ဝူဟန်မြို့မှာ COVID-19 လူနာတွေအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးပြော

၂၇၊ ဧပြီ၊ ၂၀၂၀။

ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံဝူဟန်မြို့က ဆေးရုံတွေမှာ COVID-19 လူနာတွေအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးကို လျင်လျင်မြန်မြန် မပြန့်ပွားခင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလက ဝူဟန်မြို့ရဲ့ သားငါးစျေးတစ်ခုကနေ စတင်ပေါ်ပေါက်လာတယ်လို့ ယူဆရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိအချိန်အထိ COVID-19ကြောင့် တစ်ကမ္ဘာလုံးမှာ လူပေါင်း နှစ်သိန်း ခုနစ်ထောင်ကျော် သေဆုံးခဲ့ပြီး အယောက် သုံးသန်းကျော် ကူးစက်ခံထားရပါတယ်။

ဧပြီလ ၂၆ရက်အနေ့အထိ နောက်ဆုံးသတင်းအရ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာသစ် လုံးဝမရှိတော့ဘူး၊ ဝူဟန်မြို့ရဲ့ ပူးပေါင်းမှုနဲ့ တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေရဲ့ အားထုတ်မှုကို ကျေးဇူးတင်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Mi Feng က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဝူဟန်မြို့မှာ COVID-19 ရောဂါစတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက လူပေါင်း (၄၆,၄၅၂)ဦး ရောဂါကူးစက်ခံရပြီး စုစုပေါင်း (၃,၈၆၉)ဦး သေဆုံးခဲ့ပါတယ်။

တရုတ်အစိုးရဟာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အခုနှစ် ဇန်နဝါရီလကုန်ပိုင်းက စလို့ ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ်ကို လော့ဒေါင်းချ အသွားအလာကန့်သတ်ခဲ့ပြီး ရထားနဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း နှစ်လကျော်ကြာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဧပြီလ ၂၅ရက်နေ့စာရင်းအရ ရောဂါပိုးတွေ့ရှိသူ (၁၁)ဦးသာ ထပ်တိုးလာပြီး သေဆုံးသူ မရှိဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒါပေမယ့် COVID-19 ရောဂါပြန်သက်သာလာသူတွေဟာ နောက်တစ်ကြိမ် ရောဂါပြန်မဖြစ်ဘူးဆိုတဲ့ သက်သေမရှိတာကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့ အသွားအလာကန့်သတ်ပိတ်ပင်မှုတွေကို အလွယ်တကူ ဖြေလျာ့မပေးသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တိုက်တွန်းထားပါတယ်။

(Zawgyi)

ဝူဟန္ၿမိဳ႕မွာ COVID-19 လူနာေတြအားလုံး ေဆး႐ုံဆင္းသြားၿပီလို႔ တ႐ုတ္အစိုးေျပာ

၂၇၊ ဧၿပီ၊ ၂၀၂၀။

ကမာၻ႔ကပ္ေရာဂါ COVID-19 စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕က ေဆး႐ုံေတြမွာ COVID-19 လူနာေတြအားလုံး ေဆး႐ုံဆင္းသြားၿပီလို႔ တ႐ုတ္က်န္းမာေရးတာဝန္ရွိသူတစ္ဦးက ဧၿပီလ ၂၆ရက္ေန႔မွာ မီဒီယာေတြကို ေျပာခဲ့ပါတယ္။

COVID-19 ေရာဂါဟာ တစ္ကမာၻလုံးကို လ်င္လ်င္ျမန္ျမန္ မျပန္႔ပြားခင္ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလက ဝူဟန္ၿမိဳ႕ရဲ႕ သားငါးေစ်းတစ္ခုကေန စတင္ေပၚေပါက္လာတယ္လို႔ ယူဆရတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

လက္ရွိအခ်ိန္အထိ COVID-19ေၾကာင့္ တစ္ကမာၻလုံးမွာ လူေပါင္း ႏွစ္သိန္း ခုနစ္ေထာင္ေက်ာ္ ေသဆုံးခဲ့ၿပီး အေယာက္ သုံးသန္းေက်ာ္ ကူးစက္ခံထားရပါတယ္။

ဧၿပီလ ၂၆ရက္အေန႔အထိ ေနာက္ဆုံးသတင္းအရ ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လူနာသစ္ လုံးဝမရွိေတာ့ဘူး၊ ဝူဟန္ၿမိဳ႕ရဲ႕ ပူးေပါင္းမႈနဲ႔ တစ္ႏိုင္ငံလုံးက က်န္းမာေရးဝန္ထမ္းေတြရဲ႕ အားထုတ္မႈကို ေက်းဇူးတင္တယ္လို႔ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္ ေျပာခြင့္ရပုဂၢိဳလ္ Mi Feng က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဝူဟန္ၿမိဳ႕မွာ COVID-19 ေရာဂါစတင္ျဖစ္ပြားတဲ့ အခ်ိန္ကတည္းက လူေပါင္း (၄၆,၄၅၂)ဦး ေရာဂါကူးစက္ခံရၿပီး စုစုေပါင္း (၃,၈၆၉)ဦး ေသဆုံးခဲ့ပါတယ္။

တ႐ုတ္အစိုးရဟာ ေရာဂါျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ အခုႏွစ္ ဇန္နဝါရီလကုန္ပိုင္းက စလို႔ ဝူဟန္ၿမိဳ႕နဲ႔ ဟူေဘးျပည္နယ္ကို ေလာ့ေဒါင္းခ် အသြားအလာကန္႔သတ္ခဲ့ၿပီး ရထားနဲ႔ ေလေၾကာင္းခရီးစဥ္ေတြကိုလည္း ႏွစ္လေက်ာ္ၾကာ ရပ္နားခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ဧၿပီလ ၂၅ရက္ေန႔စာရင္းအရ ေရာဂါပိုးေတြ႕ရွိသူ (၁၁)ဦးသာ ထပ္တိုးလာၿပီး ေသဆုံးသူ မရွိဘူးလို႔ က်န္းမာေရးအာဏာပိုင္ေတြက ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

ဒါေပမယ့္ COVID-19 ေရာဂါျပန္သက္သာလာသူေတြဟာ ေနာက္တစ္ႀကိမ္ ေရာဂါျပန္မျဖစ္ဘူးဆိုတဲ့ သက္ေသမရွိတာေၾကာင့္ သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြအေနနဲ႔ အသြားအလာကန္႔သတ္ပိတ္ပင္မႈေတြကို အလြယ္တကူ ေျဖလ်ာ့မေပးသင့္ဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က တိုက္တြန္းထားပါတယ္။

Ref : Reuters
Photo Credit -The Red Cross Society of China

#တရုတ်#ဝူဟန်#COVID-19