မတ်၊ ၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း၊ တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးမှာလုံခြုံရေးယူနေတဲ့ စစ်သား တွေ က ဒီကနေ့ မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ကားတစီးနဲ့ ဆိုင်ကယ်တစီးကို ပစ် ခတ်ခဲ့တာကြောင့် လူငယ်တဦးသေဆုံးပြီး ကားမောင်းလာတဲ့အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။
“ပထမဦးဆုံးကားအပစ်ခံရတာ၊မှန်ချမမောင်းလို့ပစ်တာပြောတယ်၊မျက်လုံးတဖက်အကြောကိုထိသွားတယ်၊ ကား နဲ့ လာတဲ့သူက မွန်ထာဘက်ကပါ” လို့ ကလေးမြို့တောင်ဇလပ်ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။
ပစ်ခတ်ခံရပြီး ကျည်ထိမှန်ဒဏ်ရာရသူဟာ ကလေးမြို့တောင်ဖီလာဘက်၊ မွန်ထာရပ်ကွက်မှာနေ ထိုင်သူတဦး ဖြစ်တယ်လို့သိရပါတယ်။
ကားကိုပစ်ခတ်ပြီးမကြာမီ ဆိုင်ကယ်တစီးတည်းနှစ်ယောက်စီးလာတဲ့လူငယ်နှစ်ဦးကိုလည်း စစ်သားတွေက ထပ်မံ ပစ်ခတ်ရာမှာ နောက်ကလိုက်စီးသူကိုကိုထိမှန်ခဲ့တယ်လို့ တောင်ဇလပ်ရပ်ကွက်နေသူတွေ ဆီကသိ ရပါတယ်။
“ဆိုင်ကယ်စီးလာတဲ့ ကလေးတွေမှန်တာက ရုံးနဲ့နည်းနည်းဝေးတယ်၊သူတို့လန့်ပစ်ပစ်တာ၊ ကလေးတယောက် သေတာ သူတို့အလောင်းဆီမလာရဲဘူး၊အလောင်းကို အခြားကလေးနှစ်ယောက်ကလာယူသွားတာ၊ ကလေးတွေ ကိုကျွန်တော်တော့မသိဘူး” လို့တောင်ဇလပ် ရပ်ကွက်မှာနေထိုင်သူကပြောပါတယ်။
ကလေးမြို့ခံတချို့ကတော့ သေနတ်မှန်သေဆုံးတဲ့လူငယ်ဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး အဆိုပါလူငယ်ရဲ့ရုပ်အလောင်းကို ဒေသခံကာကွယ်ရေးလူငယ်နှစ်ဦးကပဲလာရောက်သယ်ဆောင်သွားတာဖြစ် တယ်လို့ပြောကြပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ကလေးမြို့အနောက်ပိုင်းဆည်မြောင်းရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြပြောက်ကျား အဖွဲ့ တွေက ပြီးခဲ့တဲ့နှစ်လအတွင်း တိုက်ခိုက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့လို့ စစ်သားခြောက်ဦးသေဆုံးကာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။
“အဲ့ဒီကတည်းက သူတို့က standby ပြင်ထားပြီးသား၊လာရင်ပစ်မယ်ပေါ့၊အဓိက ကတော့ဘူတာဘက်ကလာတဲ့ လမ်းကိုပိုဂရုစိုက်တယ်၊ဒီနေ့ဖြစ်တဲ့ဟာပေါ့၊ကျွန်တော်တို့ရပ်ကွက်ထဲကဟာတွေတောင် ဒီလမ်းသိပ်မသွားဘူးဗျ ” လို့ ဘူတာအနီးဝန်းကျင်မှာနေထိုင်တဲ့ဒေသခံတဦးကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်နဲ့ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်သားတွေ မကြာခဏတိုက်ခိုက် ခံရလေ့ရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင်တွေသေဆုံးထိခိုက်တာရှိသလို အရပ်သားထိခိုက်မှု တွေလည်းရှိခဲ့ တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း တောင်ဇလပ်ရပ်ကွက်ဆည်မြောင်းရုံးဝန်းကျင်တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြား ပြည်သူနှစ်ဦးဒဏ်ရာရပြီး တဦးသေဆုံးခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။ Photo – CJ
ပုံစာ – အာဏာသိမ်းမှုကာလအစောပိုင်းက ကလေးမြို့မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ