ဂျိတ်လက်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာမေးမြန်း

၁၃ ၊ဒီဇင်ဘာ ၊ ၂၀၁၈ ။

ပုသိမ်မြို့နယ် ၊ ဘောမိကျေးရွာအုပ်စု ထဲက ဂျိတ်လက်ကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်ဖွင့်ပေးဖို့ အစီအစဉ်ရှိမရှိ မေးခွန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် ၁ က ဦးစိုးမိုးကမေးမြန်းခဲ့ပါတယ် ။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဂျိတ်လက်ကျေးရွာက လက်ရှိအချိန်မှာ အနီးဆုံး ကျေးလက်ဌာနခွဲရှိနေတဲ့ ဘောမိကျေးရွာနှင့် ရေမိုင် ၃ မိုင်ခန့်အကွာ နှင့် အနီးဆုံးတိုက်နယ်ဆေးရုံ ရွှေသောင်ယံကျေးရွာကို ရေမိုင် ၁၅ မိုင်ကွာဝေးနေတာ ဖြစ်ပါတယ်။