Photo – Social Media
မေ၊ ၃
မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကုလားကုတ်ကျွန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရေတပ်စခန်းကို ဒီက နေ့ မနက် အစောပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်တာကြောင့်နှစ်ဖက်တိုက် ပွဲဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတချို့ရှိတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေး အင် အားစုတွေဆီကသိရပါတယ်။
“အဲဒီကျွန်းမှာ ရေတပ်က တပ်စွဲထားတာ၊ လက်နက်ကြီး အများကြီးထိုင်ထားတဲ့နေရာ၊ မနက်အစောကြီးဝင် သွား ကြတာ၊ တိုက်ပွဲတော်တော်ကြာဖြစ်တယ်၊ စစ်တပ်ဘက်က သေတာများတယ်၊ အရာရှိပိုင်းတချို့ အရှင်ဖ မ်း မိတာ ရှိတယ်” လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တဦးက DNA ကို ပြောပါတယ်။
DNAက ကနဦးရရှိထားတဲ့အချက်အလက်တွေအရ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ကိုးဦးနီးပါးသေဆုံး ကာ အရာခံဗိုလ်တဦးနဲ့ တပ်သားတဦးကိုဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိ တယ်လို့ သိရပေမယ့် အသေးစိတ်အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ကုလားကုတ်ကျွန်းဟာ ရေးမြို့မြောက်ဖက်၊ လမိုင်းမြို့နယ်ခွဲရဲ့ တောင်ဘက် ပင်လယ်ထဲမှာ သီးခြားတည်ရှိတဲ့ ကျွန်းဖြစ်ပြီး အဲ့ဒီကျွန်းပေါ်က အောက်ဆိပ်ကျေးရွာမှာ စစ်ကောင်စီက အင်အားနှစ်ဆယ်ဝန်းကျင်လောက်နဲ့ တပ်စွဲစခန်းချထားတာလို့ သိရပါတယ်။
Photo – Social Media
အဲ့ဒီစစ်ကောင်စီစခန်းအတွင်း ဒီကနေ့ မနက်အစောပိုင်း သုံးနာရီလောက်ကနေ မနက်လင်းချိန်အထိ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေအသုံးပြုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်အစောကြီးကတော့ မနက်လုံးပစ်နေကြတာ၊ အိမ်တွေ ထိတာပေါ့၊ အများကြီးပဲ အိမ်တွေ မီးလောင် တယ် လေ၊ မနက် ၉ နာရီလောက်ကျတော့ လေယာဉ်နဲ့ပါ လာပစ်တာ၊ အဲချိန် ပုန်းနေရတာပေါ့၊ ဘယ်သူမှမထွက်ရဲ ဘူး၊အိမ်တွေ မီးလောင်လည်း ဘာမှ လုပ်မရဘူး” လို့ ကုလားကုတ်ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြော ပါတယ်။
မနက်မိုးလင်းချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာသွားကြပြီး ဒီလို ဆုတ်ခွာသွားချိန်အထိစစ်ကောင်စီက Mi – 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့သလို ရေတပ်ကနေလည်း လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်မှုကြောင့် ကုလားကုတ်ကျွန်းဘေးနားက ကတိုးဆိပ်၊ ကော့ဒွတ်အစရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦ တွေမီး လောင်ပျက်စီးခဲ့သလို ဒေသခံရာချီဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိတော့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်း ထုတ်ပြန် တာမရှိသေးပါဘူး။
Photo – Social Media
ကျွန်းပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အာယုတောင်ကျေးရွာက စစ်ကောင်စီလက်အောက် ခံပျူစောထီး အဖွဲ့ဝင်တွေကလည်း ကုလားကုတ်ကျွန်းကို စစ်ကူသွားပေးခဲ့တယ်လို့ ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ ဗိုလ်ရန်နိုင်က ပြောပါတယ်။
အဲဒီစစ်ကူသွားပေးတဲ့ ပျူစောထီးအဖွဲ့တွေကို အပြန်မှာ စောင့်ကြိုတိုက်ခိုက်ဖို့ စီစဉ်ထားပေမယ့် သတင်းပေါက် ကြားခဲ့တာကြောင့် ကမ်းနားမှာ ရပ်ထားတဲ့ ယာဉ်ကိုသာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကပြောပါတယ်။
“ဗိုလ်အဆင့်ကနေ အနားယူထားတဲ့ သူက ဦးဆောင်တဲ့ ပျူအဖွဲ့တွေက ကျွန်းဘက်ကို ထွက်သွားတာသိလို့ ချက် ချင်းလိုက်သွားတာ သတင်းပေါက်သွားတာ ကားထားတဲ့နေရာကို ပြန်မကပ်ဘဲ တခြားနေရာကနေ ကမ်းသွား ကပ်တော့ သူတို့စီးလာတဲ့ ကားကိုပဲ မီးရှို့လိုက်ရတယ်” လို့ သူကဆိုပါတယ်။
ကုလားကုတ်ကျွန်းပေါ်မှာ အောက်ဆိပ်၊ အလယ်ဆိပ်၊ အပေါ်ဆိပ် ကျေးရွာသုံးခုရှိကာ အိမ်ခြေခုနှစ်ရာနီးပါး၊ လူဦးရေငါးထောင်ကျော်နေထိုင်ကြပြီး ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။