မတ် ၊ ၃၀
အခုနှစ်ဆန်းးကစလို့လက်ရှိအထိ သုံးလတာအတွင်း စားအုန်းဆီအပါအဝင်အခြေခံစားသောက်ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေနဲ့ အိမ်ထောင်ရှင်မတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ကနေ အခုလနောက်ဆုံးပတ်အထိ ပြင်ပဈေးကွက်အတွင်း စားအုန်းဆီစျေးနှုန်းတွေဟာ စစ် ကောင်စီရဲ့ လက်ကား ရည်ညွှန်းဈေးထက် ကျပ်နှစ်ထောင်ကျော်ကနေသုံးထောင်နီးပါးအထိ မြင့်တက်နေပါ တယ်။
လက်ရှိမတ်လ ၂၈ရက်ကနေ ဧပြီလ ၂ရက်အထိ စားအုန်းဆီတပိဿ ကျပ် ၄၄၄၀ ဖြစ်တယ်လို့ စစ်ကောင်စီက အ ခြေခံလက်ကားရည်ညွှန်းဈေးသတ်မှတ်ထားပေမယ့် ပြင်ပလက်လီဈေးကွက်မှာတော့ ကျပ် ၇၂၀၀ဝန်း ကျင်အထိ ပေါက် ဈေးရှိနေတာပါ။
“ဆီစျေးတက်တော့လူတွေကဝယ်မစားနိုင်ကြတော့ဘူး၊ဆန်စျေးကလည်းအခုထိတက်နေတုန်းပဲ၊ချက်ပြုတ်ဖို့ကိုအရင်ကတပိဿာလောက်ကိုအေးဆေးဝယ်လို့ရတယ်၊အခုကတော့ ကိုယ်နိုင်သလောက်ကိုပဲဝယ်နိုင်တော့တယ်” လို့ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးကပြောပါတယ်။
ဒါ့အပြင် ဆန်စျေးနှုန်းတွေမှာလည်းဆန်ချောဖြစ်တဲ့ရွှေဘိုပေါ်ဆန်း (အဟောင်း) တအိတ် ကျပ်ငါးသောင်း ကနေ အခု တသိန်းကျပ်၊ရွှေဘိုပေါ်ဆန်း (ဆန်အသစ်)တအိတ် ကျပ်ငါးသောင်းကနေ အခုကိုးသောင်း ကျပ်နှစ်ဆ လောက်ဈေးမြင့်တက်လာတယ်လို့သိရပါတယ်။
ဧရာဝတီပေါ်ဆန်းအုပ်စုဝင်တွေအနေနဲ့ ဆန် (အသစ်)တ အိတ်ကို ကျပ် ၅၈၀၀၀ ကနေအခု ၇၃၀၀၀ ကျပ်နဲ့ဆန် ကြမ်းဖြစ်တဲ့ငစိန်၊ ဇီယာ အုပ်စုဝင် အသစ် တအိတ်ကို ကျပ် ၄၈၀၀၀ကနေ အခု ၆၅၀၀၀ ကျပ်အထိဖြစ် နေတယ် လို့ရန်ကုန်နဲ့ပုသိမ်မြို့ရှိ ဆန်ဒိုင်တွေဆီကသိရပါတယ်။
နွေစပါးရိတ်သိမ်းချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလနဲ့အခုမတ်လအတွင်း စပါးအထွက်နှုန်း ကျဆင်းနေတာကြောင့် စပါး ထွက်နှုန်းအပေါ်လိုက်ပြီးဆန်အသစ်စျေးနှုန်းတွေဟာအရင်နှစ်တွေကထက် စျေးပိုမိုမြင့်တက်လာတယ်လို့ လည်း ပုသိမ်မြို့ရှိဆန်ဒိုင်လုပ်ငန်းရှင်တဦးကဆိုပါတယ်။
“ဆန်စျေးတွေတက်တယ်ဆိုတာအခုနွေစပါးတွေအထွက်နှုန်းကျတာနဲ့လည်းဆိုင်တယ်၊အရင်နိုင်ငံရေးငြိမ်တုန်းကစပါးအထွက်နှုန်းကကောင်းတော့ ဆန်အသစ်စျေးတွေကအကျမှာပဲရှိနေတယ်၊အခု တချို့နေရာတွေက စပါး မ စိုက်နိုင်တာရယ်ဧရာဝတီကနေပဲစပါးတွေဆန်တွေကုန်သည်တွေကအဝယ်ကြမ်းနေတော့ဆန်စျေးတွေမတရားတက်သွားတာ။ပြန်ကျဖို့တော့မမြင်ရသေးဘူး” လို့ သူကဆိုပါတယ်။
ဆန်ချောနဲ့ဆန်ကြမ်းအများဆုံးစိုက်ပျိုးတဲ့စစ်ကိုင်းတိုင်းဒေသမှာ စစ်ရေးပဋိပက္ခ တွေကြောင့်စပါးအထွက်နှုန်း ကျဆင်းနေသလိုဧရာဝတီတိုင်းမှာလည်းရာသီဥတုမမှန်တာ၊စိုက်ပျိုးရေးသွင်းအားစုဖြစ်တဲ့ ပိုးသတ်ဆေး၊ပေါင်း သတ်ဆေးနဲ့ဓာတ်မြေသြဇာစျေးနှုန်းတွေကြောင့် စပါးထွက်နှုန်းကျဆင်းလာတယ်လို့ တောင်သူတွေက ပြောပါ တယ်။
အရင်နှစ်က တဧက ပျှမ်းမျှ၉၃ တင်းအထိထွက်ရှိ ခဲ့ပေမဲ့ အခုနှစ်မှာတော့ တင်း၇၀လောက်သာထွက်ရှိ နိုင်တော့ တယ်လို့ ကန်ကြီးထောင့်မြို့ ဝါးဒူးကျေးရွာကတောင်သူတဦးကပြောပါတယ်။
“ရာသီမမှန်တာကအဓိကဖြစ်တာ၊ဓာတ်မြေသြဇာတွေပေါင်းသတ်ဆေးတွေစျေးတက်တော့ပိုဆိုးတယ်၊ဒီနှစ်နွေစပါးကလုံးဝအရှုံးပေါ်တယ်၊ နောက်နှစ်နွေစပါးစိုက်ဖို့ကိုအခုအခြေအနေနဲ့ဆိုရင်တော့မလွယ်တော့ဘူး” လို့ သူက ဆိုပါတယ်။
အခြေခံစားသောက်ကုန် တွေမှာလည်း ကြက်သွန်နီ တပိဿာကို အရင် ၁၀၀၀ ကျပ်က နေအခု ၂၅၀၀ကျပ် ၊ကြက်သွန်ဖြူ တပိသာ ၄၀၀၀ကနေ ၇၀၀၀ ကျပ်၊ ဆားတပိဿာ ၂၀၀ ကျပ်ကနေအခု ၄၀၀ ကျပ် အထိစျေးနှုန်း တွေမြင့်တက်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ အခြေခံစားသောက်ကုန်တွေထဲက စားအုန်းဆီနဲ့ဆန် စတာတွေကို စျေးနှုန်း ထိန်းချုပ် နိုင်ဖို့ကြိုးစားနေပေမယ့် လက်ရှိပြည်တွင်းနိုင်ငံရေးအခြေအနေအရ စျေးနှုန်းမတည်ငြိမ်မှုတွေ ဆက်ရှိ နိုင်မယ်လို့ ကုန်သည်တွေကခန့်မှန်းထားကြပါတယ်။
အာဏာသိမ်းပြီးနောက် စီးပွားရေး တိုးတက်မှုတွေရှိလာတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြော လေ့ရှိ ပေမယ့် ကုလ သမဂ္ဂရဲ့ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် UNDPရဲ့အစီရင်ခံစာတရပ်မှာတော့ ၂၀၂၁ကစတင်တဲ့ စီးပွား ရေးကျဆင်းမှုကြောင့် ဆင်းရဲနွမ်းပါးမှု သိ သိသာ သာမြင့်တက်လာပြီး အကျိုးဆက်တွေကို ရန်ကုန်ဧရိယာ တွေမှာတောင် ခံစားနေရတယ်လို့ ဖော်ပြပါတယ်။
ရန်ကုန်မြို့က လူသုံးထောင်လောက်ကို စစ်တမ်း ကောက်ယူခဲ့တဲ့အချက်အလက်တွေအရ ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရသူတွေရှိနေတယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့ (UNDP)ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထွက်ခွာသွားတာ၊ကုန်ထုတ်စက်ရုံတွေပိတ်သိမ်းသွားကြတာတွေကြောင့် အလုပ် လက် မဲ့ဦးရေမြင့်တက်လာသလို လောင်စာဆီဈေးနှုန်းနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာ တာတွေ ကြောင့် လူမှုစီးပွားအခြေအနေတွေကိုပိုဆိုးစေတယ်လို့ UNDP က ထောက်ပြထားပါတယ်။