ပုသိမ်မြို့ မှာ ကျင်းပတဲ့ သရဖူတောင်သူပွဲတော်

၅ ၊ နိုဝင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၊ မြို့တော်ခမ်းမမှာ သရဖူတောင်သူပွဲတော်ကို နိုဝင်ဘာ ၄ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ် ။ သရဖူစိုးမြင့် ကုမ္မဏီအုပ်စုက ကျင်းပပေးခဲ့တာ ပါ ။ ဒီအခမ်းအနားမှာ လယ်ယာသုံးပစ္စည်းတွေ ရဲ့ အရောင်းပြခန်းတွေ ၊ ကံစမ်းမဲ အစီအစဉ်တွေအပြင် မျက်လှည့် ၊ ဂီတ ဖျော်ဖြေတင်ဆက်မှုတွေ အဖြစ် နိုင်ငံကျော်အဆိုတော်တွေ ဖြစ်တဲ့ ဝေလ ၊ ဂျီလတ် ၊နီနီခင်ဇော် ၊ ဂျူဝယ် ၊ သားငယ်တို့ ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ကြတာ ဖြစ်ပါတယ် ။