ပုသိမ်မြို့နံ့သာကုန်းစည်ပင်အမှိုက်ပုံတွင် မြေတူးစက်ညှပ်၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး

ဒီဇင်ဘာလ ၁၃၊၂၀၁၈

ပုသိမ်မြို့အမှတ် ၈ ရပ်ကွက် နံ့သာကုန်းစည်ပင်အမှိုက်ပုံတွင် အမှိုက်ပုံရှင်းလင်းရေးလုပ်ဆောင်နေသော ဘတ်ဖိုးနှင့်ညှပ်မိ၍ အသက်၁၃ နှစ်အရွယ် လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်

ဒီဇင်ဘာလ ၁၃ ရက်နေ့မနက် ၈နာရီခွဲခန့်မှာ ပုသိမ်မြို့နံ့သာကုန်းစည်ပင်အမှိုက်ပုံမှာ ယာဉ်မောင်း မောင်ဇင်မောင်မောင် ၁၈နှစ်(ဘ)ဦးမြင့်သန်းမောင်းနှင်တဲ့စည်ပင်သာယာရေးအဖွဲ့ပိုင် ဘတ်ဖိုး CATERPALLAR မြေတူးစက်ဖြင့် အမှိုက်ရှင်းလင်ရေးဆောင်ရွက်နေစဉ် သူငယ်ချင်းဖြစ်တဲ့မာင်မြတ်လင်းဦး ၁၃နှစ်(ဘ)ဦးမြစိုးမှ ငှက်ပစ်ထွက်ရင်း ရောက်ရှိလာပြီး ဘတ်ဖိုးပေါ်တက်ထိုင်ပြီး စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးတဲ့နောက်မှာ ယာဉ်မောင်း ဇင်မောင်မောင်ဟာ သူငယ်ချင်းဖြစ်သူမောင်မြတ်လင်းဦး ပြန်ပြီအထင်နဲ့ အမှိုက်များရှင်းလင်းဖို့ မြေတူးစက်လက်တံအားမလိုက်စဉ် အဆိုပါမြေတူးစက်လက်တံဖြင့်ညှပ်မိသွားခဲ့ရာမှ မာင်မြတ်လင်းဦးအား အခင်းဖြစ်နေရာမှဆေးရုံသို့ပို့ဆောင်စဉ် ရရှိတဲ့ဒဏ်ရာတွေနဲ့အသက်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်ပွားမှုနှင့်ပက်သက်ပြီးယာဉ်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်း မောင်ဇင်မောင်မောင် ၁၈နှစ်/ယာဉ်မောင်းလိုင်စင်မရှိ၊ပုသိမ်မြို့နေသူအား ဥပဒေအရအရေးယူပေးရန်တိုင်တန်းမှုအရ ပုသိမ်နယ်မြေရဲစခန်းယာဉ်(ပ)၁၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရပါတယ်။