ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ရွာနှစ်ဆယ်ကျော်က ပြည်သူတသောင်းခွဲတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မြောက်ဘက်၊ချပ်သင်းတိုက်နယ်အရှေ့ခြမ်းရွာတွေကို စစ်ကောင်စီက စစ် ကြောင်းနှစ်ခုညှပ်ပြီး စစ်ကြောင်းထိုးနေလို့ ရွာ(၂၂)ရွာက ပြည်သူတသောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသတွင်းစစ်ရှောင်သတင်းတွေဖော်ပြပေးနေတဲ့ Infinity Group က ကိုအနဂ္ဂကDNA ကို ပြော ပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီနယ်ထဲမှာ အင်အား (၁၅၀)ဝန်းကျင်ပါ စစ်ကြောင်းတကြောင်း၊အင်အား(၅၀)ဝန်းကျင်ပါ စစ် ကြောင်းတကြောင်းတို့နဲ့ စစ်ကြောင်းညှပ်ထိုးကာ ရွာမီးရှို့မှုတွေလုပ်နေတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါ ရီ (၆)ရက် မနက်ပိုင်းမှာလည်း ပိ တောက်ပင်ရွာနဲ့ အုတ်ခင်းရွာတောင်ဘက်က စစ်ရှောင်တဲတိုက်တွေကို မီးရှို့ ဖျက်ဆီးနေ တယ်လို့ သူကပြော ပါတယ်။

“ချပ်သင်းတိုက်နယ်ဘက်ကိုစစ်ကြောင်းထိုးတာကတလကျော်သွားပြီ၊နောက်စစ်ကြောင်းတခုကတော့စစ်ကြောင်းထိုးနေတာသုံးရက်ရှိပြီ၊ချပ်သင်းတိုက်နယ်ကိုဖြတ်ပြီးအရှေ့ဘက်ကိုစစ်ကြောင်းထိုးနေတာ စစ်ကြောင်းနှစ် ကြောင်းညှပ်ထိုးနေတော့ကြားထဲကရွာတွေရှောင်ရတာပေါ့”လို့ ကိုအနဂ္ဂကပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့် ဒေသခံတွေဟာ ရိက္ခာနဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို တိမ်းရှောင်နေထိုင်ရာ တဲတိုက်တွေဆီရွှေ့ပြောင်းသိမ်းဆည်းထားတာမျိုးလုပ်လေ့ရှိတဲ့အတွက် စစ်ကောင်စီက စစ်ရှောင်တဲတိုက်တွေကိုပါ မီးရှို့ဖျက်ဆီးလာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစီဟာ ကန့်ဘလူမြောက်ခြမ်းကို ဇန်နဝါရီ(၆)ရက်ကတည်းကစလို့ တလကြာ ဆက်တိုက်စစ်ကြောင်း ထိုးနေတာကြောင့် ဒေသတွင်း စစ်ဘေးရှောင်ဦးရေမြင့်တက်လာနေပြီး ရိက္ခာ၊အဝတ်အထည်၊အမိုးအကာနဲ့ ဆေး ဝါးတွေလိုအပ်နေကြတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ကန့်ဘလူခရိုင်ထဲက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေထဲ စစ် ကြောင်း ထိုးကာ ကျေးရွာ ဆယ်ရွာက ပြည်သူပိုင်နေ အိမ် (၂၉၀)ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ(၁၅) ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှား သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။