မတ်၊ ၂၆
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီကနေ့ မတ်လ ၂၆ ရက် တရက်တည်းမှာတင် ဓါးပြတိုက်လုယက်မှု နှစ်ခုဆက်တိုက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
မုံရွာမှာဒီကနေ့မတ်လ၂၆ရက်နေ့ မနက်၁၀နာရီဝန်းကျင်က ကွေ့ကြီးရပ်ကွက်ကဆင်မင်း (၃)တောင်ဘက် ချင်းတွင်းကုန်စုံဆိုင်ကိုPDF အယောင်ဆောင်ပြီးဓားပြမှုဖြစ်ပွားခဲ့တယ်လို့ အနီးနားကဒေသခံတဦးကDNA ကိုပြောပါတယ်။
“ဆိုင်ထဲမှာအမျိုးသားမရှိတဲ့အချိန်ဆိုင်ကယ်၃စီးနဲ့ဘောလုံးဘောင်းဘီဝတ်ထားတဲ့အမျိုးသား၃ယောက်ရောက်လာပြီးတယောက်ကအတိုတလက်ပါတယ်ပြောတယ်။ဆိုင်ရှင်အမျိုးသမီးလည်ပင်းကိုကတ်ကြေးနဲ့ထောက်ပြီးဓာမြတိုက်သွားတာလို့သူကဆိုပါတယ်။
ဆိုင်မှာရှိတဲ့ဖုန်း၃လုံးနဲ့မနက်ခင်းပိုင်းရောင်းရငွေတွေကိုယူဆောင်သွားခဲ့တယ်လို့ Monywa Roads Information ရဲ့ပြောပြချက်တွေအရသိရပါတယ်။
အဆိုပါချင်းတွင်းကုန်စုံဆိုင်ဟာမုံရွာမြို့ရဲ့အဓိကလူစည်ကားရာလမ်းမကြီးတွေထဲကတခုအပါအဝင်ဖြစ်တဲ့ဗိုလ်ချုပ်လမ်းပေါ်မှာတည်ရှိပါတယ်။
ဓားမြတိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကိုစစ်ကောင်စီတပ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာစစ်ဆေးမေးမြန်းတာမရှိဘူးလို့လည်းသိရပါတယ်။
“PDF လို့ ထင်ယောင်ထင်မှား ဖြစ်အောင် Chang Beer တွေရောင်းတာသတိထားနေလို့လည်း ကြိမ်းသွားတယ်လို့လည်း”သူကဆက်ပြောပါတယ်။
ဒါ့အပြင်ဒီကနေ့ညနေ၃နာရီခွဲအချိန်ကလည်း မုံရွာမြို့ကန်သာယာကသမီးရည်းစားစုံတွဲကို လူ၄ယောက်ကကားတစီးနဲ့သေနတ်ဖောက်ပြီးဆိုင်ကယ်လုယူခဲ့မှုဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်လာရောက်တဲ့ခရီးစဉ်ကြောင့်လုံခြုံရေးတင်းကြပ်ထားတဲ့ပြီးခဲ့တဲ့မတ်လ၂၁ရက်နေ့ကလည်းမုံရွာမြို့အောင်မင်္ဂလာရပ်ကွပ်ကပေါ်ဦး၂ရွေဆိုင်ကိုဓားပြတိုက်ခံခဲ့ရပါတယ်။
ဒါ့အပြင် မနေ့က မတ်(၂၅)ရက်မှာလည်း မုံရွာမြို့ ပြည်တော်သာရပ်ကွက် (ယခင် အက်တောကျေးရွာ)က နေအိမ်တစ်အိမ်မှာ ဓားပြမှု ဖြစ်ပွားခဲ့ပြီး လူရှစ်ဦးက လက်နက်တွေကိုင်ကာ နေအိမ်အတွင်း ဝင်ရောက်ပြီး ကားတစီး၊ ဆိုင်ကယ်နှစ်စီး၊ ဖုန်းနဲ့ ပိုက်ဆံတွေ ယူဆောင်သွားကြတယ်လို့ ဒေသခံတဦးကဆိုပါတယ်။
မုံရွာမြို့ပေါ်မှာဓားပြမှုတွေအပြင်ခိုးဆိုးလုနိုက်မှုတွေကတော့နေ့စဉ်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
“မုံရွာမှာစစ်အုပ်ချုပ်ရေးကြေငြာထားတာညဘက်တွေအပြင်ထွက်ရင်ပစ်မိန့်ရှိတယ်။ပစ်သတ်တာတွေရှိတယ်။ဘယ်သူကမှည၈နာရီကနေမနက်၄နာရီကြားမှာမထွက်ရဲကြဘူး။ထွက်တဲ့ကောင်တွေကခိုးဆိုးလုနှိုက်နဲ့ဓားမြတွေပဲ။သူတို့နဲ့စစ်အုပ်စုကလက်ဝါးရိုက်ထားတာ”လို့မုံရွာမြို့ကဒေသခံတဦးကပြောပါတယ်။
မုံရွာမှာဒုစရိုက်မှုလုပ်သူ(၄၀)ဝန်းကျင်ကိုNUGလက်အောက်ခံ၊ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဖမ်းဆီးထားပြီး NUG ရဲ့တရားရုံးမှာဥပဒေနဲ့အညီဖမ်းဆီးထောင်ချအရေးယူတာတွေကိုလဲပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာစစ်အာဏာသိမ်းပြီးချိန်မှစတင်ပြီးဒုစရိုက်မှုတွေကိုစစ်တပ်နဲ့ရဲကဖမ်းဆီးထောင်ချတာမရှိတာကြောင့်ဒေသခံပြည်သူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပဲဖမ်းဆီးစစ်ဆေးအရေးယူနေရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။
“AAPP ကနေ့တိုင်းအာဏာသိမ်းပြီးချိန်ကနေစတင်ပြီးဘယ်နှစ်ဦးဖမ်းဆီးခံထားရတယ်ဆိုတာနေ့စဉ်တင်တယ် ။အဲ့ဒီဖမ်းဆီးခံရသူတွေထဲမှာခိုး ဆို လု နှိုက်၊ဒုစရိုက်သမားဘယ်နှစ်ဦးပါလို့လည်း၊အားလုံးကဆရာဝန်၊ရှေ့နေနဲ့ကျောင်းသားလူငယ်ပညာတတ်ကြည့်ပဲ။လွတ်ငြိမ်းဆိုပြီးဒုစရိုက်သမားတွေကိုလွှတ်ပြီးထောင်ခါပညာတတ်တွေကိုဖမ်းထားမတော့ဒုစရိုက်မှုပေါလာတာမဆန်းဘူး”လို့ ဒေသခံတဦးကပြောပါတယ်။
မုံရွာမြို့တွင်းကဒေသခံတွေဟာနေ့စဉ်သခိုး ဓားမြရန်တွေကိုကြောက်လန့်နေကြရတဲ့အပြင်စစ်ကောင်စီရဲ့အကြောင်းမဲ့ဖမ်းဆီးငွေညှစ်တာတွေကိုလည်းနေ့စဉ်ကြုံတွေ့နေကြရပါတယ်။
မုံရွာမြို့တွင်းမှာ၂၀၂၃ခုနှစ်အစကနေ ဒီကနေ့အထိသုံးလကျော်အတွင်းဓားမြမှုပေါင်း၁၀ခုထက်မနည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။