အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဧပြီ၊ ၉
 
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ပေါက်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ ဒီကနေ့မနက်ပိုင်းက နေအိမ်အနီး မုန့်ဟင်းခါးဆိုင်မှာပစ်ခတ်ခံရပြီးသေ ဆုံးသွားတယ်လို့ အခင်းဖြစ်ရပ်ကွက်အနီးမှာနေ ထိုင်သူတဦးက DNAကိုပြောပါတယ်။
 
” သူ့အိမ်နားမှာပဲအပစ်ခံရတာနေရာမှာပဲ သေသွားတယ်၊အသေးစိတ်တော့မသိသေးဘူး” လို့ အထက် ပါသတင်းရင်းမြစ်ကပြောပါတယ်။
 
စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမျာတော့ အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်ဟာ သူ​နေထိုင်ရာ သံဒင်းစုလမ်း နေအိမ်အနီးက မုန့်ဟင်းခါးဆိုင်မှာမုန့်စားနေချိန် အနက်ရောင်ဆိုင်ကယ်တစီးနဲ့ရောက်လာသူနှစ်ဦးကပစ်ခတ်ခဲ့တာလို့ဖော်ပြပါတယ်။
 
ပစ်ခတ်ခံရမှုကြောင့် အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ သေနတ်ဒဏ်ရာလေးချက်ရပြီး နေရာမှာပဲသေဆုံးသွားတာလို့လည်းဆိုထားပါတယ်။
 
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာမသိရသေးသလို ရန်ကုန်မြို့ပြောက် ကျားတော်လှန်ရေးအင်အားစုတွေဘက်ကထုတ်ပြန်အသိပေးထားတာမရှိသေးပါဘူး။
 
အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေကစစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုတိုက်ခိုက်မှုတွေလုပ်ရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် အုပ်ချုပ်ရေးဝန်ထမ်းတွေအများအပြားသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
 
အခုနှစ် ဖေဖော်ဝါရီလအတွင်းစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက် တပ်သားသစ်စုဆောင်းမှုတွေကြောင့် အုပ်ချုပ်ရေးဝန်ထမ်းတွေပသ်ခတ်တိုက်ခံရမှုပိုမိူမြင့်တက်လာပါတယ်။
 
DNA ရဲ့မှတ်တမ်းတွေအရ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးမောက်တလမပြည့်ခင် အခုလဆန်းပိုင်းအ ထိမှာတင် အုပ်ချုပ်ရေးဝန်ထမ်းလေးဆယ်လောက်အပါအဝင် စစ်ကောင်စီနဲ့ပတ်သက်သူ တရာဝန်းကျင်သေဆုံးခဲ့ပါတယ်။
 
ဓာတ်ပုံ – Googel (ပုံဟောင်း)
ပုံစာ – အင်းစိန်မြို့နယ် ပေါက်တောလမ်းဆုံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသူတွေကို ၂၀၂၁ခု နှစ်ကတွေ့ရစဥ်