အကျပ်အတည်းအောက်က လူထုအတွက် ဆန်တပြည် ၊ ကြက်ဥတကဒ် ငွေတရာ September 4, 2023 သတင်းဆောင်းပါး စက်တင်ဘာ၊ ၄ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အထွေထွေ အကျပ်အတည်း တွေကြားမှာ အခြေခံလူတန်းစား တွေအတွက် အခြေခံစားကုန်တွေကို ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတဲ့ လှူဒါန်းမှု အစီအစဉ်တွေ ပြန်လုပ်လာကြပါတယ်။ ဆန်တပြည်ကို ငွေကျပ် ၇၀၀၀ ပတ်ချာလည် ရှိနေချိန်မှာ အခြေခံလူတန်းစားတွေကို ကူညီလိုသူတွေက ငွေကျပ် ၁၀၀ နဲ့ ရောင်းချပေးတာကြောင့် လိုအပ်လိုသူတွေ များပြားပေမယ့် လှူဒါန်းပေးနိုင်သူတွေမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့လထဲမှာလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ထဲမှာရှိတဲ့ အနှေးယာဉ်လုပ်သားတွေကို ဆန်တပြည် ငါးပိတဗူး ငွေတထောင်ကျပ်နဲ့ အလှူရှင်တချို့က ရောင်းချပေးခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့မှာလည်း ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်မှာရှိတဲ့ Aladdin Men Fashion ဆိုင်က အသက် ၆၀ ကျော် အဖိုးအဖွားတွေကို ဆန်ပြည် ငွေတရာကျပ်၊ ကြက်ဥတကတ် ငွေတရာကျပ်နဲ့ အယောက် ၃၀၀ စာ ရောင်းချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် တတိယလှိုင်း ကာလမှာဆိုရင်လည်း အလှူရှင်တချို့က ရန်ကုန်မြို့က ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အခြေခံစားကုန်တွေကို တန်ဖိုးနည်းငွေနဲ့ ရောင်းချပေးတဲ့ ပြည်သူမှ ပြည်သူသို့ ဆိုတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအောက်မှာတော့ ငွေလဲလှယ်နှုန်းတွေ မြင့်တက်တာ၊ ငွေကြေးဖောင်းဖွတာတွေရဲ့ နောက်ဆက်တွဲ ရိုက်ခက်မှုတွေမှာ သက်ရောက်မှုများစွာ ရှိခဲ့သလို လူထု နေ့စဉ် စားသောက်ဝယ်ယူနေတဲ့ အခြေခံစားကုန်တွေဟာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကတော့ စီးပွားရေး တိုးတက်နေကြောင်း မိန့်ခွန်းတိုင်းမှာ ထည့်ပြောနေသလို ကုန်ဈေးနှုန်းတက်တာ ဈေးကစားသူတွေကြောင့်လို့ အမြဲလိုလို စွပ်စွဲပြစ်တင်လေ့ ရှိကြပါတယ်။ ဓာတ်ပုံ – ခွန်ရိပ်ဟိန်း Aladdin Men Fashionကုန်စျေးနှုန်းဆင်ခြေဖုံးအခြေခံလူတန်းစား
ဆောင်းပါး မိုးထိအောင်လှေကားထောင် ကုန်းစျေးနှုန်းနဲ့ တန်းစီတိုးစားနေရတဲ့ ဘဝများ September 13, 2023 ဆောင်းပါး စက်တင်ဘာ၊ ၁၃ မြန်မာနိုင်ငံမှာ အဓိက စားသုံးကုန်ဖြစ်တဲ့ ဆန်နဲ့ စားသုံးဆီကို တန်းစီတိုးဝှေ့ပြီး ဝယ်ယူနေရတဲ့ မြင်ကွင်းဟာ စီးပွားရေးမြို့တော် ရန်ကုန်မြို့အပါအဝင် မြို့နယ်တော်တော်များများမှာ ပုံမှန်မြင်နေကျ မြင်ကွင်းလို ဖြစ်လာလို့ နေပါပြီ။ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ရခိုင်ပြည်မှာ တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းတွေမြင့်တက်၊ လူတထောင်ဝန်းကျင်လမ်းမှာ ပိတ်မိနေ November 14, 2023 ဒေသအလိုက် သတင်းကဏ္ဍ နိုဝင်ဘာ ၊ ၁၄ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီ တပ်က လမ်းတွေပိတ်ဆို့ထားတဲ့အတွက်ကုန်စျေးနှုန်းတွေ မြင့်တက်လာသလို စစ်ရှောင်တွေ၊ ပိတ်မိနေသူတွေရှိတယ်လို့ ယာဉ်မောင်းတွေ၊ ခရီးသည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ တနှစ်နီးပါးရပ်ထားတဲ့စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည်တွင်း [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး အာရှလမ်းပိုင်း မြေပြိုမှုတွေထပ်ဖြစ်လို့ ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ဒေသတွင်းကုန်ဈေးနှုန်းတက် August 9, 2023 နိုင်ငံရေး သြဂုတ်၊ ၉ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ လိမ့်ဆင်းမှုကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော်ရေတံခွန်း အနီး အာရှလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက အကျယ် ပေ ၁၀၀ [ဆက်လက်ဖတ်ရှုရန်]