မကြီးကန်ရွာကို လေကြောင်းကစီးနင်းခဲ့တဲ့ စစ်အုပ်စုက ရှစ်တန်းကျောင်းသားတဦးကို ပစ်သတ်

ဧပြီ၊ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာနဲ့ တိုက်နယ်ဆေးရုံကိုရဟတ်ယာဉ်လေးစီးနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီ တပ်က ဒေသခံရွာသား သုံးဆယ်ဝန်းကျင်ကို ဖမ်းခေါ်ဆောင်သွားပြီးရှစ်တန်းကျောင်း သား တဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတွေကပြောပါတယ်။

“ရှစ်တန်းကျောင်းသား ဒေသခံကလေးတယောက်ကိုတော့ သတ်ခဲ့တယ်၊တခြားကျန်ခဲ့တဲ့ သူတွေကိုတော့ ရိုက်နှက်ခဲ့တာတဲ့၊ ဘယ်နှစ်ယောက်လောက် ရိုက်နှက် နှိပ်စက်ခံရတယ်တော့ မသိသေးဘူး၊ အခုက ရွာပေါင်းစုံက လူတွေက ဆေးလာကုကြတာဆိုတော့ စာရင်းကောက်ဖို့က မလွယ်ဘူးဗျ” လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြောက်ပိုင်း) တာဝန်ခံ ဗိုလ် Cross က ပြောပါတယ်။ 

အဲဒီစီးနင်းမှုမှာ အနီးအနားရွာတွေက ဆေးလာကုတဲ့ အရပ်သားတွေအပါအဝင် ဒေသခံပြည်သူနှစ်ရာ ကျော်လောက်ရွာထဲ ပိတ်မိပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲကတချို့ကိုစစ်ကောင်စီက ရိုက်နှက်နှိပ်စက်ခဲ့ပြီး ပြည်သူ သုံးဆယ်လောက် ကိုကန်နီရွာဘက်ကို ဦးတည်ထွက်သွားတဲ့ စစ်ကြောင်းနဲ့အတူ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

မကြီးကန်ရွာကို လေကြောင်းကနေ ပစ်ခတ်စီးနင်းခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာ အဲ့ဒီရွာကနေပြန်ထွက်သွားကြတာဖြစ်ပြီး စစ်ကြောင်းနဲ့အတူခေါ်သွားသူတွေကလွဲလို့ တခြားဖမ်းဆီးခံရသူတွေကတော့ပြန်လွတ်လာကြတယ်လို့သိရပါတယ်။

မနေ့က လေကြောင်းစီးနင်းမှုဟာ  ဒေသတွင်းမှာအားထားနေရတဲ့မကြီးကန်ရွာကဆေးရုံကိုပစ်မှတ်ထားတာလို့ ဒေသခံတေယ်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

ဒါပေမယ့် ဒီစီးနင်းမှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ကျေးလက်ဆေးပေးခန်းနဲ့ စာသင်ကျောင်းတို့ကို စီးနင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

 စစ်တပ်က Mi 35 ရဟတ်ယာဉ်နဲ့ မန်ကျည်းကန်ဆေးရုံနဲ့ အဲဒီဆေးရုံတောင်ဘက် မြင်းစိုင်းကုန်းနေရာတဝိုက်ကိုပစ်ခတ်ပြီး Mi 17 သုံးစီးနဲ့ အင်အား ၈၀ လောက်ချကာ ရွာကိုဝိုင်းပတ်၊ ဝင်ရောက်စီးနင်းခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (မြောက်ပိုင်း) တာဝန်ခံ ဗိုလ် Cross က ဆိုပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာ မကြီးကန်ကျေးရွာက ဆေးရုံ၊ နေအိမ် ခြောက် လုံး​လောက်နဲ့ ကား နှစ်စီးတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ 

မနေ့က စီးနင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ ယူဆရတဲ့ အမျိုးသား ဆယ်ဦးနဲ့ အမျိုးသမီး နှစ်ဆယ်ဦး ကို စစ်ဆေးမေးမြန်းဖို့အတွက် ခေတ္တထိန်းသိမ်းထားတယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် မကြီးကန်ရွာကျေးလက်ဆေးပေးခန်းထဲကနေ လက်ပစ်ဗုံး၊ဗုံးသီးအပါအဝင်ခဲယမ်းတွေ၊စစ်ယူနီဖောင်နဲ့ စစ်အသုံးအ ဆောင်ပစ္စည်းတွေ၊ မော် တော်ယာဉ် သုံးစီးနဲ့ ဆိုင်ကယ် ငါးစီး၊ကန်ကြီး ကျေးရွာမူလတန်းကျောင်းထဲကလက်ပစ်ဗုံးတလုံး၊ကားတစီးနဲ့ဆိုင်ကယ်လက်ပစ်ဗုံးတလုံး၊ကားတစီးနဲ့ဆိုင်ကယ် (၁၅)စီးသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

Photo CJ