လှိုင်သာယာကနေ ဧရာဝတီတိုင်းဆီ ပြန်လာမယ့်သူတွေကို မြို့နယ်အလိုက်စောင့်ကြည့်ဖို့ ညွှန်ကြားလိုက်ပြီ

၂၆ ၊ ဧပြီလ ၊၂၀၂၀။

ဧပြီလ ၂၄ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ COVID-19 လူနာအမှတ်(၁၄၄) ဟာ လှိုင်သာယာဖိနပ်စက်ရုံက စကားပြန်ဖြစ်ကြောင်း သတင်းထွက်ပေါ်လာအပြီးမှာ ဧရာဝတီတိုင်းအတွင်း အခုလို ကြပ်မတ်စစ်ဆေးမှုကို မြှင့်တင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

“တို့ဆီမှာ အဲဒီက ကျွံထွက်လာမှာတွေကို အင်ကွာရီ လုပ်နေတာ ရှိတယ်၊ ဒီတိုင်းတော့ မထားဘူး၊ ချက်ခြင်းညွှန်ကြားတယ်၊ တိုင်းကျန်းမာကလည်း ခရိုင်အလိုက် မြို့နယ်အလိုက် အင်ကွာရီလိုက်လုပ်နေတာ ရှိတယ် ” လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။ လူနာအမှတ် (၁၄၄)ဟာ လှိုင်သာယာစက်မှုဇုံ ၂ မှာရှိတဲ့ ချန်းရီဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးပါ။

ချန်းရီဖိနစ်စက်ရုံမှာ အလုပ်သမား (၉၀၀၀)ကျော် အလုပ်လုပ်ကိုင်လျှက်ရှိပြီး မနေ့ကအထိ စက်ရုံလည်ပတ်လျှက်ရှိတယ်လို့လည်း သတင်းဌာနအချို့မှာ ဖေါ်ပြနေပါတယ်။ အခုလို COVID-19 Positive လူနာတစ်ဦးပေါ်ထွက်လာပြီးနောက်ပိုင်းမှာ စက်ရုံအလုပ်သမားအများစုရှိနေတဲ့ လှိုင်သာယာမြို့နယ်အတွင်း စိုးရိမ်စိတ်တွေ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

“လှိုင်သာယာစက်မှုဇုံရဲ့ အလုပ်သမား အဓိက ၅၀ ရာခိုင်နှုန်းကတော့ ဧရာဝတီတိုင်းကလာတာပေါ့ဗျာ ၊ ဆိုင်ကယ်နဲ့သွားလို့လာလို့ကလည်း လွယ်တာဖြစ်တဲ့အတွက် ၊ အခုဖြစ်တဲ့ စက်ရုံကိစ္စသက်ရောက်မှုက ကြီးလာမယ်ဆိုရင် ဧပြီလကုန်နောက်ပိုင်း စက်ရုံတွေပြန်ဖွင့်ဖို့ကိစ္စအကျပ်အတည်းဖြစ်သွားရင် အလုပ်သမားတွေက ဧရာဝတီတိုင်းကို ပြန်ဆင်းနိုင်တဲ့ အခြေအနေရှိမယ်လို့” လှိုင်သာယာအခြေစိုက် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ We Generation Network ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုနန္ဒာစစ်အောင်က သုံးသပ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းကနေ လှိုင်သာယာက စက်ရုံတွေမှာ လာရောက်လုပ်ကိုင်သူတွေအနေနဲ့ နေထိုင်စားသောက်ရေး အခက်အခဲတွေက ဒီလကုန်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ကိုနန္ဒာစစ်အောင်က သုံးသပ်ပါတယ်။

“မေလ ၅ ရက်နေ့ဆိုရင် အဆောင်လခတွေပေးရတော့မယ် ၊ တကယ်လို့ ဧပြီလ ကုန်မှာ လစာထုတ်တဲ့အခါမှာ အပြည့်အဝမရဘူးဆိုရင် ၅ ရက်နောက်ပိုင်းမှာ အစုလိုက်ပြန်တာတွေ ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် တစ်ပါတ်ကျော်လောက် အချိန်က ဟနေသေးတဲ့အတွက် ဒီရက်ပိုင်းမှာ အစုလိုက် ပြန်ပြီး မေ ၅ ရက်ကျော်မှ ရန်ကုန်ကို ပြန်လာတာမျိုးတွေလည်း ရှိနိုင်တယ်လို့”လည်း သူက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာတော့ တိုင်းအတွင်းဝင်ပေါက် ၆ နေရာမှာ ဂိတ်တွေချပြီး စိစစ်တာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စပြီးဆောင်ရွက်နေတာပါ။

တိုင်းဒေသကြီးရဲ့ မြို့တော်ပုသိမ်မြို့အဝင်မှာလည်း ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး စစ်ဆေးနေတာတွေရှိပါတယ်။အဲဒီလို စောင့်ကြည့်စစ်ဆေးမှုတွေပူးပေါင်းလုပ်ဆောင်နေတဲ့ ကိုကျော်လှမိုးကတော့ မြို့ထဲကို ဝင်တဲ့ ဆိုင်ကယ်တွေ ကားတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ Delta News Agency ကိုပြောပါတယ်။

“မြို့ထဲကို ဝင်မယ်ဆိုရင် ၊ ထောက်ခံစာပါမှ ဝင်ခိုင်းတယ် ၊ ဥပမာ တခြားနေရာကနေ ပြန်လာပြီး ငရုတ်ကောင်းတို့ဘာတို့ သွားမယ့်သူမျိုးဆိုရင် ငရုတ်ကောင်းအုပ်ချုပ်ရေးမှူးရဲ့ နေခွင့်ပြုပါတယ်ဆိုတဲ့ ထေက်ခံချက်တောင်းခိုင်းတယ်၊ တကယ်လို့ ထောက်ခံစာမပါဘူးပေါ့ဗျာ ၊ တဖက်ကနေလည်း ဘယ်ကနေ လာပါတယ် ဆိုတဲ့ ထောက်ခံစာမပါဘူးဆိုရင် ကျွန်တော်တို့ ပေးမဝင်ပါဘူး”လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းရဲ့ အနီးဆုံးနဲ့ လူဦးရေအများဆုံးဝင်ပေါက်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ လှိုင်သာယာမြို့က ရှိနေတာပါ။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုအများဆုံးနေရာ အဖြစ်ရှိနေတဲ့ ရန်ကုန်တိုင်းဒေသကြီးကနေ ရွှေ့ပြောင်းလုပ်သားအဖြစ်လုပ်ကိုင်နေကြတဲ့ ဧရာဝတီတိုင်းသားတွေ အစုလိုက်အပြုံလိုက်ပြန်ဝင်လာမှာကို တိုင်းဒေသကြီးအစိုးရက စနစ်တကျဖြစ်ဖို့ ကန့်သတ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့အဝင် ကိုးဆူဂိတ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေ ကူညီလုပ်ဆောင်နေတဲ့ ကိုကျော်လှမိုးကတော့ “လောလောဆယ်တော့ လှိုင်သာယာကနေ လူတွေ များများစားစားပြန်ဝင်လာတာမျိုးတော့ မတွေ့သေးပါဘူး” လို့ဆိုပါတယ် ။

(Zawgyi)

လႈိင္သာယာကေန ဧရာဝတီတိုင္းဆီ ျပန္လာမယ့္သူေတြကို ၿမိဳ႕နယ္အလိုက္ေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားလိုက္ၿပီ

၂၆ ၊ ဧၿပီလ ၊၂၀၂၀။

ဧၿပီလ ၂၄ ရက္ေန႔က က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ COVID-19 လူနာအမွတ္(၁၄၄) ဟာ လႈိင္သာယာဖိနပ္စက္႐ုံက စကားျပန္ျဖစ္ေၾကာင္း သတင္းထြက္ေပၚလာအၿပီးမွာ ဧရာဝတီတိုင္းအတြင္း အခုလို ၾကပ္မတ္စစ္ေဆးမႈကို ျမႇင့္တင္ဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။

“တို႔ဆီမွာ အဲဒီက ကြၽံထြက္လာမွာေတြကို အင္ကြာရီ လုပ္ေနတာ ရွိတယ္၊ ဒီတိုင္းေတာ့ မထားဘူး၊ ခ်က္ျခင္းၫႊန္ၾကားတယ္၊ တိုင္းက်န္းမာကလည္း ခ႐ိုင္အလိုက္ ၿမိဳ႕နယ္အလိုက္ အင္ကြာရီလိုက္လုပ္ေနတာ ရွိတယ္ ” လို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ဝန္ႀကီးဦးဝင္းေဌးက ေျပာပါတယ္။ လူနာအမွတ္ (၁၄၄)ဟာ လႈိင္သာယာစက္မႈဇုံ ၂ မွာရွိတဲ့ ခ်န္းရီဖိနပ္စက္႐ုံမွာ အလုပ္လုပ္ကိုင္ခဲ့သူတစ္ဦးပါ။

ခ်န္းရီဖိနစ္စက္႐ုံမွာ အလုပ္သမား (၉၀၀၀)ေက်ာ္ အလုပ္လုပ္ကိုင္လွ်က္ရွိၿပီး မေန႔ကအထိ စက္႐ုံလည္ပတ္လွ်က္ရွိတယ္လို႔လည္း သတင္းဌာနအခ်ိဳ႕မွာ ေဖၚျပေနပါတယ္။ အခုလို COVID-19 Positive လူနာတစ္ဦးေပၚထြက္လာၿပီးေနာက္ပိုင္းမွာ စက္႐ုံအလုပ္သမားအမ်ားစုရွိေနတဲ့ လႈိင္သာယာၿမိဳ႕နယ္အတြင္း စိုးရိမ္စိတ္ေတြ ႀကီးထြားလာတာပဲ ျဖစ္ပါတယ္။

“လႈိင္သာယာစက္မႈဇုံရဲ႕ အလုပ္သမား အဓိက ၅၀ ရာခိုင္ႏႈန္းကေတာ့ ဧရာဝတီတိုင္းကလာတာေပါ့ဗ်ာ ၊ ဆိုင္ကယ္နဲ႔သြားလို႔လာလို႔ကလည္း လြယ္တာျဖစ္တဲ့အတြက္ ၊ အခုျဖစ္တဲ့ စက္႐ုံကိစၥသက္ေရာက္မႈက ႀကီးလာမယ္ဆိုရင္ ဧၿပီလကုန္ေနာက္ပိုင္း စက္႐ုံေတြျပန္ဖြင့္ဖို႔ကိစၥအက်ပ္အတည္းျဖစ္သြားရင္ အလုပ္သမားေတြက ဧရာဝတီတိုင္းကို ျပန္ဆင္းႏိုင္တဲ့ အေျခအေနရွိမယ္လို႔” လႈိင္သာယာအေျခစိုက္ အလုပ္သမားအေရးကူညီေဆာင္႐ြက္ေပးေနတဲ့ We Generation Network ရဲ႕ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ကိုနႏၵာစစ္ေအာင္က သုံးသပ္ပါတယ္။

ဒါ့အျပင္ ဧရာဝတီတိုင္းကေန လႈိင္သာယာက စက္႐ုံေတြမွာ လာေရာက္လုပ္ကိုင္သူေတြအေနနဲ႔ ေနထိုင္စားေသာက္ေရး အခက္အခဲေတြက ဒီလကုန္မွာ ျဖစ္ေပၚလာႏိုင္တယ္လို႔လည္း ကိုနႏၵာစစ္ေအာင္က သုံးသပ္ပါတယ္။

“ေမလ ၅ ရက္ေန႔ဆိုရင္ အေဆာင္လခေတြေပးရေတာ့မယ္ ၊ တကယ္လို႔ ဧၿပီလ ကုန္မွာ လစာထုတ္တဲ့အခါမွာ အျပည့္အဝမရဘူးဆိုရင္ ၅ ရက္ေနာက္ပိုင္းမွာ အစုလိုက္ျပန္တာေတြ ျဖစ္ႏိုင္တယ္ ၊ ဒါမွမဟုတ္ တစ္ပါတ္ေက်ာ္ေလာက္ အခ်ိန္က ဟေနေသးတဲ့အတြက္ ဒီရက္ပိုင္းမွာ အစုလိုက္ ျပန္ၿပီး ေမ ၅ ရက္ေက်ာ္မွ ရန္ကုန္ကို ျပန္လာတာမ်ိဳးေတြလည္း ရွိႏိုင္တယ္လို႔”လည္း သူက ဆက္ေျပာပါတယ္။

ဧရာဝတီတိုင္းမွာေတာ့ တိုင္းအတြင္းဝင္ေပါက္ ၆ ေနရာမွာ ဂိတ္ေတြခ်ၿပီး စိစစ္တာေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက စၿပီးေဆာင္႐ြက္ေနတာပါ။

တိုင္းေဒသႀကီးရဲ႕ ၿမိဳ႕ေတာ္ပုသိမ္ၿမိဳ႕အဝင္မွာလည္း ဌာနဆိုင္ရာေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြ စုေပါင္းၿပီး စစ္ေဆးေနတာေတြရွိပါတယ္။အဲဒီလို ေစာင့္ၾကည့္စစ္ေဆးမႈေတြပူးေပါင္းလုပ္ေဆာင္ေနတဲ့ ကိုေက်ာ္လွမိုးကေတာ့ ၿမိဳ႕ထဲကို ဝင္တဲ့ ဆိုင္ကယ္ေတြ ကားေတြကို စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ Delta News Agency ကိုေျပာပါတယ္။

“ၿမိဳ႕ထဲကို ဝင္မယ္ဆိုရင္ ၊ ေထာက္ခံစာပါမွ ဝင္ခိုင္းတယ္ ၊ ဥပမာ တျခားေနရာကေန ျပန္လာၿပီး င႐ုတ္ေကာင္းတို႔ဘာတို႔ သြားမယ့္သူမ်ိဳးဆိုရင္ င႐ုတ္ေကာင္းအုပ္ခ်ဳပ္ေရးမႉးရဲ႕ ေနခြင့္ျပဳပါတယ္ဆိုတဲ့ ေထက္ခံခ်က္ေတာင္းခိုင္းတယ္၊ တကယ္လို႔ ေထာက္ခံစာမပါဘူးေပါ့ဗ်ာ ၊ တဖက္ကေနလည္း ဘယ္ကေန လာပါတယ္ ဆိုတဲ့ ေထာက္ခံစာမပါဘူးဆိုရင္ ကြၽန္ေတာ္တို႔ ေပးမဝင္ပါဘူး”လို႔ ဆိုပါတယ္။

ဧရာဝတီတိုင္းရဲ႕ အနီးဆုံးနဲ႔ လူဦးေရအမ်ားဆုံးဝင္ေပါက္အျဖစ္ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ လႈိင္သာယာၿမိဳ႕က ရွိေနတာပါ။ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕ COVID-19 ေရာဂါကူးစက္ပ်ံ႕ပြားမႈအမ်ားဆုံးေနရာ အျဖစ္ရွိေနတဲ့ ရန္ကုန္တိုင္းေဒသႀကီးကေန ေ႐ႊ႕ေျပာင္းလုပ္သားအျဖစ္လုပ္ကိုင္ေနၾကတဲ့ ဧရာဝတီတိုင္းသားေတြ အစုလိုက္အၿပဳံလိုက္ျပန္ဝင္လာမွာကို တိုင္းေဒသႀကီးအစိုးရက စနစ္တက်ျဖစ္ဖို႔ ကန႔္သတ္စစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

ပုသိမ္ၿမိဳ႕အဝင္ ကိုးဆူဂိတ္မွာ ေစာင့္ၾကည့္စစ္ေဆးမႈေတြ ကူညီလုပ္ေဆာင္ေနတဲ့ ကိုေက်ာ္လွမိုးကေတာ့ “ေလာေလာဆယ္ေတာ့ လႈိင္သာယာကေန လူေတြ မ်ားမ်ားစားစားျပန္ဝင္လာတာမ်ိဳးေတာ့ မေတြ႕ေသးပါဘူး” လို႔ဆိုပါတယ္။

#ဧရာဝတီတိုင်း#လှိုင်သာယာ#COVID-19