ကုန်တင်ကားကိုအလုံပိတ်ပြီး ဧရာဝတီတိုင်းထဲ ခိုးဝင်တဲ့ လူ (၆၀) ကျော် မယ်ဇလီဂိတ်မှာမိ

Photo credit – Ni Ni Moe @ facebook

၂၆၊ ဧပြီ၊ ၂၀၂၀။

ဒီကနေ့ညနေပိုင်းမှာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်က မယ်ဇလီဂိတ်မှာ ဧရာဝတီတိုင်းထဲကို ကုန်တင်ကားနှစ်စီးနဲ့ ခိုးဝင်လာတဲ့ လူ (၆၀)ကျော် ရှာဖွေမိထားတယ်လို့ ညောင်တုန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက Delta News Agency ကိုပြောပါတယ်။

“မော်လမြိုင် ကျိုက်ခမီဘက်ကပြန်လာတဲ့ သူတွေ၊ ကားတစ်စီးက (၃၄)ယောက် ကားတစ်စီးက (၃၂)ယောက်၊သူတို့မှာ ထောက်ခံချက်တွေပါတယ်၊ ပုန်းပြီးပြန်လာတယ်ဆိုတာ အဓိကကတော့ ကားသမားလို့ ထင်တယ် ၊ ပိုက်ဆံဘယ်လောက်ယူထားပြီးတော့ ခေါ်လာမှန်းမသိဘူးလေ ၊ ငါးယောက်ထက်ပိုပြီး မသွားရဘူးဆိုတာကို သူတို့သိတယ် သိလို့ပဲ (၃၀)ကျော်ကို ပုန်ဝှက်ပြီးတင်လာတာ အဲဒီကတည်းက မူမမှန်တာလေ၊ ပြီးတော့ ကုန်ကားဆိုတာလူတင်ခွင့် မရှိဘူးလေ၊ အဲဒီဟာကိုလည်း ချိုးဖောက်တယ် ၊ နောက်ပြီးတော့ လူအယောက် (၃၀)ဆယ်ကျော်ကြီးကိုလည်း ကျပ်ပိတ်ပြီးတင်လာတဲ့အခါမှာ စိုးရိမ်ဖို့ကောင်းတာက အလုံပိတ်လာတာ ၊ အထဲမှာ ကလေးတွေလည်းပါတယ် ၊ နို့ဆို့အရွယ်ကလေးတွေလည်း ပါတယ် အရမ်းအန္တရာယ်များတယ်။သူတို့က အုတ်ဖုတ်တဲ့ လုပ်သားတွေ”လို့ ဒေါ်နီနီမိုးက ပြောပါတယ်။

ဒီနေ့မှာပဲ ရန်ကုန် လှိုင်သာယာကနေ ဧရာဝတီတိုင်းအတွင်းကို ပြန်လာသူတွေလည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့တွေကို ရွာထဲကိုတန်းမပြန်ခိုင်းပဲ ရပ်ရွာအခြေပြုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာသာ ထားတယ်လို့ သိရပါတယ်။

မယ်ဇလီဂိတ်ဟာ ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုလာမယ်ဆိုရင် မဖြစ်မနေဖြတ်ရတဲ့ နေရာတစ်ခု ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားချက်အရ အခုလို ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကြီးကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရညွှန်ကြားချက်တွေကို အကောင်အထည်ဖေါ်မှုအပိုင်းမှာတော့ အားနည်းချက်တွေ ရှိတယ်လို့ ဒေါ်နီနီမိုးက သုံးသပ်ပါတယ်။

“သူတို့ရဲ့ အမိန့်ညွှန်ကြားချက်ကို ညီအောင်လုပ်လေ၊ အခုဒါမျိုးတွေဖြစ်လာပြီ ကားသမားကို ဘယ်လိုအရေးယူမလဲဆိုပြီး ထွေအုပ်ကို မေးတော့လည်း သူတို့ကို ညွှန်ကြားထားတာမရှိလို့ လုပ်ပိုင်ခွင့် မရှိပါဘူးလို့ ပြောတယ်၊ ရဲကိုမေးတော့လည်း တိုင်းကညွှန်ကြား ထားတာမရှိလို့ ပြောတယ်၊ အမတို့က ဘယ်သူ့ကို လိုက်ပြီး အဖေခေါ်ရမှန်း မသိတော့ဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ အခုလို ခိုးဝင်လာသူတွေကို သူတို့ရဲ့နေရပ်က သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီး အဆင်ပြေအောင် ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

(Zawgyi)

ကုန္တင္ကားကိုအလုံပိတ္ၿပီး ဧရာဝတီတိုင္းထဲ ခိုးဝင္ခဲ့တဲ့ လူ (၆၀) ေက်ာ္ မယ္ဇလီဂိတ္မွာမိ
၂၆၊ ဧၿပီ၊ ၂၀၂၀။

ဒီကေန႔ညေနပိုင္းမွာ ရန္ကုန္-ပုသိမ္ကားလမ္းမႀကီးေပၚက မယ္ဇလီဂိတ္မွာ ဧရာဝတီတိုင္းထဲကို ကုန္တင္ကားႏွစ္စီးနဲ႔ ခိုးဝင္လာတဲ့ လူ (၆၀)ေက်ာ္ ရွာေဖြမိထားတယ္လို႔ ေညာင္တုန္းတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီမိုးက Delta News Agency ကိုေျပာပါတယ္။

“ေမာ္လၿမိဳင္ က်ိဳက္ခမီဘက္ကျပန္လာတဲ့ သူေတြ၊ ကားတစ္စီးက (၃၄)ေယာက္ ကားတစ္စီးက (၃၂)ေယာက္၊သူတို႔မွာ ေထာက္ခံခ်က္ေတြပါတယ္၊ ပုန္းၿပီးျပန္လာတယ္ဆိုတာ အဓိကကေတာ့ ကားသမားလို႔ ထင္တယ္ ၊ ပိုက္ဆံဘယ္ေလာက္ယူထားၿပီးေတာ့ ေခၚလာမွန္းမသိဘူးေလ ၊ ငါးေယာက္ထက္ပိုၿပီး မသြားရဘူးဆိုတာကို သူတို႔သိတယ္ သိလို႔ပဲ (၃၀)ေက်ာ္ကို ပုန္ဝွက္ၿပီးတင္လာတာ အဲဒီကတည္းက မူမမွန္တာေလ၊ ၿပီးေတာ့ ကုန္ကားဆိုတာလူတင္ခြင့္ မရွိဘူးေလ၊ အဲဒီဟာကိုလည္း ခ်ိဳးေဖာက္တယ္ ၊ ေနာက္ၿပီးေတာ့ လူအေယာက္ (၃၀)ဆယ္ေက်ာ္ႀကီးကိုလည္း က်ပ္ပိတ္ၿပီးတင္လာတဲ့အခါမွာ စိုးရိမ္ဖို႔ေကာင္းတာက အလုံပိတ္လာတာ ၊ အထဲမွာ ကေလးေတြလည္းပါတယ္ ၊ ႏို႔ဆို႔အ႐ြယ္ကေလးေတြလည္း ပါတယ္ အရမ္းအႏၲရာယ္မ်ားတယ္။သူတို႔က အုတ္ဖုတ္တဲ့ လုပ္သားေတြ”လို႔ ေဒၚနီနီမိုးက ေျပာပါတယ္။

ဒီေန႔မွာပဲ ရန္ကုန္ လႈိင္သာယာကေန ဧရာဝတီတိုင္းအတြင္းကို ျပန္လာသူေတြလည္းရွိတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ သူတို႔ေတြကို ႐ြာထဲကိုတန္းမျပန္ခိုင္းပဲ ရပ္႐ြာအေျချပဳအသြားအလာေစာင့္ၾကည့္ေရးစင္တာေတြမွာသာ ထားတယ္လို႔ သိရပါတယ္။

မယ္ဇလီဂိတ္ဟာ ရန္ကုန္ကေန ဧရာဝတီတိုင္းကိုလာမယ္ဆိုရင္ မျဖစ္မေနျဖတ္ရတဲ့ ေနရာတစ္ခု ျဖစ္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ၫႊန္ၾကားခ်က္အရ အခုလို ဌာနဆိုင္ရာေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ႀကီးၾကပ္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အစိုးရၫႊန္ၾကားခ်က္ေတြကို အေကာင္အထည္ေဖၚမႈအပိုင္းမွာေတာ့ အားနည္းခ်က္ေတြ ရွိတယ္လို႔ ေဒၚနီနီမိုးက သုံးသပ္ပါတယ္။

“သူတို႔ရဲ႕ အမိန႔္ၫႊန္ၾကားခ်က္ကို ညီေအာင္လုပ္ေလ၊ အခုဒါမ်ိဳးေတြျဖစ္လာၿပီ ကားသမားကို ဘယ္လိုအေရးယူမလဲဆိုၿပီး ေထြအုပ္ကို ေမးေတာ့လည္း သူတို႔ကို ၫႊန္ၾကားထားတာမရွိလို႔ လုပ္ပိုင္ခြင့္ မရွိပါဘူးလို႔ ေျပာတယ္၊ ရဲကိုေမးေတာ့လည္း တိုင္းကၫႊန္ၾကား ထားတာမရွိလို႔ ေျပာတယ္၊ အမတို႔က ဘယ္သူ႔ကို လိုက္ၿပီး အေဖေခၚရမွန္း မသိေတာ့ဘူး”လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ အခုလို ခိုးဝင္လာသူေတြကို သူတို႔ရဲ႕ေနရပ္က သက္ဆိုင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး အဆင္ေျပေအာင္ ေဆာင္႐ြက္ေနရတယ္လို႔ သိရပါတယ္။

#ဧရာဝတီတိုင်း#ရန်ကုန်#ပုသိမ်#ခိုးဝင်