ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို နိုဝင်ဘာလ ၁ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့အနောက်မြောက်ဘက် မောက်လင်းရွာက အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။

” လယ်တောဘက်ငါးရှာသွားရင်း မှန်တာပါ။ လက်နက်ကြီးကျည်စတွေ လက်နဲ့ခြေထောက်ကိုထိတာ။ ခြေထောက်ထောက်ကတော့ တော်တော်ဆိုးဝါးတယ်” လို့ အမည်မဖော်လိုသူ မောက်လင်းဒေသခံ တဦးကပြောပါတယ်။

ဒဏ်ရာရရှိတဲ့သူဟာ အသက် ၄၅ နှစ်အရွယ် ဦးစိုးနိုင် ဖြစ်တယ်လို့သိရပါတယ်။ ကလေးမြို့နယ်မှာမြိ့ပေါ်အခြေစိုက် အမှတ် ၂၂၈ တပ်ရင်း၊ တောင်ဖီလာတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတဲ့ပစ်ခတ်လေ့ရှိပေမဲ့ အခုပစ်ခတ်မှုကို ဘယ်ကပစ်တယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေကဆိုပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကလေးမြို့နယ်မြောက်ပိုင်းရော၊တောင်ပိုင်းကို ပါ လက်နက်ကြီးတွေနဲ့ရက်ဆက်ပစ်ခတ်နေတာပါ။

ကလေးမြို့နယ်မြောက်ပိုင်းက စခန်းကြီးမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေက ကလေးမြို့ဝန်းကျင်ကျေးရွာတွေကို ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကလေးတောင်ပိုင်းမှာတော့ ရန်ကြီးအောင်နဲ့ ကြံသာကျေးရွာက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာဖြစ်တယ်လို့လည်းပြောကြပါတယ်။

နိုဝင်ဘာလ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးမြို့မြောက်ဘက် လေးမိုင်ဝန်းကျင်အကွာ စစ်တပ်ထောက်ခံသူများတဲ့ ဆည်တော်ဦးကျေးရွာက အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။