မတ်၊ ၂၁
မကွေးတိုင်း၊ရေစကြိုမြို့နယ်ထဲကရေလယ်ကျွန်းရှိမီးလောင်ကျွန်းမြောက်ရွာကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်စီးနင်းကာအသက် ၅၈ နှစ်အရွယ် ဒေသခံတဦးကိုပစ်သတ်ခဲ့သလို တဦးပျောက်ဆုံးနေပြီး အနီးအနားရွာကစစ်ရှောင်လာနေကြတဲ့ပြည်သူတွေကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
“ရွာခေါင်းရင်းကနေပစ်ခတ်ပြီးဝင်ချလာတာလာ။လာရှောင်နေကြတဲ့ရွာကပြည်သူတွေကပြေးဖို့လွှားဖို့ကျတော့နယ်မြေမကျွမ်းတော့အကုန်ပိတ်မိကုန်ပြီးအဖမ်းခံရတာ။ဦးမောင်ဟန်ကိုကျအနောက်ကနေပစ်သွားတာအလောင်းတွေ့တော့ဘုန်းကြီးကျောင်းနားမှာပဲ။ဖမ်းခံရတဲ့သူတွေတော့သူတို့ပြန်ထားခဲ့တယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာပဲကျေးရွာဘုန်းကြီးကျောင်းထဲမှာစစ်ရှောင်ရင်းရောက်ရှိနေတဲ့ရွှေလှိုင်၊ဇရပ်နီအစရှိတဲ့ကျေးရွာတွေကကအရပ်သားတွေအပါအဝင်ဒေသခံတွေကိုပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာဝင်ရောက်စီးနင်းစဉ်အတွင်းကျေးရွာထဲကလူနေအိမ်အချို့ကိုမီးတင်ရှို့ခဲ့သလို၊အမျိုးသမီး ၁၆၀ ၊ အမျိုးသား ၇၀ ကျော်
ဖမ်းဆီးပြီးစစ်ဆေးခဲ့တဲ့အပြင်အဲ့ဒီ့ထဲကစစ်ရှောင်ပြည်သူအချို့ကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
အဲ့ဒီ့ပစ်ခတ်ဖမ်းဆီးမှုအတွင်းစစ်ရှောင်ပြည်သူ ၇၀ နီးပါးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းပြန်လွှတ်ပေးပေမယ့် မီးလောင်ကျွန်းမြောက်ရွာ ဒေသခံတဦးဖြစ်တဲ့ အသက် (၅၈) နှစ်အရွယ်ဦးမောင်ဟန်ဆိုသူသေဆုံးခဲ့ပြီး ၊ လူငယ်တဦးအပြင်းအထန်ဒါဏ်ရာရခဲ့သလို ၊ဒေသခံတဦးလဲပျောက်ဆုံးနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
ဒီအခြေအနေဲ့ပါတ်သတ်ပြီးရေစကြိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက “ကျတော်တို့သိရသလောက်တော့နှစ်ဦးအသတ်ခံရတယ်။သူတို့ဖမ်းဆီးစစ်ဆေးတုန်းကရိုက်နှက်ခံရတဲ့ပြည်သူတွေလဲရှိတယ်။ပြန်တော့လွှတ်ပေးတာဟုတ်တယ်။ဒါပေမယ့်ဘယ်လောက်ပြန်လွှတ်တယ်။ဘယ်လာက်ဖမ်းခေါ်သွားတယ်ဆိုတာကျတော်တို့အတည်ပြုဖို့လုပ်နေဆဲပဲ” လို့ DNA ကိုပြောပါတယ်။
လက်ရှိမှာစစ်ကောင်စီတပ်တွေဟာမြောင်မြို့နယ်ထဲကပန်းညိုရွာကိုရောက်ရှိနေပြီးမီးတင်ရှို့တာတွေပြုလုပ်နေပြီးမီးလောင်ကျွန်းမြောက်ရွာကအရပ်သားဒေသခံတွေဟာပြန်လည်ဝင်ရောက်ပြီးပျောက်ဆုံးနေသူတွေကိုရှာဖွေတာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။
အဲ့ဒီ့စစ်ကောင်စီစစ်ကြောင်းဟာမိတ္ထီလာမြို့အခြေစိုက်တပ်မ(၉၉)လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး မတ်လ လဆန်းပိုင်းလောက်ကစလို့ စစ်ကိုင်းနယ်၊တာတိုင်ရွာကအရပ်သား ယောကျာ်းလေး ၁၄ ဦး နဲ့အမျိုးသမီး ၃ဦးတို့ကို မုဒိမ်းကျင့်သတ်ဖြတ်တာ၊မြင်းမူနယ်၊လက္ကပင်ရွာမှလည်း ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် အရပ်သား ၇ ဦးတို့ကို သတ်ဖြတ်ခဲ့ကြတဲ့ စစ်ကြောင်းဖြစ်တယ်လို့လဲဒေသခံတွေရဲ့အတည်ပြုချက်အရသိရပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ ၂ နှစ်ကျော်ကာလမှာ စစ်ကောင်စီဟာ လူငါးဦးအထက်ကျော်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၆၄ မှုကျူးလွန်ထားပြီး လူပေါင်း ၇၆၆ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ မတ်လ ၂၀ ရက် မနေ့က အထိ စစ်ကောင်စီကြောင့် လူပေါင်း ၃၁၄၆ ဦးသေဆုံးခဲတယ်လို့ ထုတ်ပြန်ထားပါတယ်။