စွန့်ပစ်အမှိုက်တွေနဲ့ ဖန်တီးထားတဲ့ ဖိလစ်ပိုင်နိုင်ငံက ကျူးလစ်ပန်းခင်းကြီး

၂၇ ၊စက်တင်ဘာ ၊၂၀၁၉

ရုတ်တရက်ကြည့်လိုက်ရင်တော့ အရောင်အသွေးစုံတဲ့ ကျူးလစ်ပန်းခင်းကြီးတစ်ခုကို မြင်ရမှာပါ။ ဒါပေမယ့် အဲဒီပန်းခင်းကြီးဟာ ပန်းအစစ်တွေတော့ မဟုတ်ပါဘူး။ စွန့်ပစ်ပလက်စတစ်ပုလင်းတွေကို သုံးပြီး ဖန်တီးထားတဲ့ ရောင်စုံကျူးလစ်ပန်းဥယာဉ်တစ်ခုပါ။

ဖိလစ်ပိုင်နိုင်ငံ လာမီတန်မြို့မှာ စွန့်ပစ်ပလက်စတစ်ပုလင်းပေါင်း သုံးသောင်းနီးပါးကို  ကျူးလစ်ပန်းပုံစံ ဖြတ်တောက်ပြီး အနီ ၊ အဝါ ၊ ပန်းရောင် ၊ အဝါ စတဲ့ အရောင်တွေဆိုးပြီး ပန်းဥယျာဉ်ပြုလုပ်ထားပါတယ်။ ဒါဟာ ခရီးသွားတွေကို ဆွဲဆောင်ဖို့နဲ့ သုံးပြီးသား အမှိုက်တွေကို ပြန့်သန့်စင်ပြီး သုံးကြဖို့ လှုံဆော်တာ ဖြစ်ပါတယ်။

ထာဝရ မညိုးနွမ်းတဲ့ ကျူးလစ်ပန်းဥယာဉ် ဖန်တီးပုံဖော်တဲ့ လုပ်ငန်းစဉ်ကို လာမီတန်မြို့အာဏာပိုင်တွေက ဦးဆောင်လှုပ်ရှားခဲ့တာပါ။ လာမီတန်မြို့ရဲ့ အမှိုက်ပမာဏ အများစုက ပလက်စတစ်ပုလင်းတွေပါ။ အဲဒီအမှိုက်တွေကို အခုလို ပန်းဥယာဉ်ဖန်တီးပြီး ခရီးသွားတွေကို ဆွဲဆောင်တာဟာ ပလက်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြရေး အထောက်အပံ့ ဖြစ်နိုင်တယ်လို့ လာမီတန်မြို့တော်ဝန်က ပြောပါတယ်။

ပင်လယ်သမုဒ္ဒရာထဲကို ပလက်စတစ်အမှိုက်တွေ စွန့်ပစ်တဲ့  အဓိကကမ္ဘာ့နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်လည်း တစ်ခု အပါအဝင်ပါ။ ဒါပေမယ့် ပလက်စတစ်အမှိုက်တွေကို ပြန်သန့်စင်ပြီးသုံးတဲ့ ပမာဏကတော့ နည်းပါတယ်။

Ref : thestar.com

 

Delta News

Read Previous

အော်ဂဲနစ်စိုက်ပျိုးရေးကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ အာရှထိပ်တန်း ၅ နိုင်ငံ

Read Next

ရဲတပ်ကြပ်သေနတ်က မတော်တဆ ကျည်ထွက်ပြီး ပြည်သူတစ်ဦးသေဆုံး