တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

မတ်၊ ၁၄

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင် ငံအနှံ့မှာ ဆက်ရှိနေပါတယ်။

ဒီကနေ့ ရန်ကုန် ရွှေပြည်သာနဲ့ လှိုင်သယာမြို့နယ်တွေမှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု နှစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ်သပိတ်လှုပ်ရှားမှုတွေရှိခဲ့ပါတယ်။

ပြည်ပမှာလည်း တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်၊ဂျပန်နိုင်ငံ ရောက် မြန်မာတွေနဲ့ ဂျပန်နိုင်ငံသားတချို့ကလည်း စစ်ကောင်စီပေးတဲ့ဘွဲ့ကိုလက်ခံခဲ့တဲ့ ဂျပန်-မြန်မာအသင်း ဥက္ကဌ ဝါတာနာဘေးကို ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံ မီလန်မြို့လယ်မှာလည်း စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ ၃၅နှစ် မြောက် အထိမ်းအမှတ်အဖြစ် ကျဆုံးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီသူရဲကောင်းတွေအတွက် ဆုတောင်းတဲ့လှုပ်ရှားမှု တခုရှိခဲ့ပါတယ်။

ပြည်တွင်းမှာ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများ စုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။

ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန် အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်းလုံး၊ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တွေမှာလည်း ဒီကနေ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေရှိပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သ ပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။


ဓာတ်ပုံ – သပိတ်ကော်မတီများ