အာဏာသိမ်းပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ် (၁၃၀)ဝန်းကျင် ဖမ်းဆီးခံရ၊ (၁၆)ဦးသေဆုံးခဲ့တယ်လို့ CRPH ပြော

မေ၊ ၂၀
 
အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ် (၁၃၀)ဝန်းကျင် ဖမ်းဆီးခံခဲ့ရသလို (၁၆)ဦး သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ထုတ်ပြန်ပါတယ်။
 
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက (၁၆)ဦးဟာ စစ်ကောင်စီက ဖမ်းဆီး အကျဉ်းချထားချိန်နဲ့ ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရင်း သေဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီကနေ့အထိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၃၀ နီးပါး ဖမ်း ဆီးခံခဲ့ရပြီး အဲဒီလို စစ်ကောင်စီရဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်ရင်းပြည်ထောင်စု လွတ် တော်ကိုယ်စားလှယ်ငါးဦး နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကိုးဦးတို့ လုံလောက်တဲ့ ဆေး ကုသမှု မရဘဲ သေဆုံးခဲ့ရတယ်လို့ CRPH ကပြောပါတယ်။
 
စစ်ကောင်စီက ဖမ်းဆီးထားသူတွေထဲ ပြည်ထောင်စုအဆင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၈၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံ ရသူတွေထဲက ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ၅၉ ဦးဟာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
မွန်ပြည်နယ် ဘီလင်းမဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို စစ်ကောင်စီက ဖမ်း ဆီးပြီးနောက် လမ်းဘေးမှာပင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ကCRPH ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တရားရင်ဆိုင်ရာမှာ ဥပဒေအကြံရယူခွင့်၊ အများပြည်သူ ရှေ့ မှောက် ကြားနာခွင့်၊ မိသားစုနဲ့ တွေ့ဆုံခွင့် စတဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အပြင် လူမဆန်တဲ့ ညှင်းပန်း နှိပ်စက်မှု၊ ဒဏ်ရာရရှိသူတွေ ဆေးကုသခွင့် မပေးမှုတွေ ပြုလုပ်ခံရတယ်လို့လည်း ဝေဖန်ထားပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးရည်မွန် (ခ) ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင် မာအောင်နဲ့ ဒေါ်ဖြူဖြူသင်းတို့ကို နိုင်ငံသားအဖြစ် ရုတ်သိမ်းကြောင်းကြေညာထားတယ်လို့သိရပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လူဦးရေ (၂၂၀၀၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး (၄၃၀၀) ကျော်ကိုသာ ပြန်လွှတ်ပေးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကပြုစု ထားတဲ့စာရင်းတွေအရသိရပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့သေဆုံးသူ (၃၅၀၀)ကျော်ရှိခဲ့ပြီး အဲ့ဒီအထဲက လူတထောင် ကျော်ဟာ အသက်ရှင်လျက် ဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခံရတာလို့ AAPPက ပြောထားပါတယ်။ 
ဓာတ်ပုံ – CRPH