇၀) နေထိုင်ပြီး ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ရောဂါပိုးရှိသူ စုစုပေါင်း (၁၂,၀၇၁)ဦးရှိပြီး (၈၇၂)ဦး သေဆုံးခဲ့ပါတယ်။

(Zawgyi)

အင္ဒိုနီရွားမွာ ေဒသႏၲရေ႐ြးေကာက္ပြဲေတြ ေ႐ႊ႕ဆိုင္းမယ္

၆၊ ေမ၊ ၂၀၂၀။

အင္ဒိုနီးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါျဖစ္ပြားမႈ ျမင့္တက္လာတာေၾကာင့္ စက္တင္ဘာလ ၂၃ရက္ေန႔မွာ တစ္ၿပိဳင္နက္တည္း က်င္းပမယ့္ ေဒသႏၲရေ႐ြးေကာက္ပြဲေတြကို ေ႐ႊ႕ဆိုင္းသြားမယ္လို႔ သိရပါတယ္။

အခုႏွစ္ ေ႐ြးေကာက္ပြဲေတြကို စက္တင္ဘာလကေန ဒီဇင္ဘာလအထိ ေ႐ႊ႕ဆိုင္းသြားမယ့္ (ဒါမွမဟုတ္) ကိုဗစ္ကပ္ေရာဂါ အေျခအေနေပၚ မူတည္ၿပီး ပိုၾကာတဲ့ကာလအထိ ေ႐ႊ႕ဆိုင္းသြားမယ့္ ဥပေဒတစ္ရပ္ကို အင္ဒိုနီးရွားက သမၼတ ဂ်ိဳကို ဝီဒိုဒိုက လက္မွတ္ေရးထိုးလိုက္ၿပီလို႔ အစိုးရတရားဝင္ ဝက္ဆိုက္မွာ ေမလ ၅ရက္ေန႔ေႏွာင္းပိုင္းက ေၾကျငာခဲ့တာပါ။

စက္တင္ဘာလေ႐ြးေကာက္ပြဲဟာ အင္ဒိုနီးရွားႏိုင္ငံတစ္လႊား ေဒသႏၲရ (၂၇၀)မွာ တစ္ၿပိဳင္နက္တည္း က်င္းပမွာျဖစ္ၿပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး (၉)ဦး၊ ၿမိဳ႕ေတာ္ဝန္ (၃၇)ဦးနဲ႔ ခ႐ိုင္အႀကီးအကဲ (၂၂၄)ဦးကို ေ႐ြးေကာက္သြားဖို႔ စီစဥ္ထားတာပါ။ မဲဆႏၵရွင္အေရအတြက္ဟာလည္း ၁၀၅သန္း ရွိပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ စီစဥ္သူေတြကိုယ္တိုင္ ကိုဗစ္ေရာဂါကူးစက္ခံေနရလို႔ မတ္လကုန္ကတည္းက ေဒသႏၲရေ႐ြးေကာက္ပြဲအႀကိဳ ျပင္ဆင္မႈေတြ ရပ္ဆိုင္းထားဖို႔ အင္ဒိုနီးရွား အေထြေထြေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဆုံးျဖတ္ၿပီးေနာက္ အခုလို ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

“အခုႏွစ္ေဒသႏၲရေ႐ြးေကာက္ပြဲေတြကို ေ႐ႊ႕ဆိုင္းရတာက ေက်းလက္ေဒသေတြမွာ ကိုဗစ္ေရာဂါျပန္႔ပြားမႈကို ေရွာင္ရွားဖို႔ အေကာင္းဆုံးလုပ္ေဆာင္မႈပဲ”လို႔ ေ႐ြးေကာက္ပြဲ အာဏာပိုင္ေတြက ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ လူဦးေရ သန္း (၂၇၀) ေနထိုင္ၿပီး ကမာၻ႔စတုတၳေျမာက္ လူဦးေရအထူထပ္ဆုံး ႏိုင္ငံလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ အင္ဒိုနီးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးရွိသူ စုစုေပါင္း (၁၂,၀၇၁)ဦးရွိၿပီး (၈၇၂)ဦး ေသဆုံးခဲ့ပါတယ္။

Ref : AP
Photo Credit – jakartaglobe

Topic – #အင်ဒိုနီရှား#ဒေသန္တရရွေးကောက်ပွဲ#ကိုဗစ်