ဇူလိုင် ၊ ၂၅
တအာင်းတပ် TNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လက်ရှိသိမ်းပိုက်ထားပြီးဖြစ်တဲ့ မိုးကုတ်မြို့သိမ်း တိုက်ပွဲ တွေကနေ လက်နက်မျိုးစုံ နှစ်ရာကျော်၊ခဲယမ်းအများအပြားနဲ့ သုံ့ပန်းသုံးဆယ်ကျော်ခဲ့တယ်လို့ TNLA က ဒီက နေ့ ထုတ်ပြန်ပါတယ်။
ပူးပေါင်းတပ်တွေဟာ ရှမ်း-မန်း စစ်ဆင်ရေးစတင်ချိန် ဇွန်လ ၂၅ရက်ကတည်းက မိုးကုတ်မြို့ကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ မိုးကုတ်တမြို့လုံးကို အပြီးသတ်သိမ်းပိုက်ခဲ့တာပါ။
မိုးကုတ်မြို့နယ်ထဲက စစ်ကောင်စီစစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်းသုံးဆယ်ကျော်နဲ့ အတွဲ လိုက်ပစ်ဒုံးလက်နက်ကြီးအပါအဝင် လက်နက်နှစ်ရာကျော်ရခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မိုးကုတ်တမြို့လုံးကိုသိမ်းပိုက်နိုင်ဖို့အတွက် မြို့အနောက်ပိုင်းက စစ်ကောင်စီစခန်း ရှစ်ခုနဲ့ မြို့အရှေ့ပိုင်းက စခန်း ရှစ်ခုတို့အပါအဝင် အခြေစိုက် တပ်ရင်းသုံးခု၊ဗျူဟာစခန်းတခုနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရ တယ်လို့လည်း ဆိုပါတယ်။အဲ့ဒီစခန်းတွေထဲမှာ မိုး ကုတ်အကျဉ်းထောင်လည်းပါဝင်ပါတယ်။
အကျဉ်းထောင်ကို သိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသားတွေ လွတ်မြောက် လာ မှုအခြေအနေကိုတော့ TNLA က ဒီကနေ့အထိ ထုတ်ပြန်ဖော်ပြခြင်းမရှိသေးပါဘူး။
မိုးကုတ်တိုက်ပွဲကာလအတွင်း ကလေးကိုးဦးအပါအဝင် ဒေသခံ ၃၁ဦးသေဆုံးကာ ၅၉ဦးဒဏ်ရာရပြီး ဘုန်းကြီး ကျောင်းလေးကျောင်းနဲ့ လူနေအိမ် ၂၉လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလူသေဆုံးမှုနဲ့အ ဆောက် အအုံပျက်စီးမှုတွေဟာ စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ဦးတည်တိုက်ခိုက်တာကြောင့်လို့ TNLA က ဆိုပါ တယ်။
မိုးကုတ်မြို့ဟာ လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထိုးစစ် တလအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက် နိုင်တဲ့ တတိယမြောက် မြို့ဖြစ်လာသလို မန္တလေးတိုင်း သပိတ်ကျင်းခရိုင်အတွင်း ဒုတိယမြောက် သိမ်းပိုက်ခံရတဲ့ မြို့လည်းဖြစ်လာပါတယ်။
မိုးကုတ်မြို့မတိုင်ခင် ရှမ်းမြောက် နောင်ချိုမြို့နဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့တွေကိုလည်း TNLA ပူးပေါင်းတပ်နဲ့ MDY-PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ထားပါသေးတယ်။