တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်တို့ ဒီကနေ့ တောင်ကိုရီယားနိုင်ငံက ကိုရီးယားဒီမိုကရက်တစ်အလုပ်သမားပါတီခန်းမဆောင်မှာ ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
‘’အဓိက ကတော့ လက်ရှိတော်လှန်ရေးအကြောင်းပါပဲဗျ၊ အလွတ်သဘောတွေ့ဆုံတဲ့သဘောပါ။ မြန်မာတွေကလည်း သိလိုရာမေးပေါ့’’ လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီက ကိုဆန်းမျိုးလွင်ကပြောပါတယ်။
အဲဒီပွဲကို တောင်ကိုရီးယားရောက်မြန်မာ ၁၀၀ ဝန်းကျင်တက်ရောက်ပြီး လက်ရှိတော်လှန်ရေးကို ဘယ်လိုပုံစံသွားရင်အောင်မြင်မလဲဆိုတာကို ဆွေးနွေးသွားကြတယ်လို့လည်း ပြောပါတယ်။
“အဓိက က လက်ရှိ တော်လှန်ရေးကြီးုကိုဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာဆွေးနွေးသွားတာ၊ အမေးရောအဖြေရော တော်လှန်ရေးအောင်မြင်ဖို့ ပဲ မေးခွန်းတွေမေးသွားတာ’’ လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ- တောင်ကိုရီးယားရဲ့ လူငယ်ဥက္ကဌ ဦးတင်အောင်ဌေးက ပြောပါတယ်။
ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော်မှာ ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့တာပါ။