ကိုဗစ်ရောဂါပျောက်တယ်ဆိုပြီး အရက်သောက်လို့ လူ (၇၀၀)ကျော်သေဆုံး

၂၈၊ ဧပြီ၊ ၂၀၂၀။

အီရန်နိုင်ငံမှာ ကိုဗစ်ရောဂါပျောက်နိုင်တယ်ဆိုတဲ့ တလွဲယူဆမှုတွေကြောင့် မက်သနောပါဝင်တဲ့ အရက်တွေသောက်မိလို့ လူ (၇၀၀)ကျော် အဆိပ်သင့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်ကနေ ဧပြီလ ၇ရက်နေ့အထိ အီရန်နိုင်ငံမှာ အရက်အဆိပ်သင့်လို့ သေဆုံးသူ စုစုပေါင်း (၇၂၈)ဦးရှိတယ်လို့ အီရန် ကိုဗစ်ရောဂါဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အီရန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်က အရက်အဆိပ်သင့်သေဆုံးသူ (၆၆)ဦးသာရှိပြီး ယခု Covid-19 ကပ်ရောဂါကာလအတွင်း လက်ရှိ သေဆုံးသူအရေအတွက်ဟာ ဆယ်ဆတိုးလာတယ်လို့ ဧပြီလအစောပိုင်းက ထုတ်ပြန်တဲ့ အစိုးရ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရက်အဆိပ်သင့်လို့ ရောက်လာတဲ့လူနာ စုစုပေါင်း (၅,၀၁၁)ဦးရှိပြီး အဲဒီထဲက အယောက် ၉၀ကျော်ဟာ အမြင်အာရုံဆုံးရှုံးတာနဲ့ မျက်စိထိခိုက်မှုတွေ ခံစားခဲ့ရတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Kianoush Jahanpour ကပြောပါတယ်။

အဆိပ်ပြင်းတဲ့ မက်သနောဟာ အနံကင်းပြီး အရသာမဲ့ပါတယ်။ သူရဲ့ရောဂါလက္ခဏာတွေကတော့ ရင်ဘတ်အောင့်တာ ၊ ပျို့အန်တာ၊ မျက်စိကွယ်နိုင်တာနဲ့ ဦးနှောက်ကိုလည်း ပျက်စီးစေနိုင်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ Covid-19 ရောဂါဖြစ်ပွားမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အီရန်နိုင်ငံမှာ ရောဂါပိုးရှိသူ ၉သောင်းကျော်တွေ့ရှိထားပြီး လူပေါင်း ၅ထောင် ၈ရာကျော် သေဆုံးခဲ့ပါတယ်။

(Zawgyi)

ကိုဗစ္ေရာဂါေပ်ာက္တယ္ဆိုၿပီး အရက္ေသာက္လို႔ လူ (၇၀၀)ေက်ာ္ေသဆုံး

၂၈၊ ဧၿပီ၊ ၂၀၂၀။

အီရန္ႏိုင္ငံမွာ ကိုဗစ္ေရာဂါေပ်ာက္ႏိုင္တယ္ဆိုတဲ့ တလြဲယူဆမႈေတြေၾကာင့္ မက္သေနာပါဝင္တဲ့ အရက္ေတြေသာက္မိလို႔ လူ (၇၀၀)ေက်ာ္ အဆိပ္သင့္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

အခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ရက္ကေန ဧၿပီလ ၇ရက္ေန႔အထိ အီရန္ႏိုင္ငံမွာ အရက္အဆိပ္သင့္လို႔ ေသဆုံးသူ စုစုေပါင္း (၇၂၈)ဦးရွိတယ္လို႔ အီရန္ ကိုဗစ္ေရာဂါဆိုင္ရာ က်န္းမာေရးအာဏာပိုင္ေတြက ေျပာပါတယ္။

အီရန္ႏိုင္ငံမွာ ၂၀၁၉ ခုႏွစ္က အရက္အဆိပ္သင့္ေသဆုံးသူ (၆၆)ဦးသာရွိၿပီး ယခု Covid-19 ကပ္ေရာဂါကာလအတြင္း လက္ရွိ ေသဆုံးသူအေရအတြက္ဟာ ဆယ္ဆတိုးလာတယ္လို႔ ဧၿပီလအေစာပိုင္းက ထုတ္ျပန္တဲ့ အစိုးရ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အရက္အဆိပ္သင့္လို႔ ေရာက္လာတဲ့လူနာ စုစုေပါင္း (၅,၀၁၁)ဦးရွိၿပီး အဲဒီထဲက အေယာက္ ၉၀ေက်ာ္ဟာ အျမင္အာ႐ုံဆုံးရႈံးတာနဲ႔ မ်က္စိထိခိုက္မႈေတြ ခံစားခဲ့ရတယ္လို႔ အီရန္က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ပုဂၢိဳလ္ Kianoush Jahanpour ကေျပာပါတယ္။

အဆိပ္ျပင္းတဲ့ မက္သေနာဟာ အနံကင္းၿပီး အရသာမဲ့ပါတယ္။ သူရဲ႕ေရာဂါလကၡဏာေတြကေတာ့ ရင္ဘတ္ေအာင့္တာ ၊ ပ်ိဳ႕အန္တာ၊ မ်က္စိကြယ္ႏိုင္တာနဲ႔ ဦးေႏွာက္ကိုလည္း ပ်က္စီးေစႏိုင္ပါတယ္။

အေရွ႕အလယ္ပိုင္းေဒသမွာ Covid-19 ေရာဂါျဖစ္ပြားမႈ အဆိုးဆုံးအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အီရန္ႏိုင္ငံမွာ ေရာဂါပိုးရွိသူ ၉ေသာင္းေက်ာ္ေတြ႕ရွိထားၿပီး လူေပါင္း ၅ေထာင္ ၈ရာေက်ာ္ ေသဆုံးခဲ့ပါတယ္။

Ref : aljazeera
Photo Credit – Reuters
#အီရန်#ကိုဗစ်#မက်သနော#အရက်