ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဆန်ထုတ်ရောင်းဖို့အခက်တွေ့လာတယ်လို့ ကုန်သည်တချို့ဆို

ဇွန် ၊ ၂၂

သတ်မှတ်စျေးနှုန်းအတိုင်း မရောင်းလို့ဆိုပြီး ဆန်ကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု တွေရှိနေတာကြောင့် ဆန်ကုန်သည်တချို့ ဆန်ထုတ်ရောင်းဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

“သတ်မှတ်စျေးအတိုင်း ရောင်းလို့ရှိရင်လည်း ရှုံး မယ်၊ မရောင်းရင်လည်း အဖမ်းခံရမယ်၊ အဲလို အခြေအနေရှိတယ်” လို့ ဧရာဝတီတိုင်းထဲက ဆန် ကုန်သည်တဦးက DNA ကို ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ် ထားတဲ့ ဇွန်လအတွက် ဆန်စျေးနှုန်းတွေကတော့ ၂၄ ပြည်ဆန်တအိတ်ကို ဧည့်မထအုပ်စု ဆန်အမျိုး အစားတွေဆိုရင် ကျပ်ခုနစ်သောင်းခွဲဝန်းကျင်၊ ဧရာမင်းဆန် ကျပ်တသိန်းဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ကျပ်တသိန်းလေးသောင်းဝန်းကျင် စသဖြင့်ရှိပါတယ်။

ဒါပေမယ့် ပြင်ပမှာတော့ အဲဒီသတ်မှတ်စျေးနှုန်း ထက်နှစ်သောင်းကျော်လောက်ပိုပြီးပေါက်စျေးရှိနေတာပါ။

“စိုက်ပျိုးရေးသွင်းအားစုတွေ စျေးတက်လို့ စပါး စျေးလည်း အရင်ကထက် စျေးပိုဝယ်ရတာ၊ ဆန်စက်တွေက အဲဒီသတ်မှတ်စျေးအ တိုင်းဘယ် လိုမှမရောင်းနိုင်ဘူး” လို့လည်း အထက်ပါ ဆန်ကုန် သည်က ပြောပါတယ်။

ပြည်တွင်း ဆန်ဈေးနှုန်းမြင့်တက်နေတာနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ဆယ်ဦးလောက်ကို စစ်ကောင်စီက ဇွန်လ ၂၁ ရက်၊ မနေ့ကတည်းက ခေါ်ယူစစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

ဒါ့အပြင် သတ်မှတ်စျေးနှုန်းအတိုင်းမရောင်းလို့ဆိုကာ စစ်ကောင်စီရဲ့ ချိတ်ပိတ်ခံရတဲ့ ဆန်ပွဲရုံတချို့လည်း ရှိနေတယ်လို့ဆိုပေမယ့် အဲဒီအခြေအနေကိုတော့ DNAအနေနဲ့ အသေးစိတ်မသိရသေးပါဘူး။

“သူတို့လာစစ်ရင်တော့ သတ်မှတ်စျေးပဲ ပြောရမှာ ပေါ့၊ ဒါပေမယ့် အဲ့ဒီစျေးနဲ့တော့ တကယ်ရောင်းလို့ အဆင်မပြေနိုင်ဘူး” လို့လည်း ဧရာဝတီတိုင်းက ဆန်ကုန်သည်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အရင်ကလည်း စက်သုံးဆီ၊ စားသုံးဆီနဲ့ ရွှေ၊နိုင်ငံခြားငွေ စျေးမြင့် တက်မှုတွေကိုထိန်းချုပ်ဖို့ဆိုပြီး လုပ်ငန်းရှင်တွေကိုဖမ်းဆီးတာ၊ဖိအားပေးခြိမ်းခြောက်တာတွေလုပ်ခဲ့ပါတယ်။

ဒီလိုအရေးယူမှုတွေကြောင့် သက်ဆိုင်တဲ့စျေးကွက်တွေအတွင်း စျေးကွက်က မောက်ကမအခြေအနေတွေနဲ့ကြုံနေရသလို လက် ရှိရန်ကုန်မြို့မှာ စားသုံးဆီကို ပြင်ပစျေးကွက် အ တွင်းလိုသလောက်ဝယ်မရတဲ့ အခြေအနေလည်းဖြ စ်နေတာကြောင့် စားသုံးဆီရဖို့တန်းစီးဝယ်ယူရ တဲ့လူတန်းရှည်တွေပြန်လည်ပေါ်ပေါက်လာနေပါတယ်။