ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကို မေလ ၁၅ရက်နေ့အထိ ပိတ်မည်

By – Delta News Agency
၃၀၊ ဧပြီ၊ ၂၀၂၀။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကမ်းခြေတွေကို မေလ ၁၅ ရက်နေ့အထိ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်ရန်အတွက် မတ်လ ၂၄ ရက်နေ့ကစပြီး ဧပြီလ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားခဲ့တာ ဖြစ်ပြီး ယခုထပ်မံ ရက်တိုးမြှင့်လိုက်တာပါ။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာချက် ၁၀ ချက်ကို စုစည်းဖေါ်ပြထားပါတယ်။

တိုင်းဒေသကြီးအတွင်းက မြို့နယ်အားလုံးမှာ ည ၁၀ နာရီအချိန်ကနေ နောက်နေ့မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို လိုက်နာဖို့လူထုတွေ့ဆုံပွဲတွေ၊ ဘာသာရေးဆိုင်ရာပွဲတော်တွေ ၊ Mobile Service Delivery လုပ်ငန်းတွေ ၊ လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခန်းအနားတွေ ကို မေလ ၁၅ ရက်နေ့အထိ မကျင်းပဖို့နဲ့ ရုပ်ရှင်ရုံတွေ ၊ ဗီဒီယိုရုံတွေ ၊ ကာရာအိုကေတွေ ၊ စင်တင်ဖျော်ဖြေရေးတွေ ၊ Beauty Spa တွေကို မေလ ၁၅ နေ့အထိ ယာယီပိတ်သိမ်းထားဖို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါ ဖြစ်ပွားနေတဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ အမြဲနေထိုင်သူ ဖြစ်စေ ၊ ယာယီနေထိုင်ခဲ့သူဖြစ်စေ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာပါက ဘယ်သူမဆို Community Based Quarantine (၂၁)ရက်ထားရှိသွားဖို့နဲ့ ကုန်တင်ယဉ်ကြီးတွေ အပါအဝင် ၊ယဉ်မောင်းအပါအဝင် ၅ ယောက်ထက်မပိုတဲ့ အိမ်စီးကားတွေ ၊ အရေးတကြီးသွားလာဖို့ ထောက်ခံချက်ပါတဲ့ အငှားယဉ်တွေ ၊ အရေးပေါ်လူနာတင်ယဉ်တွေ ကလွဲပြီး ကျန်မော်တော်ယဉ်တွေကို မေလ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ပုသိမ်ခရိုင်အတွင်းရှိ ချောင်းသာ၊ငွေဆောင်၊ ရွှေသောင်ယံ ၊ဂေါ်ရန်ဂျီကမ်းခြေတွေ အပါအဝင် တိုင်ဒေသကြီးအတွင်းရှိ ဟိုတယ်၊မိုတယ်၊တည်းခိုခန်း၊Innတွေကို မေလ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့နဲ့ စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးတွေမှာ အခြေခံစားသောက်ကုန် နဲ့ ဆေးဝါးဆိုင်တွေကလွဲပြီး အခြားဆိုင်တွေကို မေလ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့ ဖော်ပြထားပါတယ်။

တိုင်းဒေသကြီးအတွင်းက တန်ခိုးကြီးဘုရားတွေကို စေတီပုထိုးတွေကိုလည်း မေလ ၁၅ ရက်နေ့အထိ ယာယီပိတ်ထားဖို့၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလာမှုအတွက် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေဆီကနေ ခရီးသွားထောက်ခံချက်ယူဆောင်လာဖို့ ၊အခြားတိုင်းနဲ့ပြည်နယ်တွေက ခရီးသွားဝင်ရောက်လာသူတွေအနေနဲ့ မိမိတို့လာခဲ့တဲ့ မြို့နယ်ရဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေဆီက ခရီးသွားထောက်ခံချက်ယူဆောင်လာဖို့ကိုလည်း ထုတ်ပြန်ထားပြီး ဒီညွှန်ကြားချက်တွေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။

(Zawgyi)

ဧရာဝတီတိုင္းအတြင္းက ကမ္းေျခေတြကို ေမလ ၁၅ ရက္ေန႔အထိ ပိတ္မည္
၃၀၊ ဧၿပီ၊ ၂၀၂၀။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ကမ္းေျခေတြကို ေမလ ၁၅ ရက္ေန႔အထိ ပိတ္ထားဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထပ္မံၫႊန္ၾကားခ်က္ထုတ္ျပန္လိုက္ပါတယ္။

COVID-19 ေရာဂါကူးစက္ပ်ံ႕ပြားမႈကို ကာကြယ္ရန္အတြက္ မတ္လ ၂၄ ရက္ေန႔ကစၿပီး ဧၿပီလ ၃၀ ရက္ေန႔အထိ ယာယီပိတ္သိမ္းဖို႔ ၫႊန္ၾကားထားခဲ့တာ ျဖစ္ၿပီး ယခုထပ္မံ ရက္တိုးျမႇင့္လိုက္တာပါ။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံးရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ထုတ္ျပန္ေၾကညာခ်က္ ၁၀ ခ်က္ကို စုစည္းေဖၚျပထားပါတယ္။

တိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္အားလုံးမွာ ည ၁၀ နာရီအခ်ိန္ကေန ေနာက္ေန႔မနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္ကို လိုက္နာဖို႔လူထုေတြ႕ဆုံပြဲေတြ၊ ဘာသာေရးဆိုင္ရာပြဲေတာ္ေတြ ၊ Mobile Service Delivery လုပ္ငန္းေတြ ၊ လူစုလူေဝးနဲ႔ က်င္းပရတဲ့ အခန္းအနားေတြ ကို ေမလ ၁၅ ရက္ေန႔အထိ မက်င္းပဖို႔နဲ႔ ႐ုပ္ရွင္႐ုံေတြ ၊ ဗီဒီယို႐ုံေတြ ၊ ကာရာအိုေကေတြ ၊ စင္တင္ေဖ်ာ္ေျဖေရးေတြ ၊ Beauty Spa ေတြကို ေမလ ၁၅ ေန႔အထိ ယာယီပိတ္သိမ္းထားဖို႔ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ေရာဂါ ျဖစ္ပြားေနတဲ့ တိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္ေတြရွိ Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြမွာ အၿမဲေနထိုင္သူ ျဖစ္ေစ ၊ ယာယီေနထိုင္ခဲ့သူျဖစ္ေစ ဧရာဝတီတိုင္းအတြင္း ဝင္ေရာက္လာပါက ဘယ္သူမဆို Community Based Quarantine (၂၁)ရက္ထားရွိသြားဖို႔နဲ႔ ကုန္တင္ယဥ္ႀကီးေတြ အပါအဝင္ ၊ယဥ္ေမာင္းအပါအဝင္ ၅ ေယာက္ထက္မပိုတဲ့ အိမ္စီးကားေတြ ၊ အေရးတႀကီးသြားလာဖို႔ ေထာက္ခံခ်က္ပါတဲ့ အငွားယဥ္ေတြ ၊ အေရးေပၚလူနာတင္ယဥ္ေတြ ကလြဲၿပီး က်န္ေမာ္ေတာ္ယဥ္ေတြကို ေမလ ၁၅ ရက္ေန႔အထိ ယာယီပိတ္ထားဖို႔ကိုလည္း ၫႊန္ၾကားထားပါတယ္။

အဲဒီထုတ္ျပန္ခ်က္ထဲမွာ ပုသိမ္ခ႐ိုင္အတြင္းရွိ ေခ်ာင္းသာ၊ေငြေဆာင္၊ ေ႐ႊေသာင္ယံ ၊ေဂၚရန္ဂ်ီကမ္းေျခေတြ အပါအဝင္ တိုင္ေဒသႀကီးအတြင္းရွိ ဟိုတယ္၊မိုတယ္၊တည္းခိုခန္း၊Innေတြကို ေမလ ၁၅ ရက္ေန႔အထိ ယာယီပိတ္ထားဖို႔နဲ႔ စည္ပင္သာယာေရးအဖြဲ႕ပိုင္ ေစ်းေတြမွာ အေျခခံစားေသာက္ကုန္ နဲ႔ ေဆးဝါးဆိုင္ေတြကလြဲၿပီး အျခားဆိုင္ေတြကို ေမလ ၁၅ ရက္ေန႔အထိ ယာယီပိတ္ထားဖို႔ ေဖာ္ျပထားပါတယ္။

တိုင္းေဒသႀကီးအတြင္းက တန္ခိုးႀကီးဘုရားေတြကို ေစတီပုထိုးေတြကိုလည္း ေမလ ၁၅ ရက္ေန႔အထိ ယာယီပိတ္ထားဖို႔၊ တိုင္းေဒသႀကီးအတြင္း ခရီးသြားလာမႈအတြက္ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြဆီကေန ခရီးသြားေထာက္ခံခ်က္ယူေဆာင္လာဖို႔ ၊အျခားတိုင္းနဲ႔ျပည္နယ္ေတြက ခရီးသြားဝင္ေရာက္လာသူေတြအေနနဲ႔ မိမိတို႔လာခဲ့တဲ့ ၿမိဳ႕နယ္ရဲ႕ သက္ဆိုင္ရာ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြဆီက ခရီးသြားေထာက္ခံခ်က္ယူေဆာင္လာဖို႔ကိုလည္း ထုတ္ျပန္ထားၿပီး ဒီၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ပ်က္ကြက္မယ္ဆိုရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္ႏွင္းေရးဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ပါရွိပါတယ္။

Topic – #ဧရာဝတီတိုင်း#ကမ်းခြေ#COVID-19

Delta News

Read Previous

ကိုဗစ်ရောဂါပျောက်တယ်ဆိုပြီး အရက်သောက်လို့ လူ (၇၀၀)ကျော်သေဆုံး

Read Next

မလေးရှားမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုမယ်

Most Popular