အင်းတော်မှာ စစ်ကောင်စီတပ်ကဒေသခံအမျိုးသမီးတွေအပေါ် လိင်ပိုင်ဆိုင်ရာကျူးလွန်မှုတွေရှိနေ

မေ၊ ၂၄

စစ်ကိုင်းတိုင်း၊အထက်ပိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာချိန် ထွက်မပြေးဘဲ ရွာ မှာကျန်နေခဲ့တဲ့ ဒေသခံတွေထဲက အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေကလိင်ပိုင်းဆိုင်ရာကျူးလွန်မှု တွေ ရှိနေတယ်လို့ အဲ့ဒီဒေသက မြေပြင်အခြေအနေတွေကိုဖော်ပြပေးနေတဲ့ Indaw Revolution(IR)က တာဝန်ရှိသူ တဦးကDNAကို ပြောပါတယ်။

အင်းတောမြို့ရဲ့ အနောက်မြောက်ဘက်က နန့်သာရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားချိန်လပိုင်းအတွင်း အဲ့ဒီ လို လိင်ပိုင်းဆိုင်ရာာကျူးလွန်မှုတွေရှိနေတာလို့ သူကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာ အခုနှစ်ဖေဖော်ဝါရီ လအတွင်း နန့်သာရွာမှာစတင်တပ်စွဲခဲ့တာပါ။

အိမ်ခြေနှစ်ရာလောက်ရှိတဲ့အဲ့ဒီရွာကို စစ်ကောင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နန့်သာ ရွာခံ တွေအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံအများစု ထွက်ပြေး တိမ်းရှောင်ခဲ့ကြပေမယ့် ထွက်မပြေးဘဲ ရွာမှာပဲဆက်လက်နေထိုင်နေကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလိုဆက်နေထိုင်သူတွေဟာ စစ်အုပ်စုထောက်ခံသူတွေလို့ Indaw Revolution(IR)ကပြောပေမယ့် အဲ့ဒီအချက် ကိုတော့ DNAက သီးခြားအတည်မပြုနိုင်ပါဘူး။

“တပ်လာစွဲတဲ့ အခါမှာ စစ်ကောင်စီကိုထောက်ခံပြီး မထွက်ပြေးမတိမ်းရှောင်တဲ့ သူတွေရှိတယ်ဗျ၊ အဲ့အမျိုးသမီး တွေကို သူတို့က အရက်ငှဲ့ခိုင်းတယ်၊မူးလာရင်လိုင်းပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်တယ်၊တချို့ကတော့ အလို တူပြီးအိမ်ထောင်ပြုသွားတဲ့သူတွေလည်းရှိတယ်”လို့ Indaw Revolution(IR) တာဝန်ရှိသူကဆိုပါတယ်။

နန့်သာရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် အနီးဝန်းကျင်က အောင်းကုန်း၊အင်ပင်၊ရွာသာယာ၊ မော် တိတ်စတဲ့ကျေးရွာတွေက ဒေသခံ ၆၅၀၀လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ဒေသတွေဖြစ်တဲ့ အင်းတော်၊ကသာ၊ဗန်းမောက် စတဲ့မြို့နယ်တွေ မှာအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KIA ၊PDF၊ABSDF  ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတာပါ။

ဒေသတွင်းကို စစ်ကြောင်းထိုး တပ်စွဲလာတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင် ရာ ကျူးလွန်မှုတွေရှိနေကြောင်း တိုင်ကြားချက်တွေလက်ခံရရှိထားတယ်လို့ ကျောင်းသားတပ်မတော် (ABSDF) မြောက်ပိုင်းတာဝန်ခံက ကိုစောကလည်းDNAကို ပြောပါတယ်။

အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲလာချိန်ကတည်းက အဲ့ဒီလိုဖြစ်ရပ်တွေရှိနေတာလို့ သူကဆို ပါတယ်။

“ကျွန်တော်တို့ကို အားကိုးလို့တိုင်လာတဲ့ အခါမှာ ကျွန်တော်တို့က MOD(NUGကာကွယ်ရေးဝန်ကြီးဌာန) ကိုတင် ပြပြီး MOD ကလည်းတာဝန်ပေးတဲ့ အပေါ်မှာ ကျွန်တော်တို့က MOD နဲ့ပူးပေါင်းဆောင်ရွက်ပြီး နယ်မြေရှင်း လင်း ရေးဝင်လုပ်တာ” လို့သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း အင်းတော်မြို့နယ်အတွင်းမှာအာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပေမယ့် နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေတွေကိုတော့မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ အမျိုး သမီးဦးရေ (၁၂၂)ဦးအထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသမီးလူငယ်နဲ့ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ကောင်စီတို့က အခုနှစ် မေလအတွင်း ပူးတွဲထုတ်ပြန်တဲ့ အမျိုးသ မီးများနေ့ဆိုင်ရာ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။