နေပြည်တော် ရဲတပ်ရင်းကရဲတဦး လက်နက်နဲ့အတူCDM ဝင်လာ

သြဂုတ် ၊ ၁၉

အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်ရေးရုံးစိုက်ရာ နေပြည်တော်က ရဲတပ်သားတဦးဟာ ရိုင်ဖယ်သေနတ်တ လက်နဲ့ အတူ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ဝင်လာတယ်လို့ ပြည်သူ့ကာကွယ် ရေး တပ်မင်းကင်းမြို့ အမှတ်(၁၁) တပ်ရင်း တာဝန်ရှိသူ တဦးက DNA ကိုအတည်ပြုပြောပါတယ်။

“သူ(ရဲတပ်သား) CDM လုပ်လာတာက တလလောက်တော့ရှိပြီပေါ့၊အခုမှကျွန်တော်တို့ ထုတ်ပြန်တဲ့သ ဘောပါ၊ သူ့ ဘာသာပဲ အခုလိုကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီးတော့ ရောက်လာတာပေါ့၊နဂိုကတည်းက ထွက် ချင်နေတဲ့သူလို့ လည်းသိရပါတယ် ” လို့ အဲ့ဒီPDF တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

အမည်နဲ့ ကိုယ်ပိုင်နံပါတ်တွေ ဖော်ပြမထားတဲ့ အဲ့ဒီရဲတပ်သားဟာ နေပြည်တော် အခြေစိုက် အမှတ်(၁၇)ရဲ တပ် ရင်းက ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ချင်းပြည်နယ်မှာ တာဝန်ကျနေချိန် PDF တပ်ဖွဲ့နဲ့ဆက်သွယ်ကာ ဇူ လိုင် ၁၇ရက်မှာ ရိုင်ဖယ်သေနတ် တ လက်၊ကျည်ဘောက် နှစ်ခု၊ကျည်ဆံတချို့နဲ့အတူ CDM ဝင်လာတာလို့ သိရပါတယ်။

လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ ရဲတပ်သားကို အမျိုးသားညီညွတ်ရေး အစိုးရက လုံခြုံဘေးကင်းစွာ ထားရှိ ပြီး ဂုဏ်ပြုဆုငွေ အဖြစ် ကျပ် ၃၃ သိန်း ပေးအပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက လည်းထုတ်ပြန်ထားပါတယ်။

မင်းကင်းမြို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဆီကို ရဲတပ်သားတဦး CDM ပြုလုပ်လာတာ ပထမဆုံးအကြိမ် ဖြစ်ပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ အတွက် ဝမ်းသာကြိုဆိုတယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အခုလိုပဲပြည်သူနဲ့ အတူပူးပေါင်းပါ ဝင်လို တာ၊ တပ်တွင်းသတင်းပေးအဖြစ် လုပ်ကိုင်လိုတာရှိရင် နီးစပ်ရာ ပြည်သူကာကွယ်တပ်မတော်တပ်ဖွဲ့တွေနဲ့ ပြည် သူ့ရင်ခွင်ခိုလှုံရေးတယ်လီဂရမ်ချန်နယ်တို့ကို ဆက်သွယ်နိုင်တယ်လို့လည်း NUG က အသိပေးထား ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းဦးရေ စုစုပေါင်း နှစ်သိန်း တသောင်း ကျော် ရှိပြီး CDM စစ်သားနဲ့ရဲ အင်အားသောင်းဂဏန်းလောက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူတွေ ကပြောထားပါတယ်။