အောက်တိုဘာ၊ ၁၈
ကချင်ပြည်နယ် ရွှေကူမြို့အနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒီကနေ မနက် ၄ နာရီလောက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ခဲယမ်း အများ အ ပြားရရှိခဲ့တယ်လို့ ရွှေကူမြို့နယ် ပကဖ အဖွဲ့ဝင် တဦးကDNAကိုပြောပါတယ်။
“အခုဖြစ်တာက ရွှေကူမြို့ရဲ့ ဆက်သွယ်ရေးတပ်ကို တိုက်ခိုက်တာပေါ့၊ကချင်ပြည်နယ် စခန်းတွေကို ဆက်တဲ့ အင် တာနက်ဖိုက်ဘာကြိုးတွေအပါအဝင် စစ်တပ်ရဲ့ ဖုန်းတို့ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေး စခန်းလေးကို သိမ်းတာ အောင်မြင်တယ်” လို့သူကပြောပါတယ်။
ရွှေကူမြို့တောင်ဘက်အစွန် မြို့အနီးကပ်လျက်မှာရှိတဲ့ ငါးဘတ်ကြီးကျေးရွာထိပ်ကစစ်ကောင်စီရဲ့ ခမရ (၆၀၂) တပ်ကို KIO ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက် ပြေး တဲ့အတွက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အသေအပျောက်များနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ မြစ်ကြီးနား လေတပ်စခန်းက လေယာဉ်ရောက်လာတာရှိပေမယ့် လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်တာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့်ရွှေကူမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကတော့ လက်နက်ကြီးနဲ့ ငါးဘတ်ကြီး ကျေးရွာအနီးကို ပစ်ကူပေးခဲ့ တာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်ဆီးတာ၊ အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ရွှေကူမြို့ နယ် ပကဖအဖွဲ့ဝင်ကပြောပါတယ်။
ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ စစ်ကောင်စီတပ်သားတွေ အသုံးပြု လေ့ရှိတဲ့ လက်နက်ခဲယမ်းထည့်ထားတဲ့ ခြင်းတောင်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ထုတ်ဖော်ပြ သ ထားပြီး သေနတ်၊လက်ပစ်ဗုံး နဲ့ ကျည်ဆံစတဲ့ ခဲယမ်းအမြောက်အများကိုလည်းတွေ့ရပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ရွှေကူမြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းတို က်ခိုက်ခံရတာကိုသာ ဖော်ပြထားပြီး လက်နက်တွေ သိမ်းဆည်းခံရတာနဲ့ သေဆုံးသူစာရင်းကို ဖော်ပြ ထား တာမရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ ကလည်း ရွှေကူမြို့ ကျောက်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲတခုဖြစ်တဲ့ မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ ပါသေးတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ တယ်လို့ မြို့လှ KPDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။