၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် နိုင်ငံတဝှမ်းပြုလုပ် July 7, 2023 နိုင်ငံရေး ဇူလိုင်၊ ၇ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ အလားတူပဲ စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုတွေ များတဲ့ ရန်ကုန်မြို့တွင်းမှာတော့ ဘတ်စ်ကားတွေအပေါ်နဲ့ သထုံလမ်း၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင် စတဲ့နေရာတွေမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အင်းစိန်ထောင်အတွင်းမှာလည်း ” ဗမာလူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံး၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ဆွေးနွေးတိုင်ပင်ခြင်း ” အစီအစဥ်အပါအဝင် ဆဲဗင်းဂျူလိုင် အခမ်းအနားကို အစီအစဥ် ခုနစ်ခုနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သပိတ်လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေအပြင် မုံရွာမြို့ပေါ်နဲ့ လုံခြုံရေးတင်းကျပ်တဲ့ မန္တလေးမြို့ပေါ်က စာသင်ကျောင်း ခြံစည်းရိုးတခုမှာလည်း ” ၇.၇.၆၂ မမေ့ကြနဲ့ ” စာတန်း ရေးသားတာတွေ ဒီနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်းမှာလည်း အမျိုးသမီးတွေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – Social Media 7 Julyဆဲဗင်းဂျူလိုင်လူထုသပိတ်အထိမ်းအမှတ်
နိုင်ငံရေး “ငါတို့ကို အိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကို အိပ်စက်ခွင့်မပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ် October 27, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၂၇ စစ်ကောင်စီ စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်က ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀၀ ကြာမြင့်ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 28, 2023 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၂၈ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုးရီးယားနိုင်ငံရောက်မြန်မာတွေက စစ်အာအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မုံရွာမှာ ရှစ်လေးလုံးနေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်သူသုံးဦး ပစ်ခတ်ဖမ်းဆီးခံရ August 9, 2023 နိုင်ငံရေး သြဂုတ်၊ ၉ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာ အနီးမှာ ဩဂုတ် ၈ ရက် ညနေပိုင်းက ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်နေသူတွေကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]