စစ်တပ်က လေးကြိမ်မြောက်မီးရှို့ခဲ့တဲ့ ခင်ဦး ကံသစ်ကျေးရွာမြင်ကွင်း June 6, 2023 နိုင်ငံရေး ဇွန်၊ ၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ခင်ဦးမြိုနယ်၊ ကံသစ်ကျေးရွာ ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့စကပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ကံသစ်ကျေးရွာဟာဆိုရင် ၂၀၂၂ ဇွန်လ၊ နိုဝင်ဘာလနဲ့ မေလတို့မှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာ ခံထားရပြီး အခု စတုထ္ထအကြိမ် ဝင်ရောက်မီးရှို့ရာမှာတော့ နေအိမ်ပေါင်း ၃၂၈ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ နေအိမ်ပေါင်း ၆၀၀ ဝန်းကျင်ရှိတဲ့ ကံသစ်ကျေးရွာဟာ နေအိမ်တဝက်ကျော်မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံတွေဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” စစ်ကြောင်းထိုးတဲ့ ကာလမှာ သက်ကြီးရွယ်အိုတွေလည်း မိုးထဲလေထဲမှာ ပြေးရရင်း ဆုံးပါးတာတွေရှိတယ်။ ဘာလို့စစ်ကြောင်းထိုးနေလဲတော့ မသိဘူး။ တချို့ရွာတွေဆို အကြိမ်ကြိမ်မီးရှို့ခံရတာ။ ကံသစ်ရွာဆို လေးကြိမ်မြောက်ရှိနေပြီ။ မိုခါကြောင့် စပါးတွေ နှမ်းတွေလည်း ပျက်စီးပြီး ခက်ခဲနေချိန်မှာ အကြိမ်ကြိမ်စစ်ကြောင်းဝင် မီးရှို့တာခံနေရတာ ” လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ခင်ဦးမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၇၄ ရွာက နေအိမ်ပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး မီးဘေးသင့် စစ်ရှောင်သုံးသောင်းကျော်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကံသစ်ရွာခင်ဦးစစ်ကောင်စီစစ်ကြောင်း
နိုင်ငံရေး စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းပေးနေသူတွေကိုဗြိတိန်ကပိတ်ဆို့ဒဏ်ခတ် March 27, 2023 နိုင်ငံရေး မတ်၊ ၂၇ အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူ လိုက်တယ်လို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာပါတယ်။ အဲ့ဒီအရေးယူမှုစာရင်းမှာ ထိုင်းနိုင်ငံံမှာ ဖမ်းဆီးခံထားရတဲ့ လက်နက်ပွဲစားထွန်းမင်းလတ်၊ Shoon Energy Pte Ltd နဲ့ အဲ့ဒီကုမ္ပဏီရဲ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး တနင်္သာရီတိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ် February 6, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၆ လေကြောင်းသုံးတိုက်ခိုက်မှု တခါသာရှိခဲ့ဖူးတဲ့ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ “စစ်တပ်ဘက်က ပေးပို့စရာ စစ်ကူလမ်းကြောင်းက လေကြောင်းတခုပဲ ရှိတော့တယ်၊ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ဒီးမော့ဆိုမှာ လေးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးတယ်လို့ KNDFပြော March 25, 2023 နိုင်ငံရေး မတ်၊ ၂၅ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားလေးရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ရာမှာ စစ်ကောင်စီဘက်က အရာရှိ တွေ အပါ အဝင် (၉၀) ကျော်သေဆုံးကာ (၅၀)ထက်မနည်းဒဏ်ရာရပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ [ဆက်လက်ဖတ်ရှုရန်]