မလေးရှားမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုမယ်

၁ ၊ မေ၊ ၂၀၂၀။

မလေးရှားနိုင်ငံမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်ပတ်ခွင့် ပြုသွားမယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က မေလ ၁ရက်နေ့မှာ ပြောပါတယ်။

အခုလိုခွင့်ပြုတာက မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျော့နေတဲ့ တစ်စိတ်တစ်ပိုင်းလုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးလုပ်တာတွေအပြင် ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေကို ပြန်ခွင့်ပြုမှာ မဟုတ်သေးဘဲ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ဆက်ပြီးပိတ်ထားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အရှေ့တောင်အာရှအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ အရေအတွက် အများဆုံးအဖြစ် မြင့်တက်ခဲ့ပေမယ့် မကြာသေးခင်ရက်ပိုင်းမှာတော့ ကူးစက်မှုနှုန်းလျော့ကျလာခဲ့တာပါ။

လက်ရှိအချိန်ထိ မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါပိုးရှိသူ စုစုပေါင်း (၆၀၇၁)ဦး တွေ့ရှိထားပြီး (၁၀၃)ဦး သေဆုံးခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ရောဂါပိုးကူးစက်မှုနှုန်းတိုးမြင့်လာတာကြောင့် မတ်လ ၁၈ရက်နေ့ကစပြီး မလိုအပ်တဲ့ စီးရေးလုပ်ငန်းတွေ၊ စာသင်ကျောင်းတွေပိတ်ထားခဲ့ပြီး လူစုလူဝေးနဲ့ ခရီးသွားတာတွေကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေကို အခြေခံပြီး တိကျတဲ့ ကျန်းမာရေးဆိုင်ရာ စံနှုန်းလုပ်ငန်းစဉ်တွေနဲ့အညီ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့်ပြုဖို့ မလေးရှားအစိုးရအနေနဲ့ ဆုံးဖြတ်လိုက်တာလို့ ဝန်ကြီးချုပ် Muhyiddin ကပြောပါတယ်။

အဲဒီကျန်းမာရေးဆိုင်ရာ စံနှုန်းတွေထဲမှာ လုပ်ငန်းခွင်အတွင်း mask တပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုထိန်းသိမ်းရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေ အိမ်ကနေအလုပ်လုပ်ကြဖို့နဲ့ မဖြစ်မနေရုံးလာရမယ့် ဝန်ထမ်းတွေကိုလည်း ရက်ခြားပြီး အလှည့်ကျအလုပ်ဆင်းကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သီတင်းပတ် ၆ပတ်ကြာ ခရီးသွားလာခွင့်ကန့်သတ်တာနဲ့ တခြားပိတ်ဆို့မှုတွေကြောင့် အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

(Zawgyi)

မေလးရွားမွာ ေမလ ၄ရက္ေန႔ကစၿပီး စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ခြင့္ျပဳမယ္

၁ ၊ ေမ၊ ၂၀၂၀။

မေလးရွားႏိုင္ငံမွာ ေမလ ၄ရက္ေန႔ကစၿပီး စီးပြားေရးလုပ္ငန္းအမ်ားစုကို ျပန္လည္ပတ္ခြင့္ ျပဳသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ေမလ ၁ရက္ေန႔မွာ ေျပာပါတယ္။

အခုလိုခြင့္ျပဳတာက မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါျပန္႔ပြားမႈထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ့ေနတဲ့ တစ္စိတ္တစ္ပိုင္းလုပ္ေဆာင္မႈလည္း ျဖစ္ပါတယ္။

ဘာသာေရးအခမ္းအနားေတြ၊ လူစုလူေဝးလုပ္တာေတြအျပင္ ႐ုပ္ရွင္႐ုံေတြ၊ ႏိုက္ကလပ္ေတြကို ျပန္ခြင့္ျပဳမွာ မဟုတ္ေသးဘဲ စာသင္ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြကိုလည္း ဆက္ၿပီးပိတ္ထားမယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

မေလးရွားႏိုင္ငံဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွာ အေရွ႕ေတာင္အာရွအတြင္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူ အေရအတြက္ အမ်ားဆုံးအျဖစ္ ျမင့္တက္ခဲ့ေပမယ့္ မၾကာေသးခင္ရက္ပိုင္းမွာေတာ့ ကူးစက္မႈႏႈန္းေလ်ာ့က်လာခဲ့တာပါ။

လက္ရွိအခ်ိန္ထိ မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုးရွိသူ စုစုေပါင္း (၆၀၇၁)ဦး ေတြ႕ရွိထားၿပီး (၁၀၃)ဦး ေသဆုံးခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွာ ေရာဂါပိုးကူးစက္မႈႏႈန္းတိုးျမင့္လာတာေၾကာင့္ မတ္လ ၁၈ရက္ေန႔ကစၿပီး မလိုအပ္တဲ့ စီးေရးလုပ္ငန္းေတြ၊ စာသင္ေက်ာင္းေတြပိတ္ထားခဲ့ၿပီး လူစုလူေဝးနဲ႔ ခရီးသြားတာေတြကို တားျမစ္ခဲ့တာ ျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္ေတြကို အေျခခံၿပီး တိက်တဲ့ က်န္းမာေရးဆိုင္ရာ စံႏႈန္းလုပ္ငန္းစဥ္ေတြနဲ႔အညီ စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္ပတ္ခြင့္ျပဳဖို႔ မေလးရွားအစိုးရအေနနဲ႔ ဆုံးျဖတ္လိုက္တာလို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin ကေျပာပါတယ္။

အဲဒီက်န္းမာေရးဆိုင္ရာ စံႏႈန္းေတြထဲမွာ လုပ္ငန္းခြင္အတြင္း mask တပ္တာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ခြာခြာေနတာနဲ႔ တစ္ကိုယ္ေရသန္႔ရွင္းမႈထိန္းသိမ္းေရးတို႔ ပါဝင္ပါတယ္။

ဒါ့အျပင္ ဝန္ထမ္းေတြ အိမ္ကေနအလုပ္လုပ္ၾကဖို႔နဲ႔ မျဖစ္မေန႐ုံးလာရမယ့္ ဝန္ထမ္းေတြကိုလည္း ရက္ျခားၿပီး အလွည့္က်အလုပ္ဆင္းၾကဖို႔ ဝန္ႀကီးခ်ဳပ္က တိုက္တြန္းခဲ့ပါတယ္။

မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ သီတင္းပတ္ ၆ပတ္ၾကာ ခရီးသြားလာခြင့္ကန္႔သတ္တာနဲ႔ တျခားပိတ္ဆို႔မႈေတြေၾကာင့္ အစိုးရအေနနဲ႔ အေမရိကန္ေဒၚလာ ၁၄ ဘီလီယံေက်ာ္ ဆုံးရႈံးခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

Ref : alkhaleejtoday
Photo Credit – alkhaleejtoday

Topic – #မလေးရှား#စီးပွားရေး#ကိုဗစ်